You are viewing a single comment's thread from:

RE: အရွက်ကြီးကစိမ်း ဘာပင်ကြီးလဲ?

in HIVE-MYANMAR3 years ago

အရွက်ကြည့်ရတာ ရေသဖန်းပင် အရွက်နဲ့ ခပ်ဆင်ဆင်ပဲ.... ရေသဖန်းပင် ၂ မျိုးရှိတယ်။ ရေသဖန်းသီး အကြီးမျိုးနဲ့ အသေးမျိုး။ ရေသဖန်း ပင် အသေးက အပင်ရဲ့ ကိုင်းတွေမှာ အသီးသေးသေးလေတွေနဲ့ မှည့်ရင် အဝါရောင် အဆင်းရှိတယ်။ ရေသဖန်း အကြီးက ပင်ခြေရဲ့ ပင်စည်မှာပဲ အသီးတွေ ပြွတ်ပြီးသီးတာ။ အသီးက လူကြီး လက်သီးလုံးလောက်ရှိပြီး မှည့်ရင် ပန်းဆီရောင် ပြောင်းသွားတယ်။ အလွန်စားလို့ကောင်းသလို အသီးထဲမှာ သဘာဝ ဂျယ်လီ လည်းပါပါတယ်။

ရေသဖန်းသီး အကြီးမျိုးက ရှားပါတယ်။ မြစ်ဘေး ကမ်းဘေးတွေမှာ ပေါက်လေ့ ရှိသလို ကချင်တွေက သူ့ရဲ့ အရွက်ကို သားငါးရောင်းတဲ့ နေရာမှာ ထုပ်တဲ့ ဖက်ရွက် အဖြစ် အသုံးပြုကြပါတယ်။ ဦးထွေး အပင်ကို ကြည့်ရတာ ရေသဖန်း အပင်ကြီးမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း တောတောင် တွေနဲ့ ဝေးနေတော့ မှားကောင်း မှားနိုင်ပါတယ်။

Sort:  

အပင်အောက်မှာ ဥကြီး ရှိတယ် ခုတ်လိုက်ရင် ပြန်ပေါက်လာတယ်။
အပွင့်က အဝါရောင်ပွင့်တယ်ကိုဟင်။ အသီးသေးသေးလေးတွေ သီးတယ်။
မိုးရာသီးမှာ ပြန်ပေါက်လာတာ။

အပင်အောက်မှာ ဥ ရှိတယ်ဆိုရင် တော့ သေချာတယ် ရေသဖန်းပင် မဟုတ်ဘူး။