Last island of survival (Part-19)

in HIVE-MYANMAR4 years ago

IMG_5385.jpg
ခုတစ်ခါပြောပြမဲ့ဟာကတော့ Airdrop ကောက်တဲ့အခါမှာစျေးအကြီးဆုံးနဲ့အကောင်းဆုံးလို့ပြောလို့ရမဲ့အရာတွေနဲ့မိတ်တက်ပေးမှာဖြစ်ပါတယ်။အဲအရာတွေကိုရတဲ့အခါရတဲ့ပျော်ရွှင်မှုကဘာနဲ့မှမလဲနိုင်လို့ပါ။

ကျွန်တော်ခုပြောမဲ့ပစ္စည်းတွေက ဒီ Airdrop ကနေရမှသာလျှင်သုံးနိုင်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။ပြုလုပ်ရမဲ့ပစ္စည်းအပိုင်းအစတွေက Airdrop ကနေမှရနိုင်တဲ့ပစ္စည်းတွေပဲဲဖြစ်လို့ပါ။

ဒီပစ္စည်းတွေကတော့ Beast bazooka,Mg4,Grenade Launcherတို့ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီကောင်တွေကိုပြုလုပ်တဲ့အခါအသုံးပြုတဲ့ Lancher က Airdrop ,helicopter and ship ကနေလွဲပြီးဘယ်မှာမှရှာလို့မရတဲ့အရာဖြစ်နေလို့ပါပဲ။

Beast bazooka ဟာဆိုရင်ဖြင့် Rocket lancher တစ်မျိုးပဲဲဖြစ်ပါတယ်။ရန်သူ့အိမါကိုသွားဖြိုတဲ့အခါ Damage အပြင်းဆုံးထွက်တဲ့ ဒုံးကျည်ပစ်ရတဲ့လက်နက်တစ်မျိုးဖြစ်ပါတယ်။လက်နက်လုပ်တဲ့ကျည်ဆံအကြောင်းလဲနောက်အပိုင်းမှာဆက်ရှင်းပြသွားမှာဖြစ်ပါတယ်။

Beast bazooka ကိုပြုလုပ်ဖို့ဆိုလျှင် ခုနကကျွန်တော်ပြောတဲ့ Airdrop ကနေရတဲ့ Lancher 1 ခု၊Torsion spring 5 ခု၊Metal barrel 6ခုနဲ့ Steel bar 50 တောင်ကုန်ကျမှာဖြစ်လို့ပြုလုပ်တဲ့နေရာမှာအင်မတန်မှကိုစျေးကြီးတယ်လို့ပြောလို့ရပါတယ်။နောက်ပြီးLancher ကလဲအတော့်ကိုရှားတဲ့ပစ္စည်းဖြစ်နေတဲ့အတွက်ကြောင့်ပါ။

@mgzayyar

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here