
မင်္ဂလာပါ။ အမှန်တော့ သစ်ခွပန်းတွေကြည့်ရအောင် အပိုင်း ( ၃ ) ကို မနေ့က တင်ပေးမလို့ပါပဲ။ ကွန်ပြူတာဖွင့်လိုက်တော့ အီရန် အမေရိကန် စစ်ပွဲနောက်ဆုံးသတင်းတွေကြည့်နေတာနဲ့ Post မတင်ဖြစ်တော့တာရယ်။ စစ်ပွဲကလည်း မပြီးနိုင်။ အမေရိကန် မီဒီယာ တွေကလည်း ထရန့်ကို တွယ်ချက်တွေကလည်း လက်ကုန်ပဲ ပြောရမလိုပါ့။
ထရန့်ကလည်း ရှေ့စကားနောက်စကား မညီ။ တော်ကြာ အကူအညီပေးပါ ပြောလိုက် တော်ကြာ အကူအညီမလိုဘူးပြောလိုက်နဲ့။ ထရန့်ကလည်း ဗင်နီဇွဲလားလို တရက်နဲ့ အပြီးပြတ်မယ်ထင်တာ အခုစစ်ပွဲက ကြာလေ ကမ္ဘာ့စီးပွားရေးက ပိုဆိုးလာလေ။ ထားလိုက်ပါစို့။ စစ်ပွဲအကြောင်းက နောက်မှ ရေးကြတာပေါ့။ အခုလက်ရှိ သစ်ခွပန်းလေးတွေပဲ ကြည့်လိုက်ကြပါအုံးစို့။


ဒီသစ်ခွပန်းလေးက အပေါ်ကနေကြည့်ရင် သိပ်မသိသာဘူး။ အောက်ကနေပင့်ရိုက်မှ အတော်လေးလှတဲ့ သစ်ခွပန်း။ အဖြူနဲ့ ခရမ်းနဲ့တွဲထားတာရယ်။


ဒီသစ်ခွပန်းကတော့ မြန်မာပြည်မှာလည်း ပေါပါတယ်။ အရမ်းကြီးအထူးအဆန်းတော့ မဟုတ်ဘူးပေါ့။


ဒီသစ်ခွပန်းကတော့ အများကြီးမပွင့်ဘူး။ ရိုးတံမှာ တပွင့်ပြီးမှ နောက်တပွင့် ပွင့်တာနဲ့တူပါရဲ။ တခြားသစ်ခွပန်းတွေလို ရိုးတံတခုတည်းမှာ အပွင့် အများကြီးမတွေ့ရဘူး။



ဒီအပင်နဲ့ အပွင့်ကတော့ သစ်ခွအမျိုးအစားမဟုတ်ပါဘူး။ ကျွန်တော်ကပန်းကလေးတွေလှလို့ သေချာ ကြည့်မိတော့မှ စွယ်တော် အပင်အမျိုးအစားဖြစ်နေတယ်။ အရွက်လည်း စွယ်တော်ရွက် အပွင့်လည်း သေးတာပဲရှိတယ် စွယ်တော်ပွင့် အတိုင်းပဲ။
ဒါပေသိ ကျွန်တော်တို့ မြန်မာပြည်က စွယ်တော်ပင်ကတော့ အပင်ကြီးမျိုးဖြစ်ပါတယ်။ အခု ဒီအပင်ကတော့ စွယ်တော်ပင် နွယ်ပင် အမျိုးအစားဖြစ်နေတာကို အံဩ မိလို့ ဓါတ်ပုံရိုက်လာခဲ့တာပါ။

ဒီ အဆောက် အဦးထဲမှာ ရှိတဲ့သစ်ခွပန်းများတော့ နည်းနည်း အထက်တန်းကျတဲ့ သစ်ခွပန်းမျိုးတွေပေါ့။ ဘာဖြစ်လို့ဆိုတော့ ၂၄ နာရီ Aircon ဖွင့်ထားပေးရလို့ပါ။ ကဲ Aircon ခန်းထဲက သစ်ခွပန်းတွေကြည့်လိုက်ကြပါအုံးစို့။



Aircon ခန်းထဲ ထည့်ထားရလောက်အောင်လည်း ပန်းတွေကလှနေကြတာကိုနော့။


ဒီပန်းကလည်း ခရမ်းရောင်ပဲ။ အပေါ်ကပန်းက ခရမ်းမှာ အကြားလေးနဲ့ ။ ဒီပန်းကတော့ သေးပေမယ့် ခရမ်းဗြောင် မို့ တမျိုးလေးလှနေတယ်။


ဒါလည်း ခရမ်းရောင်သစ်ခွပါပဲ။ ဒါပေသိ အပေါ်က ၂ မျိုးနဲ့တော့ အရောင်အဆင်း မတူဘူး။ လှတယ်ဟုတ်? ။



ဒီပန်းလေးလည်း အဝါဖျော့ အောက်မှာ အဖြူအလင်းတန်းလေးနဲ့ ခရမ်းရောင်ပွင့်ဖတ်လေးက အရုပ်ကလေးလိုပဲ။ လှတယ်ဟုတ် ?



ကဲဒီပန်းလေးရဲ့ အလှတရားကိုတော့ ကျွန်တော့ မိတ်ဆွေများကိုယ်တိုင်သာ ခံစားကြည့်ပြီး ပြောပါတော့။ ကျွန်တော့ စိတ်ထဲမှာတော့ မြန်မာပြည်မှာ ပဲတမျိုးရှိတယ်။ ခုလိုပဲ အဖြူပေါ်မှာ ခရမ်းကြားလေးနဲ့။ ကျွန်တော်နာမည် မခေါ်တတ်ဘူး အဲဒီပဲအမျိုးအစားကို။ အဲဒီ ပဲ ပြားပြားလေးတွေ တန်းစီ ချိတ်ထားသလိုပဲ။
ဒီနေ့တော့ ဒီလောက်ပါပဲနော့။ နောက်နေ့ကြမှ အပိုင်း ၄ ဆက်တင်ပေးပါ့မယ်။ ပန်းတွေက အများကြီးကျန်ပါသေးတယ်။
Henry Aung ( Kachin )
19/03/2026 Thursday 10;25 AM
ပန်းစိုက်မလို့လားဆာဟင်? စင်္ကာပူကို ဘယ်အချိန်ကပြန်ရောက်သွားတာလဲ? အလုပ်ပြန်လုပ်နေတာလား? ဘာလား? ညာလား?
အဲသလို သစ်ခွခြံကြီးများပိုင်လို့ကတော့ဘာပြောကောင်းမလဲ။ ဟုတ်ကဲ့ စလုံးပြန်ရောက်နေတာပါ။ ကြင်စိုးကောင်းမှုကြောင့် စလုံးမှာ အသက်ကြီးမှ ကျောက်ထု နေရတာပါလို့။
လှလိုက်တဲ့ ပန်းတွေ သူရို့များဆီ စနစ်တကျ လှပအောင်
ပြုပြင်ထိန်းသိမ်းနိုင်ပ။ တို့များဆီမှာလည်း အဲ့သလို
ပြုလုပ်လို့ရပါရဲ့ .....ကွယ်။
ထရန့်နဲ့ မာမူ တို့အကြောင်းလည်း
ကိုဟင်ရေးတာ ဖတ်ချင်းပါသေးတယ်။
!LOLZ
!MEME
ထရန့်နဲ့ မာမူအကြောင်း ရေးရင် အခန်းဆက်ရှည် ရေးရမှာဗျ။ ဒီစစ်ပွဲက သမားရိုးကျ စစ်ပွဲမဟုတ်ဘူး။ နိုင်ငံရေးလည့်ကွက်တွေနဲ့ စီးပွားရေး ကစားကွက်တွေပါတယ်။ ပြီးတော့ လူလည် ထရန့် မြွေလည်ပင်းညှစ် ထားရသလို ဖြစ်နေတာ။
သစ်ခွပန်းလေးတွေ လှတယ်။
ကိုဟင် ရင်သွေးအလှလေး ရပြီလားဗျ။
မတွေ့မြင်ရတာကြာတော့ မေးကြည့်ရတယ်။
!PIZZA
!HUG
ဟုတ်ကဲ့။ သားယောက်ျား အမွှာလေးရထားတယ်ဗျ။ နောက်ပိုင်း ဆောင်းပါးတွေမှာ ဘာကြောင့် ပြည်ပထွက်လာရတယ်ဆိုတာအပြည့်အစုံ ဖေါ်ပြပေးပါ့မယ်။
ဝမ်းသာစရာပဲ Congratulations 👏
$PIZZA slices delivered:
@golden.future(1/10) tipped @kachinhenry
Join us in Discord!