ပျော်တိုင်းလဲမကောင်းပါဘူး

in HIVE-MYANMAR2 years ago

FB_IMG_1613374283641.jpg
ဒုက္ခဆိုတာက လူတွေကဖန်တီးနိုင်သလို သဘာဝတရားကြီးကလဲ ဖန်တီးပေးနိုင်တယ်လို့ ထင်ပါတယ်။တနေရာနဲ့တနေရာ ဒုက္ခမျိူးစုံတွေ ကြားလဲကြားသလို မြင်လဲမြင်နေရပါတယ်။တွေ့နေရတဲ့ ဒုက္ခတွေက အတော်လေးလဲ တုန်လှုပ်မိပါတယ်။

အသွားမတော် တစ်လမ်း အစားမတော်တစ်လုတ်ဆိုသည်အတိုင်းပါလားနော် လူတွေခများအပျော်တစ်ခုအတွက်နဲ့ အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတယ်။အပျော်တစ်ခုအတွက်နဲ့ကိုယ့်ဘဝရဲ့နောက်ဆုံးအချိန်ကိုလဲ မရောက်မှန်းမသိ ရောက်ရှိလို့သွားခဲ့ရတယ်။

ဒီရက်ပိုင်အတွင်းဟိုနိုင်ငံကဘာဖြစ်လို့ တန်ဖိုးရှိတဲ့အသက်တွေ ဆုံးရှုံးသွားခဲ့သလို ဒီနိုင်ငံကဘာဖြစ်လို့ လူ့အသက်တွေထပ်ပြီးတော့ ဆုံးရှုံးသွားခဲ့ရပြန်ပြီးလို့ ဒီရက်ပိုင်ကြားနေရတာ အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။အပျော်တစ်ခုအတွက်နဲ့ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက အတော်လေးကြီးမာသွားတယ်။

အခုလိုအဖြစ်အပျက်မျိူးတွေမြင်ရကြားရ တွေ့ရတော့ စိတ်မကောင်းဖြစ်မိတာကတော့အမှန်ပါပဲ။လူတွေဒုက္ခနဲ့နဖူးတွေ့ ဒူးတွေ ခံစားမိတဲ့အချိန်မှာ ကုမယ့်ကယ်မယ့်သူတွေ ရှိပါသော်လည်း အသက်တွေကတော့ သေမင်းကနှုတ်ယူလို့သွားခဲ့ရရှာပါပြီး၊လူဆိုတာ သေမျိူးဆိုပေးမယ့်လဲ အခုလိုကြီးအသက်ဆုံးရှုံးသွားကြတော့လဲ....။

Sort:  

!hivebits

Success! You mined 1.0 HBIT on Wusang: Isle of Blaq. | tools | wallet | discord | community | daily <><

And, you found a BLAQ pearl (BLAQ)!



Check your bonus treasure tokens by entering your username at an H-E explorer or take a look at your wallet.

Read about Hivebits (HBIT) or read the story of Wusang: Isle of Blaq.