Last island of survival (Part-22)

in HIVE-MYANMAR4 years ago

IMG_5385.jpg
Airdrop ပစ္စည်းအကြောင်းလေးတွေပြီးတော့ဖောက်ခွဲရေးပစ္စည်းလေးတွေအကြောင်းပြောကြတာပေါ့ဗျာ။အိမ်တစ်အိမ်ကို Raid တော့မယ်ဆိုဖောက်ခွဲရေးပစ္စည်းဆိုတာကလဲမပါမဖြစ်ပေါ့ဗျာ။

ပုံမှန်ကတော့ပစ်ရတဲ့ဟာမဟုတ်ပဲရန်သူရဲ့အိမ်တွေကိုကပ်ပြီးဖောက်ခွဲရတဲ့ ဗုံးအမျိုးအစားတွေပဲဖြစ်ပါတယ်။Damage တွေအနေနဲ့ကလဲ Small ,medium , large damage ဆိုပြီးသုံးမျိုးသုံးစားရှိပါတယ်။လက်ပစ်ဗုံးတွေလဲရှိပါသေးတယ်။

လုပ်ရတဲ့ပစ္စည်းကုန်ကြမ်းပိုကုန်လေ damage ပိုပြင်းလေးဖြစ်ပါတယ်။Damage အနည်းဆုံးကတော့ Simple oil Drum ဖြစ်ပြီး အလယ်အလတ်အဆင့်ကျတာ့ Handmade charge နဲ့ အမြင့်ဆုံးအဆင့်ကတော့ Military C4 တို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ကတော့အလွယ်ပဲခေါ်တယ်။ဒါတွေကိုအပြည့်အစုံခေါ်ရတာစကားထောက်တယ်ပေါ့ဗျာ။ Simple oil Drum ဆိုရင် ဆီဗုံးပေါ့၊ Handmade charge ဆိုရင် ဒိုင်းနမိုက်လို့ခေါ်ပြီးတော့ Military C4 ကိုတော့ C4 ဆိုပြီးအတိုကောက်ခေါ်ကြပါတယ်။

ဒီဟာတွေကတော့အနီးကပ်ရန်သူ့အိမ်ကိုဖြိုခွင်းတဲ့အခါအဓိကသုံးရတဲ့ ၃ မျိုးသောဗုံးတွေဖြစ်ကြပါတယ်။ဒီထက်မှတက်နိုင်တယ်ဆိုရင် rocket နဲ့ထုတာကတော့စိတ်အချရဆုံးပါလို့ပြောချင်ပါတယ်။တစ်ခါတစ်လေအနီးကပ်တွေဆိုတာပြောမရပါ။အထဲကလှမ်းပစ်လို့ကိုယ်ပါသေနိုင်တာကိုသတိပြုပါ။

@mgzayyar

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here