ထိုတနေ့ရောက်လျင် ( Henry Aung )

in HIVE-MYANMAR4 years ago

111.jpeg

မင်္ဂလာပါ။ ဤစာစုပါ အကြောင်းအရာများသည် ကျွန်တော်လက်လှမ်းမှီသလောက်လေ့လာထားသော Hive platform အကြောင်း ဖေါ်ပြပေးရခြင်းသာ ဖြစ်၍ နည်းပညာ အမှားအယွင်းများပါလျင် ကျွန်တော်၏ နည်းပညာအပေါ်အားနည်းချက်ကြောင့်သာ ဖြစ်ကြောင်း ဝန်ခံပါသည်။

လက်ရှိ ဤ Hive platform ပေါ်တွင် လျှောက်လှမ်း နေကြသူများ ( ကျွန်တော်အပါအဝင် ) အနေဖြင့် အခြေအနေတခုအား မျှော်လင့်ရင်း လျှောက်လှမ်း နေကြခြင်း ဖြစ်ပါသည်။ ထိုအခြေအနေဟူသည်မှာ တနေ့တွင် Hive token $100 ဖြစ်ခဲ့ သော် ဟူသော စိတ်ကူးအိမ်မက်ဖြစ်ပါသည်။

ယခင်က ဤအိမ်မက်မျိုး ကျွန်တော်တို့ Steemit တွင် မက်ခဲ့ဘူးကြပါသည်။ အတိတ်အား အတိတ်မှာသာ ထားခဲ့ချင်သော ကျွန်တော့အကျင့်သည် ထိုအချိန်က အခြေအနေများအား ပြန်ပြောင်းရေးသားလိုစိတ်မရှိပါ။ ယခု ကျွန်တော်တို့သည် ရထားပြောင်းစီးသွားခဲ့ကြပြီ ဖြစ်သော်လည်း ကျွန်တော်တို့၏ အိမ်မက်သည် ယခင်ကဲ့သို့သော " တချိန်ချိန်ကြရင် " ဟူသော အိမ်မက်သာ ဖြစ်ပါသည်။

ဌင်း တချိန်ချိန်ဟူသော အိမ်မက်သည် ကျွန်တော်တို့အားလုံးမက်နေကြသော်လည်း ထိုအိမ်မက်အား အကောင်အထည် ဖေါ်ကြရာတွင်တော့ ကွဲပြားခြားနားပါလိမ့်မည်။ Hive platform သည် အောင်မြင်သွားမည်လား ကျဆုံးသွားမည်လား ကျွန်တော်မပြောနိုင်ပါ။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော် နည်းပညာ သမား မဟုတ်သော ကြောင့် ဖြစ်ပါသည်။

သို့သော်လည်း ကျွန်တော်နားလည်ထားသည်မှာ လက်ရှိ Hive platform ပေါ်မှ Developers များသည် ယခင် Steemit ၏ အမှားများအား အတုယူကာ @Ned ကဲ့သို့ စကားလုံးကြီးကြီးများ အသုံးပြုခြင်း ကို အတတ်နိုင်ဆုံး ရှောင်ရှားကြသည်ကို တွေ့မြင်ရပါသည်။

ထို့အပြင် Hive အနေဖြင့် စာရေးသားခြင်း ဖြစ်သော Blogging တခုတည်းကိုသာ အခြေခံ၍ Token များ ဖြန့်ဖြူးမည် မဟုတ်သည်ကတော့ သေချာပါသည်။ Hive platform အနေဖြင့် ဤ Platform အပေါ်အခြေခံ၍ နောက်ထပ် နည်းပညာ အသစ်တို့ ဖန်တီးနိုင်သော တနည်းအားဖြင့်ဆိုရလျင် နောက်ထပ် App များ Game များ Social Media များ ဖန်းတီနိုင်ရန် အတွက် လိုအပ်သော အခြေခံ အဆောက်အဦး ဖြစ်စေရန် ကြံစည်နေကြခြင်း ဖြစ်ပါသည်။

စာရေးသားခြင်း Blogging တခုတည်းဖြင့်ဆိုလျင် Hive အနေဖြင့် မအောင်မြင်နိုင်ကြောင်း Developers တို့ ကောင်းကောင်းသိပြီး ဖြစ်ပါသည်။ ယခင် Steem တွင်လည် ဤအခြေခံ အဆောက်အဦး နည်းပညာအား Mira ဟူသော အမည်ဖြင့် ကြိုးစားကြသော်လည်း အကောင်အထည် မဖေါ်နိုင်ခဲ့ပါ။

ထိုအချိန်က အကောင်အထည် မဖေါ်နိုင်ခဲ့သော Mira အား ယခု Hive platform တွင် OpenOrchard ဟူ၍ အမည်တပ်ကာ ဆက်၍ အကောင်ထည် ဖေါ်နေကြပါသည်။ အနီးစပ်ဆုံး ဥပမာ ပြရလျင် ကျွန်တော်တို့ ဖုန်းများနှင့် ဆင်တူပါသည်။

IOS system သော်လည်ကောင်း Android System သော်လည်ကောင်း အခြေခံ အဆောက်အဦးသာ ဖြစ်၍ Developers များက သူတို့၏ App များ Game များအား ဤ အခြေခံအဆောက်အဦးအား အမှီပြု ( အသုံးပြု ) ကာ တည်ဆောက်ကြရပါသည်။

ထို App များ Game သည် Blockchain မဟုတ်သောကြောင့် Token များ coin များ ဖန်တီးယူနိုင်ခြင်း မရှိကြပါ။ ယခု Hive platform တွင် အခြေခံမည် ဖြစ်သော OpenOrchard ဟူသော အခြေခံ အဆောက် အဦးသည် Blockchain နည်းပညာအား အခြေခံမည် ဖြစ်သောကြောင့် ထို အခြေခံ အဆောက်အဦး တွင် Developers များ ရေးသားကြမည် App များ Game များသည်လည်း blockchain app များဖြစ်သောကြောင့် token များ coin များ လည်ပတ်နိုင်သည့် နည်းပညာပါလာကြမည်ဖြစ်ပါသည်။

ကျွန်တော်တို့ မျှော်လင့်ရမည်မှာ ထို OpenOrchard မှ ထွက်လာကြမည့် App များ Game များ Social media များ ဖြစ်ပါသည်။ ကျွန်တော့ အထင်ပြောရလျင် Hive အနေဖြင့် သူ့ချည်းသက်သက်တော့ $10 $50 စသည်ဖြင့် အောင်မြင်သွားမည်မဟုတ်ပါ။

သူ့အပေါ်အခြေခံ၍ ထွက်လာကြမည် ဖြစ်သော App များ Game များ မည်မျှ ပေါက်မြောက် အောင်မြင်ကြသည် ၊ ဤ OpenOrchard သည် Developers များအတွက် မည်မျှအသုံးပြုရလွယ်ကူသည် စသည်တို့အပေါ်တွင် မူတည်နေမည်ဖြစ်ပါသည်။

ကျွန်တော်တို့ အနေဖြင့် မျှော်လင့်ရမည်မှာ ထို App များ Game များ ဟု အထက်တွင်ဖော်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ အဘယ့်ကြောင့် မျှော်လင့်ရသနည်း ဆိုသော် ကျွန်တော်တို့သည် Hive platform ပေါ်သို့ ဦးဦးဖျားဖျား ( မြန်မာပြည်မှ ) ရောက်နေကြသူများ ဖြစ်သောကြောင့် ဖြစ်သည့် အပြင် ကျွန်တော်တို့တွင် Hive power များလည်း အထိုက်အလျောက်စုထားကြပြီး ဖြစ်ပါသည်။

ထို့ကြောင့် Airdrop ဟူသော အခွင့်အရေးများ ၊ Initial Coin Offering များတွင် ကျွန်တော်တို့ အနေဖြင့် ဦးစွာ အခွင့်အရေးရကြမည် ဖြစ်သလို ဤ Platform မှ ထွက်လာသော App များ Game များတွင်လည်း တကူးတက အကောင့် ဖွင့်ထားစရာမလိုပဲ မိမိတို့၏ Hive account ဖြင့် ဦးစွာ ဝင်ရောက်မြည်းစွမ်းနိုင်သော အခွင့်အရေးရကြမည် ဖြစ်ပါသည်။

ဤသည်မှာ ကျွန်တော်ပြောလိုသော " တချိန်ချိန်ကြရင် " ဟူသော အိမ်မက်များဖြစ်ပါသည်။ ကျွန်တော် Steemit တွင်ရှိစဉ်ကလည်း Steemit နှင့်ပတ်သက်၍ အားတက်စရာ စာစုများ မိမိလက်လှမ်းမှီသလောက်ရေးသားခဲ့ပါသည်။ သို့သော် ကျွန်တော်တို့သည် Steemit တွင် လှေလှော်ရင်း တက်ကျိုးသော အဖြစ်သို့ရောက်သွားခဲ့ကြပါသည်။

တက်ကျိုးသော်လည်း လက်ထိုး၍ လှော်ခတ်နေသူအချို့သာ Hive platform ပေါ်သို့ ရောက်ရှိလာခဲ့ကြပါသည်။ ကျွန်တော်တို့ Hive platform ပေါ်သို့ရောက်လာရာတွင်လည်း အနာဂတ်မဲ့သော ၊ ရည်ရွယ်ချက်မရှိသော အနေအထားမျိုးမဟုတ်ပါ။

အထက်တွင်ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အလျောက် Hive Platform တွင် ကျွန်တော်တို့အတွက် မျှော်လင့်ချက်ရှိသလို မက်စရာအိမ်မက်များရှိနေပါသည်။ ထိုအိမ်မက်များသည် ကျွန်တော်တို့ တယောက်ချင်းစီ၏ အိမ်မက်သာ ဖြစ်၍ မိမိတွင် မျှော်လင့်စရာ တစုံတခုရှိနေခြင်းသည် ဘားမှမျှော်လင့်စရာမရှိခြင်းထက်ပို၍ ကောင်းပါသည်။

ကျွန်တော်တို့၏ အသက်ရှင်သန်နေချိန်ဘဝများတွင် မျှော်လင့်ချက်များဖြင့် အသက်ဆက်ရှင်သန် နေခြင်းဖြစ်ပါသည်။ အကယ်၍ မိတ်ဆွေအနေဖြင့် ဘဝတွင် ဘာမျှော်လင့်ချက်မှ မရှိတော့ပါဟုဆိုလျင် မိတ်ဆွေသည် ရဟန္တာ တစ်ပါး ဖြစ်သွားပြီ ဖြစ်ပါသည် ၊ သို့မဟုတ် မိမိကိုယ်ကို သတ်သေရန် ဝန်မလေးသော အနေအထားသို့ ရောက်နေပြီ ဖြစ်ပါသည်။ ကျွန်တော့တွင် မျှော်လင့်ချက်ရှိသလို အိမ်မက်များစွာလည်း အကောင်ထည်ဖေါ်ရန်ကျန်ပါသေးသည်။

Henry Aung (Kachin)
H1.jpeg

Sort:  

မျှော်လင့်ချက်များစွာဖြင့် နိုးထလာသော မနက်ခင်းတိုင်းမှာ HIVE ဆီ
အပြေးသွားနေတတ်ခဲ့သလို ညတိုင်းမှာလည်း good night လုပ်ကာ
Sweet Dream နေရပါတယ်ဗျာ

နေ့စဉ်ဘဝထဲမှာ Hive ကိုလည်း နေရာပေးနေရပြီ။

အိပ်မက်တွေ မျှော်လင့်ချက်တွေက လူတစ်ဦးစီတိုင်းအတွက်
မရှိမဖြစ်တဲ့အရာ‌ပါပဲလေ။ ကျွန်တော်တို့အတွက် Hive က
မျှော်လင့်ချက်အိပ်မက်တစ်ခုပေါ့။

ထီထိုးထားရသလိုပေါ့.... ဘယ်အချိန်ပေါက်မယ် မသိပေမယ့် အိမ်မက် ကတော့ မက်ဆဲ။

မျှော်လင်ချက်လင်းရောင်ခြည်ဟာ Hive ပါ....
ဝှက်ဖဲတွေတော့ ရှိနေမှာ အမှန်ပဲ ၊ ဂျက်စတင်းကို ဘက်ကန်ပြီးမှ ထွက်လာတာဆိုတော့
လွယ်လွယ်နဲ့တော့ အရှူံးပေးမှာ မဟုတ်ပါဘူး။

တချိန်ချိန်တော့ အောင်မြင်လာပါလိမ့်မယ်။ နည်းပညာတွေ ရပ်တန့်မနေသ၍ပေါ့။

ကိုယ်ကြိုးစားသလောက် ပြန်ခံစားရမှာပါ ။ အနည်းဆုံးတော့ စာပေအရေးအသား တိုးတက်ပါတယ် ကိုဟင် ။ပြန်လှန်အားပေးရင်း ကြိုးစားကြတာပေါ့။

စာပေအရေးအသား တိုးတက်လာတာကတော့ အမြတ်ပါပဲ။ စာရေးတယ်ဆိုတာ အပြောသာ လွယ်တာ.... တကယ်ချရေး ရင် ပြောသလောက်မလွယ်လှဘူး။

မျှော်လင့်လို့ရနေပီဆိုတဲ့အသိက..ဦးနောက်ဆီဆက်သွယ်လာပီးနောက်..နောက်တလလောက်နေရင် အင်တာနက်မရရှိတော့တဲ့ ခေါင်လန်ဖူးမြို့နယ်က်ု ရာထူးတိုးနဲ့သွားရပြန်ပီအက်ုဟင်ရေ..ဟိုက်အတွက်..ကုန်ကျန်းလေးတွေ တက်ယူရင်း မျှော်လင့်ခြင်းများစွားနဲ့ပါအကို..

ခေါင်လန်ဖူး ဆိုတော့ အေးလိုက်မဲ့နေရာဒေသ။ ကားလမ်း ဆိုင်ကယ်လမ်းကော ပေါက်ရဲ့လား..?

ကားလမ်းကတော့..မိုးရာသီမှာတော့ ခေါင်လန်ဖူးထိအရောက်ဆို နဲနဲခက်ခဲတယ်ကိုဟင်..ပွင့်လင်းရာသီလောက်ဆို ကောင်းတယ်..

မျှော်လင့်ချက် အလင်းရောင်ရှင်ဟာ Hive ပါ 😁

နေ့စဉ်ဘဝတွေထဲက မပါမဖြစ် Hive

အားခဲပြီးစာကြိုးစားပြီးရေးနေပါတယ်။

မျှော်လင့်ချက်ထားပြီးကြိုးစားရင်ပိုထိရောက်ပါတယ်...