Cirus Foundation ရဲ့ update

in HIVE-MYANMARlast year

Cirus Data Earn ကလက်ရှိမှာတော့ ပုံမှန်တိုင်အသုံးပြုလို့ရနေပြီးပဲဖြစ်ပါတယ်။ App ကနေတော့ အသုံးပြုလို့မရသေးဘဲ web ကနေပဲ အသုံးပြုလို့ရပါမယ်။ Update တင်နေတုန်းအချိန်မှာ တချို့အကောင့်က reward တွေက ပျောက်သွားပေးမယ့် ဒီနေ့မှာတော့ ထို reward တွေ ပြန်ထည့်ပေးသွားခဲ့ပြီးပဲ ဖြစ်ပါတယ်။

ကျွန်တော်အကောင့်ကတော့ အရင်တုန်းက data ကနေရတဲ့ usd အချိူ့ကို usdt ပြောင်းထားခဲ့ပါတယ်။ ဒီနေ့မှာတော့ usdt အစား data earn ထဲက usd ကိုပဲ auto ပြန်ပြောင်းပြီးတော့ ပေါင်းပေးထားခဲ့ပါတယ်။ Cirus အရောင်လေးက အရင်ကပုံစံမဟုတ်တော့ပဲ လက်ရှိမှာတော့ အရောင်လေးက ပိုပြီးစိုစိုပြေပြေရှိသလို ခံစားမိတာနဲ့အတူ ပြောင်းလဲမှုတစ်ချိူ့တွေလဲ ထည့်ထားခဲ့ပြီးပဲဖြစ်ပါတယ်။

ပြောင်းလဲမှုတွေကတော့ BNB (Smart Chain) နဲ့ ETH (ERC-20) ဆိုတဲ့ network နှစ်ခုပါလာခဲ့ပြီးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ERC-20 သာ အသုံးပြုလို့ပဲရနိုင်ပါသေးတယ်။ အရင်တုန်းကတော့ USD TO CIRUS ပြောင်းခက 150Cirus သာကုန်ကျပေးမယ့် အခုမှာတော့ ERC-20 ပေါ်ကနေ Data ကနေရတဲ့ usd ကို Cirus အဖြစ်နဲ့ ပြောင်းလဲမယ်ဆိုရင်တော့ ETH fee အနေနဲ့ ပြောင်းလဲကောက်ခံနေပြီးပဲ ဖြစ်ပါတယ်။

ETH fee အနေနဲ့ Data Earn ကနေရရှိထားတဲ့ USD ထဲကနေ နှုတ်ယူကောက်ခံသွားမှာပဲ ဖြစ်ပါတယ်။ ETH Fee ခကတော့ လက်ရှိခန့်မှန်းချက်အရကတော့ 3$ ကနေ 6$ ဝန်ကျင်​ထိ​ကျသင့်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် network ကတော့ ကိုယ်မှာ 11$ ရှိရင်တောင် အလွန်ဆုံးထုတ်လို့ရနိုင်မှာကတော့ 5$ ပဲရနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ခုလိုပြောင်းလဲမှုနဲ့အတူ Cirus စျေးကလဲ ထိုးတက်လာခဲ့ပါတယ်။

အရင်တုန်းကsupport ပေးထားခဲ့ဖူးတဲ့ SOL,BNB,DOGE အစရှိတဲ့ coin တွေကို ထုတ် ပြီးတော့ လက်ရှိမှာတော့ USDT,Cirus အနေနဲ့ကတော့ BNB နဲ့ ETH network နှစ်ခုပေါ်မှာပဲ အခြေခံထားပြီးတော့ ကြိုက်နှစ်သက်ရာကနေ exchange ရယူနိုင်မှာပဲဖြစ်ပါတယ်။ BNB ကတော့ အပေါ်ကပြောထားသလိုပဲ လက်ရှိမှာအသုံးမပြုနိုင်သေးပါဘူး။

Sort:  

Congratulations @kaunglay2! You received a personal badge!

Happy Hive Birthday! You are on the Hive blockchain for 3 years!

You can view your badges on your board and compare yourself to others in the Ranking