Chakra လို့ကြားလိုက်တာနဲ့ လူတွေရဲ့ စိတ်ထဲမှာ Seven Chskra ၊ အရောင်တွေ၊ မန္တန်တွေ၊ frequencyတွေ၊ energyတွေ၊ heal(ကုသမှု)တွေ၊ စသည်ဖြင့် သိမြင်ကြပါလိမ့်မယ်။
မှန်ပါတယ်။ Chskra ကလူတွေအတွက် ဒါတွေကိုပဲ သိစေခဲ့တာပါ။ဒီ့အပြင်ဘာတွေရှိသေးလို့လဲ လို့မေးစရာရှိပါတယ်။ ဟုတ်ပါတယ်။ သိသင့်တာတွေ မကုန်နိုင်အောင် အများကြီးရှိပါသေးတယ်။
ကျွန်တော် ဖတ်ဘူးသမျှစာအုပ်တွေ အကြောင်းပြောပြပါ့မယ်။
ကျွန်တော်ဖတ်ကြည့်တယ်၊ လေ့လာတယ်၊ သင်ယူတယ်၊ လက်တွေ့အသုံးချကြည့်တယ်။ တချို့အရာတွေက တန်ဖိုးဖြတ်မရအောင် အကျိုးရှိပါတယ်။ Chakra စာအုပ် အများစုက english လိုတွေပါ။ english အားနည်းတဲ့ ကျွန်တော် အတွက် အခက်အခဲတွေ အများကြီးပါပဲ။ ဒါပေမဲ့ တတ်ချင် သိချင်တော့ ဖတ်ပါတယ်၊ ကြိုးစားပြီးဖတ်ပါတယ်၊ သိလာရတော့ အကျိုးအများကြီးရှိလာတယ်။
စပြီးပြောကြရအောင်။ ပထမဆုံး စာဖတ်ရခြင်းမှာ သူတို့ရဲ့ အယူအဆ နဲ့ ကိုးကွယ်တဲ့ဘာသာ မတူခြင်းပါ။ သူရဲ့ အယူအဆ ကို မြန်မာလိုပြန်တွေးရခြင်းပါ။ ကိုယ်ကိုးကွယ်တဲ့ ဘာသာ အမြင်နဲ့ ပြန်တွေးရပါတယ်။
Chakra ဆိုတာ သက်ရှိအရာအားလုံးနဲ့ဆက်နွယ်တယ်၊ ပတ်သက်မှုတွေ ရှိပါတယ်။ ဒါအပြင် မူတွေကွဲနေပြန်တယ်။ နားလည်လာတယ်။ ဟုတ်ပါတယ်။ မည်သို့သော မူတွေကွဲနေပါစေလျှောက်ကြတဲ့ လမ်းက အတူတူပါပဲ။
ဒီလိုနဲ့ စာအုပ် တစ်အုပ်မှာ ဖတ်လိုက်ရချိန်မှာ အသိတရားရလာတယ်။ ဘာကြောင့်လဲ ဆိုတော့ သူရေးထားပုံက " Chakra ကို ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ကိုယ်စိတ်ကြိုက် ယူဆပြီး လေ့ကျင့်နိုင်တယ်။ ဘာလို့လဲ ဆိုရင် Chakra ကျင့်စဥ်သည် ပုံသေ ချမှတ်ထားခြင်းမရှိခြင်းပါ။" သိတဲ့စိတ်နဲ့ မှတ်ယူပြီး ကိုယ်ပိုင် ကျင့်စဥ် နဲ့ လမ်းလျောက်နိုင်ပါတယ်။ ဝမ်းသာသွားရတယ်။ ကိုယ်ပိုင်ဟန်နဲ့အတွေးနဲ့ ဖြန့်ချက်လျက် လေ့ကျင်နိုင်ပါတယ်။ ဒါပေမဲ့ srven chakra ဆိုတဲ့ အခြေခံမူတွေကို မမေ့ရပါဘူး။
နောက်တဆင့် မှာ Meditation (တရားထိုင်ခြင်း)ပါ။ Chakra ကို စတင်တော့မယ်ဆိုရင် Meditation ကလည်းအရေးကြီးပါတယ်။ ဒီမှာလည်း ကွဲလွဲနေတဲ့ Meditation တွေရှိနေပါတယ်။ ဒါကလည်း ကြိုက်နှစ်သက် ရာ Meditation နဲ့ ထိုင်သင့်တယ်။ အားသန်ရာကို လုပ်ဆောင်န်ုင်ပါတယ်။ အမှားမဟုတ်ပါဘူး။အမှန်တွေ ပါပဲ။
နောက်တဆင့်မှာ အသက်ရှူခြင်းပါ။ Chakrs ရဲ့ energy တက်ဖို့ အသက်ရှူတဲ့ လေ့ကျင့်ခန်းကို လုပ်ကြရပါတယ်။ ဒါလည်းကွဲလွဲနေကြပြန်တယ်။
အထက်ပါကိစ္စတိုင်းက အရေးကြီးတာတွေပါပဲ။ အယူအဆတွေကတော့ ကွဲပြားခြားနားမှုတွေ ရှိနေကြပါတယ်။ စာအုပ်တွေတိုင်းမတူကြပါဘူး။ ဘာလို့လဲ ?။ သူ့နေရာ သူဒေသ သူ့တို့ရဲ့ခံယူချက်၊ သူတို့ရဲ့ကိုးကွယ်မှုတွေ ကြောင့် ခြားနားခြင်းတွေဖြစ်နေရတာပါပဲ။
ဒါပေမဲ့ ပန်းတိုင်က အတူတူပါပဲ။
ကျွန်တော်တို့ကော ဘယ်ကျင့်စဥ်၊ ဘယ်လမ်းကြောငါးကြသွားကြမလဲ ?။
ကျွန်တော်အယူအဆ ကွဲလွဲနေမှာပဲ။ ကျွန်တော်တို့ကတော့ ဗုဒ္ဓရဲ့အတွေးနဲ့ ဝင်သက်ထွက်သက်ပေါ် အခြေခံပြီး သွားမိမှာပါပဲ။ ဘာဖြစ်ဖြစ် ပန်းတိုင် ရောက်ဖို့ လမ်းလျှောက်တတ်ရင် ျကျနပ်စရာပါ။ စာအုပ်ဖတ်ရခြင်း က အကျိုးများစေတယ်၊ ကျွန်တော် ကို အသိပညာ တစ်ခု ထည့်ပေးလိုက်တယ် လို့ ခံယူရင်း.......
မင်းဇော်လင်း