စာမရေးဖြစ်နေခဲ့တာ အတော်လေးကြာနေပြီးပဲ ဖြစ်ပါတယ်။ အကြောင်းအမျိူးမျိူးကြောင့် စာမရေးဖြစ်ပါဘူး။ ကြားထဲမှာတော့ Telegram Airdrop တွေပဲ လုပ်ဖြစ်နေတော့ အချိန်မပေးနိုင်ခဲ့ပါဘူး။ Telegram Airdrop တွေကတော့ Ton များများ donation ပေးမှပဲ အဆင်ပြေမယ့် အရာတွေချည်းဖြစ်နေပါတယ်။
လတ်တလောမှာတော့ Telegram Tap-bot Airdrop ထပ် Data Earn Mining တွေကပိုပြီးတော့ အဆင်ပြေနေတာပဲ ဖြစ်ပါတယ်။ ရရှိတဲ့ profit ကလဲ အတော်လေးအအေးကြမ်းပါတယ်။ Telegram Airdrop လို ဘာတစ်ခုမှ donation ပေးစရာမလိုပါဘူး။ Mining End မှပဲ သက်ဆိုင်ရာ blockchain နဲ့ ချိတ်ဆက်ပြီးတော့ Claim ရမှာပဲ ဖြစ်ပါတယ်။
Claim တဲ့နေရာမှာပဲ fee ခသက်သာစွာဖြင့်အတော်လေး profit ရယူနိုင်တဲ့ Airdrop ပါ။ ဥပမာအားဖြင့် Grass ကသက်သေတစ်ခုအဖြစ်ရှိလို့နေပါတယ်။ Grass ကတော့ တစ်နှစ်သက်တမ်းလောက်နဲ့ Airdrop Season 1 ကို Airdrop ချပေးသွားတာပဲ ဖြစ်ပါတယ်။ စျေးကတော့ 1$ လောက် list ခဲ့ပြီးတော့ အမြင့်ဆုံးစျေး 4$ ထိအတက်ပြခဲ့ပြီးတော့ လက်ရှိမှာတော့ 3$ ဆိုတဲ့အနေအထားတစ်ခုမှာ ရှိလို့နေပါတယ်။
Data အနေနဲ့ကလဲ Telegram Tab Bot Game တွေလို အများကြီးအချိန်ပေးစရာမလိုပါဘူး။ ကိုယ်သုံးနေကြအတိုင်း ပုံမှန်လေး internet လေးဖွင့်ပြီးတော့ ပစ်ထားလိုက်ရုံပါပဲ။ တစ်နာရီတစ်ခါလည်း ကလစ်စရာမလို အချိန်ပြည့်လဲ ကလစ်စရာပါဘူး။ Telegram Airdrop လိုလဲ ဘာတစ်ခုမှပေးစရာမလို အချိန်လဲ ပေးစရာမလိုတဲ့ Airdrop ဆိုရင်လဲ မမှားပါဘူးနော်။ နောက်ရက်မှတော့ Data Earn လေးတစ်ခုနဲ့မိတ်ဆက်ပေးပါဦးမယ်။