
မင်္ဂလာပါ။ ကျွန်တော်လက်မ အဆစ်တွေနာနေတာနဲ့ စာမရေးဖြစ်တာ အတော်လေးကြာပါပြီ။ ဒီနေ့တော့ စင်္ကပူ သစ်ခွခြံကို အလည်အပတ်သွားခဲ့တဲ့ အကြောင်းအရာလေးတွေ မျှဝေပေးချင်ပါတယ်။ သစ်ခွပန်းတွေဆိုတော့ ပုံတွေများပြီး စာအရှည်ကြီး ရေးစရာမလိုဘူး မဟုတ်လား။
အမှန်တော့ ကျွန်တော့ အနေဖြင့် ဤ သစ်ခွခြံအကြောင်းအား ကျွန်တော်ပြောသော စင်္ကပူ ခန်းဆက်ဆောင်းပါးတွင်ရေးသားရန် ရည်ရွယ်ထားသော်လည်း ခန်းဆက်ဆောင်းပါးတွင် ကျွန်တော့ဘဝနှင့် ဆက်စပ်၍ ပတ်သက်နေသော အကြောင်းအရာများသာ ရေးသားရန် ဆန္ဒရှိသောကြောင့် ဤ သစ်ခွခြံအကြောင်းအား ဖေါ်ပြပေးလိုက်ပါသည်။
ဤသစ်ခွခြံမှာ စင်္ကပူနိုင်ငံရှိ ရုက္ခဗေဒ ဥယျာဉ် ( Botanic Garden ) အတွင်း၌ရှိပြီး ဝင်းကြေးပေးကာ ဝင်ကြည့်ရသော ပန်းခြံဖြစ်ပါသည်။ Botanic Garden အကြောင်းတော့ သီးသန့်ဖေါ်ပြပေးပါမည်။

ဒါကတော့ အဝင်ဝမှာတွေ့ရတဲ့ ဆိုင်းဘုတ်ကြီးပါ။ ဘယ်ခုနှစ်မှာ တည်ထောင်တယ် ဘာညာသာတကာ တွေစာရှည်မှာစိုးလို့ ချန်ထားလိုက်ပါပြီ။ သစ်ခွပန်းတွေသာ ကြည့်ကြပါစို့။



ဒီသစ်ခွ အမျိုးအစားကတော့ မြန်မာပြည်မှာလည်းတွေ့ရသလို အရမ်းထူးဆန်းတဲ့ သစ်ခွမျိုးတော့မဟုတ်ပါဘူး။ စင်္ကပူက စားသောက်ဆိုင် တချို့မှာ အစားအသောက် အလှဆင်တဲ့နေရာမှာ ဒီသစ်ခွ ခရမ်းရောင်ပွင့်လေးတွေ ထည့်သုံးတာ တွေ့ဘူးပါတယ်။

ဒီသစ်ခွပန်းကတော့ ရိုးရိုးလေးနဲ့ လှနေတဲ့သစ်ခွပန်းပါ။ သစ်ခွပန်းနာမည်တွေရှိပေမယ့် သိပ္ပံ နာမည်တွေမို့ မှတ်မနေတော့ပါဘူး။ စာတမ်းပြုစုနေတာမှမဟုတ်တာ။ အလှကြည့်ရအောင် Post တင်တာကို။



ဒါကတော့ သစ်ခွပန်း အမျိုးအစားမဟုတ်ပါဘူး။ အပွင့်နီနီလေး အလယ်မှာ အသီးစိမ်းရှိပါတယ်။ အသီးစိမ်းလေးက မှည့်လာရင် ဘယ်ရီသီးလို အညိုရောင်ဖြစ်သွားပါတယ်။ အသီးက စားလို့ရမရမသိပါဘူး။ အရသာသိရအောင် စားကြည့်မလို့ ဘေးမှာလည်း လူအများကြီးမို့ နောက်တခါမှ ဘယ်လို အရသာရှိတယ်ဆိုတာ ရေးပြပါမယ်။ ပန်းလေးလှလို့။



ဒီနေရာကတော့ မမ လှလှ တို့ ပုံစံအမျိုးမျိုးနဲ့ ကော့ကော်ကံကား ဓါတ်ဖမ်းရန် နေရာဖြစ်ပါတယ်။


Dancing Lady လို့ခေါ်တဲ့ ဒီအဝါရောင်ပန်းလေးက ကျွန်တော်တို့ မြန်မာတွေနဲ့ မစိမ်းလှပါဘူး။ ပန်းခြံရှိတဲ့ အိမ်တိုင်း နီးပါးလောက် Dancing lady ကိုပျိုးထားကြပါတယ်။ အရင်တချိန်လာတုန်းက မုခ်ဦး လိုလုပ်ထားတဲ့နေရာမှာ Dancing Lady တွေဝါထိန်နေအောင် ပွင့်ပြီး အောက်က လျှောက်လမ်းမှာလဲ ပန်းပွင့်တွေ ဝါထိန်နေအောင် ကြွေကျနေတာ မသိရင် တကယ့် ပန်းခင်းလမ်းထဲလျှောက်နေရသလိုပဲ။ ခုတော့ ပုံကြည့်ပြီး စိတ်ကူးယဉ် ကြည့်ကြတော့။ ချစ်သူနဲ့ လက်တွဲပြီး လျှောက်သွားတို့ ကောင်မလေးက ကိုယ့်လက်ကို ဆွဲပြီး ရှေ့ကသွားနေဟန် နောက်ကနေဓါတ်ပုံ ရိုက်ပေးတာတို့ ဘာတို့ပေါ့။

သစ်ခွတွေကြားထဲ ပိန်းပန်းအနီလေး သနားစရာကောင်းနေလို့ ဓါတ်ဖမ်း လာခဲ့တယ်။
ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်နေ့ အပိုင်း ၂ ဆက်တင်ပေးပါ့မယ်။ သစ်ခွပန်းတွေ အရမ်းလှတာတွေရှိပါသေးတယ်။
Henry Aung ( Kachin )
16/03/2026 Monday 15;55 PM
Some things remain forever, like water is always beautiful. I like a place which is very beautiful. The creator has made it very beautiful. @kachinhenry
သစ်ခွတွေ ဝေဆာမြိုင်ဆိုင် ပွင့်နေကြတာ လှပေါ့။
အမျိုးသမီးတွေ မြင်ရင် လိုချင်ကြမယ့် ပန်းတွေပဲ။
!PIZZA
!LOLZ
ကျွန်တော်ကြည့်ရသလောက်တော့ အမျိုးသမီးတွေလည်းလာကြည့်ကြပါတယ်။ ဒါပေသိ ပန်းတွေကို သေသချာချာကြည့်ပြီး ဓါတ်ပုံရိုက် နေကြတာ အမျိုးသားတွေရယ်။
ဓာတ်ဖမ်းသူတွေ အကြိုက်တွေ့မယ့်နေရာလေးပေါ့။
!LOLZ
!MEME
ဘာပြောကောင်းမလည်း ဓါတ်ဖမ်းကြသည်ပေါ့ဗျာ။ ဒါပေသိ လူများတော့ အကြာကြီး စိတ်ကြိုက် ဓါတ်မဖမ်းနိုင်ကြဘူးရယ်။
$PIZZA slices delivered:
@golden.future(1/10) tipped @kachinhenry
Send $PIZZA tips in Discord via tip.cc!