စာရေးခဲ့ကြသူများ ( Henry Aung )

မင်္ဂလာပါ။ ယခုတလော စာများ အဆက်မပြတ် ရေးနေရသည် ဆိုတော့ ဘာရယ်မဟုတ် ကျွန်တော် အထက်တန်း ကျောင်းသား အရွယ်ဘဝအား သွား၍ သတိရမိပါသည်။ ကျွန်တော်တို့ အထက်တန်း ကျောင်းသား အရွယ်က ယခုကဲ့သို့ ဟန်းဖုန်း များ မပေါ်သေးပါ။ ကြိုးဖုန်း ပင် အိမ်တိုင်းစေ့ မရှိသေးသော အချိန်ကာလဖြစ်ပါသည်။

ဆိုရမည် ဆိုလျင် ကျွန်တော်ကဲ့သို့သော 80 over born မျိုးဆက်သည် ရည်းစားစာ ရေး၍ ရင်ခုန်ခဲ့ကြရသော နောက်ဆုံး မျိုးဆက် ဖြစ်ပါလိမ့်မည်။ ယခု ကဲ့သို့ My Day တွင် ဘာညာ သာတကာ ရေးပြ / Messenger တွင် Hi လုပ်ရုံမျှ ဖြင့် ရည်းစား ရနိုင် အချိန် အခါ မဟုတ်ခဲ့ပါ။

တကယ်ပင် ကြိုးကြိုးစားစား ရည်းစာ စာ ရေးခဲ့ကြရကာ မိမိသဘောကျ နေသော ကောင်မလေး ၏ လက်ခံ စကားပြော ခံလိုက်ရလျင်ဖြင့် ၃ရက်ခန့် ထမင်းမစားပဲ နေနိုင်ခဲ့ပါသည်။ ဤ သည်က ရည်းစားစာ ရေးသည့် အပိုင်း ဖြစ်ပါသည်။

ကျောင်း တက်ချိန် ကျောင်းဆင်းချိန် ခိုးတွေ့ခဲ့ရသည့် အရသာ / စာပေးစာယူ လုပ်ရသော အရသာ အား ယခု နောက်ပိုင်း ၉၀ born များ နားလည် မည်မဟုတ်ဟု ယူဆပါသည်။ ပြောခဲ့ပါပြီကော ကျွန်တော် တို့သည် စာရေးခဲ့ကြသည့် နောက်ဆုံး မျိုးဆက် ပါဟု။

ကျွန်တော်တို့ ၁၀ တန်း English စာတွင် Selected Myanmar Tales အားသင်ခဲ့ရသူများမှာ ကျွန်တော်တို့ နောက်ဆုံး ဖြစ်ပါသည်။ နောက်တနှစ်တွင် သင်ရိုးများ အားလုံး ပြောင်းလည်း သွားပါတော့သည်။ ထို့ကြောင့် ကျွန်တော်တို့ နှစ်တွင် ၁၀ တန်းကျသူများက မသက်သာ ပါ။ နောက်တနှစ်တွင် သင်ရိုး အသစ်နှင့် သင်ကြရသော ကြောင့် ဖြစ်ပါသည်။

Ingunjawa ( The Strong man ) / The Four Young Men / Mr.Po and the Tiger စသည်တို့ အကြောင်းအား ယခု ကာလ ကလူဤသို့ မြူဤသို့ လုပ်နေကြသော ခလေးများ ကြားဖူး ကြမည်ပင် မဟုတ်ပါ။

ကျွန်တော့ အနေဖြင့် ရည်းစားစာ ရေခြင်း ၏ နောက်ဆုံး မျိုးဆက်အဖြစ် ဂုဏ်ယူ ရခြင်းမှာ စာရေးရန် အချက်အလက်ရှာ တတ်လာခြင်း နှင့် စာရေးရန် မကြောက်တော့ခြင်း ပင်ဖြစ်ပါသည်။

ရည်းစားစာ ရေးရန် လွယ်သည်မဟုတ်ပါ။ ယခုအချိန်ကဲ့သို့ " Hi စားပြီးပြီလား " လောက်နှင့် မပြီးပါ။ အချစ်ဝတ္ထု / ကဗျာများ ရှာဖတ်၍ ကုန်ကြမ်း ရှာရပါသည်။ ထို့နောက် ဝါကျအထားအသို စာစီ တတ်စေရန် ကြိုးစားရပါသည်။ ယခု အချိန် ကာလကဲ့သို့ စာရေးရမှာ ပျင်းသဖြင့် အသံဖိုင် ပို့၍ ရသည့် ခေတ်မဟုတ်တော့ တကယ်ပင် ကြိုးစားခဲ့ရပါသည်။

ကျွန်တော်တို့ ခေတ်၏ နောက်တခု ကံကောင်း ခြင်းမှာ Pen Friends များ ခေတ်စားခြင်း ပင် ဖြစ်ပါသည်။ Top English / Light English / English For All အစရှိသော ပညာရေး ဂျာနယ် / စာအုပ်များ ကြောင့် Pen Friends များ ရရှိလာခဲ့ကာ ရပ်ဝေးမြေခြား ရှိ အခြားသူ များထံသို့ စာရေးရန် ကြိုးစားရပါတော့သည်။

ဝန်ခံရမည်ဆိုလျင်တော့ အသိမိတ်ဆွေ များစေရန် စာရေးခြင်း မဟုတ်ပါ။ တလတလ အသစ်အသစ် ဝင်လာကြသော Members များ မှ နာမည်လှလှလေး ပေးထားသည့် အမျိုးသမီးများထံ မိတ်ဆက်စာ ပို့ခြင်း သာဖြစ်ပါသည်။ ကျွန်တော် မိတ်ဆက်စာ မပို့ဘူးသည့် နေရာဒေသ မရှိသလောက်ပင် ဖြစ်ပါသည်။

မိုးကုတ် ဘိုကုန်း ရပ်ကွက်တွင်ရှိသော အမျိုးသမီးတယောက်နှင့်တော့ အတော်လေး ကြာအောင် စာပေးစာယူ ရှိခဲ့ပါသည်။ စာရေးခဲ့ခြင်း ရလဒ် အနေဖြင့်တော့ စာရေးရန် မကြောက်တော့ခြင်း ဖြစ်ပါသည်။ ငါစာရေးလိုက်လို့ အခြားသူများ ရယ်နေကြမလား / စာစီတာ မှား နေမလား ဟူသော ကြောက်စိတ်မျိုး မရှိတော့ခြင်း ဖြစ်ပါသည်။

ဆိုတော့ Hive Platform ပေါ်သို့ ရောက်လာသော အခါ ရေကန်အသင့် ကြာအသင့် ဖြစ်စေပါတော့သည်။ စာရေးခြင်းသည် အလေ့အထ လုပ်ယူရပါသည်။ ထို့အပြင် တွေးတောခြင်းကို ပါ ဖြစ်စေသော ကြောင့် ဦးနှောက်အား အလုပ်ပေးရာ ရောက်ပါသည်။

မည်သို့ပင် ဆိုစေ Hive Platform တွင် မိတ်ဆွေ ဖြစ်ရန် ဆိုသည်မှာလည်း အနည်းဆုံးတော့ intro post ရေးနိုင်ရန် လိုအပ်ပါသည်။ စာရေး၍ မိတ်ဆွေဖြစ်နေကြသူများအားလုံး အား လေးစားပါသည်။ စာများများရေး ၍ ယခုထက်ပိုပြီး Hive Power များ စုနိုင်ကြပါမည့် အကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်။

Henry Aung ( Kachin )

23/01/2023 - Monday - 18;41 Pm ( KL )

Sort:  

Hive ရဲ့အစ Steemit ဆိုတော့။ Steemit
မှာကတည်းက စာတွေရေးရင်း မိတ်ဆွေတွေ ရရှိခဲ့ပါတယ်။

ခုHive မှာလည်း စာရေးရင်း ခင်မင်ရင်းနှီးဆဲပါပဲ။ Hive
ကတော့ တကယ့်ရွှေတွင်းကြီးပါပဲ 😁😁😁

!PIZZA

!LUV

!LOL

What do you call a factory that makes okay products?
A satisfactory....

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @myanmarkoko

Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
(4/4)

Hive Myanmar မှာ ပုံမှန် မရေးဖြစ်တောင် Gaming post တော့ ပုံမှန်တင်ဗျို့။ HP က အရေးကြီးတယ်။ !PIZZA !LUV

ကျောင်းတုန်းက တောင် စာရေးကပျင်းသာ
HIVEမှာ ကစာရေးရသာပျော်တယ် ကိုဟင်

အဲသလို ပျော်နေအောင် ပုံမှန်လေး ရေးပါ။ Hive Myanmar မှ မဟုတ်ဘူး Game ဆော့ပြီး Gaming post တွေလည်း ပုံမှန် တင်လို့ရတယ်။ !PIZZA !LUV

ဒီမှာစာရေးတာကလေ ဟိုလေ ဘလိုပြောရမလဲ လူမမြင်ရတော့ ဆရာလုပ်ချင်သလိုလုပ်လို့ရတယ် 😂 !LOLZ

Where does Michael Phelps like to drink?
At dive bars.

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @ansoe

Use the !LOL or !LOLZ command to share a joke and an $LOLZ
(3/6)

အဲသာလည်း ဟုတ်သဗျို့ ... ဆရာက ဆရာကြီးပါပဲ...😃😄 !PIZZA !LUV

ဟုတ်ပေတာပဲဗျို့။
စာတိုပေစ ကလိခဲ့တဲ့ အကျိုးက ခုပေးနေပါပြီ။
!PIZZA
!LUV

ကလိရခြင်း အကျိုးကျေးဇူးပေါ့။ !PIZZA !LUV

!LOL

Why are bass guitarists always safe?
Because they stay out of treble.

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @golden.future

Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(1/6)

🍕 PIZZA Party!

I gifted $PIZZA slices here:
kachinhenry tipped myanmarkoko (x1)
kachinhenry tipped ansoe (x1)
walarhein tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped aein.shwin.lann (x1)
kachinhenry tipped golden.future (x1)
@kachinhenry(6/10) tipped @uthantzin (x1)
kachinhenry tipped walarhein (x1)

Send $PIZZA tips in Discord via tip.cc!

Yay! 🤗
Your content has been boosted with Ecency Points, by @ansoe.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more