What Happen In Myanmar?

in HIVE-MYANMAR4 years ago

img_20211212_131842.jpg
လက်ရှိမြန်မာနိုင်ငံရဲ့အလယ်ဗဟိုတည့်တည့်မှာရှိနေတဲ့မန်းလေးရွှေမြို့တော်ရဲ့အနေအထားဟာဖြင့်တော်တော်ကိုဆိုးရွားနေပါတယ်။သွားရလာရတာလဲ safe မဖြစ်သလို မီးပွိုင့်တော်တော်များတွေကလဲ ပျက်နေပြီး။ CCTV တွေဟာလဲ ဘယ်သူတွေဘာပဲလုပ်လုပ် ဘာပဲဖြစ်နေဖြစ်နေ အရေးမလုပ်ဘူး။ဆန္ဒပြသူတွေနဲ့အစိုးရဆန့်ကျင်သူတွေအတွက်ပဲအလုပ်လုပ်တယ်ထင်ပါတယ်။အပြင်ထွက်လို့ဘယ်သွားသွားအနောက်ကနေဘယ်သူ့ကဓားနဲ့ခုတ်ပြီးဘယ်အချိန်ဆိုက်ကယ်လုမလဲဆိုတဲ့စိတ်က အမြဲတွေးပူနေရတယ်။
img_20211212_125159.jpg
covid ကာလကြီးမဖြစ်ခင်တုန်းကဆိုရင်မန်းသူမန်းသားတွေဘယ်အချိန်ပဲသွားသွား လာလုမယ်သူမရှိသလောက်ကိုနည်းပါတယ်။covid တုန်းကလဲ တခါတလေးတော့ရှိတတ်တယ်။အခုလိုမျိူးဆိုးဆိုးဝါးဝါးကြီးရယ်လို့မဟုတ်ဘူး။ခုဟာကနည်းနည်းမှောင်ပြီးလူသွားလူလာပြတ်တာနဲ့လုမယ်လူဆိုတာချည်းပဲ။ဖုန်းလေးတပြောပြောနဲ့ Click ဆိုင်ကယ်စီးလာပြီးဆိုရင် ဆိုင်ကယ်လုတဲ့အပြင်လူပါသတ်သွားတဲ့အထိပဲတရားဥပဒေဆိုတာလဲမရှိဘူး။ဘယ်မှာတိုင်လို့လဲမရဘူး။ကုန်ကုန်ပြောရရင် ညအိပ်ရင်တောင်ဆိုင်ကယ်ကို ကိုယ့်အနားထားပြီးအိပ်ရမလိုကိုးဖြစ်နေပြီး။ခြံနဲ့ဝန်နဲ့အိမ်ဆိုရင် ဆိုင်ကယ်ခြံထဲမထားရဲတဲ့အဖြစ် နေ့လဲ စိတ်မချရ ညဆိုင်ရင်လဲစိတ်မချရတဲ့အနေအထားသို့ရောက်နေလေးရဲ့။ ဒီလိုအဖြစ်အမျိူးနဲ့မန်းသူမန်းသားတွေ တော်တော်ဒုက္ခများနေပါတယ်။
img_20211212_093723.jpg
ခုချိန်မှာ ရဲထက်သူခိုးတွေလုယက်နေတဲ့လူတွေကိုပိုပြီးကြောက်နေရတယ်။အရင်လိုဘယ်လောက်မှောင်မှောင်တစ်ယောက်တည်းထွက်လဲပြဿနာရှာမယ့်သူဆိုတာမရှိဘူး။မှောင်ပြီးဆိုတာနဲ့ဆိုင်ကယ်တစ်စီးလူသုံးယောက်ဆိုင်ကယ်နားကပ်လာရင်ကို သတိထားနေရတဲ့အဖြစ်လူပျက်ရင် ဘယ်အချိန်မှာဓားထောက်မလဲဆိုတာကို သတိထားနေရတယ်။မန်းလေးမြို့ကြီးလဲအရင်လိုညတွေတိုင်မစည်းကားတော့ဘူး။မြို့ကြီးကတိတ်ဆိတ်ခြောက်ကပ်နေလေရဲ့။စာဖတ်သူအမျိူးတွေလဲ ဂရုစိုက်ကြပါ။
ချစ်ခြင်းများစွာဖြင့်
@kaunglay2

Sort:  

မျှဝေပေးတာ ကျေးဇူးတင်ပါတယ်

ဆရာသမားတက်လာပြီပေါ့ မတွေ့တာကြာပြီ !LOL !LUV !PIZZA

The first time I saw my future Wife was at the local Zoo.
I just knew she was a keeper.

@dpakyaw, I sent you an $LOLZ on behalf of @nayhlaingsoe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)

Yay! 🤗
Your content has been boosted with Ecency Points, by @kaunglay2.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

The same is true in Karen State

take care

Looking for yourself

Posted via D.Buzz

ဟိုတုန်းက မန်းလေးညတွေ ပြန်ရဖို့ စည်းလုံးကြပါစို့။
ကိုယ်တတ်နိုင်သည့်ဖက်မှ ဝိုင်းကြပါစို့။
!PIZZA

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped kaunglay2 (x1)
kachinhenry tipped kaunglay2 (x1)
@nayhlaingsoe(1/12) tipped @dpakyaw (x1)

You can now send $PIZZA tips in Discord via tip.cc!

Congratulations @kaunglay2! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You received more than 200 upvotes.
Your next target is to reach 300 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Merry Christmas - Challenge Feedback - Win a 1000 HP delegation
Christmas Challenge - Offer a gift to to your friends
Support the HiveBuzz project. Vote for our proposal!

အဲ ဆိုင်ကယ်စီးပြီး လုတဲ့ သူတွေကို ပြန်လုပ်မဲ့ လူတွေမရှိကြဘူးလား။ Facebook မှာလည်း ခဏခဏ တွေ့နေရတယ်။ !PIZZA

တချိူ့ဆိုဒီအတိုင်လေးရပ်ကြည့်နေကြတာ သူတို့ကဓားအတိုရော်အရှည်ရော်ပါတယ်။လူပါသတ်ပြီးလုကုန်ပြီး