နက္ခဗေဒ ကို စတင် ချည်းကပ်ခြင်း Introduction to Astrology

in HIVE-MYANMARlast year

ကျွန်တော်လေ့လာသည့် နက္ခတ်ဗေဒမှာ "ခရစ်ရှနားမူတီး ပဒ္ဓတိ" ဟုခေါ်သောပညာရပ်ဖြစ်ပါသည်။ ဤနက္ခတ်ဗေဒကို စတင်လေ့လာရာတွင် ဦးစွာအချိန်များအကြောင်းကို သိရန်လိုအပ်ပါသည်။ ထိုအချိန်များမှာ စံတော်ချိန်၊ ဒေသနာရီ၊ နက္ခတ်နာရီ တို့ဖြစ်ပါသည်။

The astronomy I study is called "Krishna Muti Paddhati". When starting to study this astronomy, you should first know the times. These times are standard time, local time, and sidereal time.

စံတော်ချိန်
စံတော်ချိန် ဆိုသည်မှာ နိုင်ငံအလိုက် စံသတ်မှတ်ထားသောနာရီကိုဆိုလိုသည်။ ထိုစံသတ်မှတ်ထားသောနာရီ GMT သို့မဟုတ် UTC တွင်ကြည့်လျှင် သိနိုင်ပါသည်။ မြန်မာနိုင်ငံ၏ စံတော်ချိန်မှာ ၆နာရီ၃၀မိနစ် ဖြစ်ပါသည်။ အမှန်တကယ်မှာ စံတော်ချိန် ကိုတွက်ချက်ပုံရှိပါသည်။ လောင်ဂျီတွဒ်မျဥ်းကို အခြေခံ၍ တွက်ချက်ခြင်းပါ။အရှေ့လောင်ဂျီတွဒ် ၁၈၀ဒီဂရီ နှင့် အနောက်လောင်ဂျီတွဒ်၁၈၀ဒီဂရီ ဟူ၍ရှိသောကြောင့် ၂ခုပေါင်း ၃၆၀ဒီဂရီ ရှိပါသည်။ သုညဒီဂရီ လောင်ဂျီတွဒ်သည် အင်္ဂလန်နိုင်ငံ၊ ဂရင်းနစ်မြို့ ဖြစ်ပြီး အင်္ဂလန်နိုင်ငံ၏စတော်ချိန်မှာ 00နာရီဖြစ်သည်။ လောင်ဂျီတွဒ် ၁၅ဒီဂရီကွာခြားတိုင်း တစ်နာရီ ကွာသွားသည်။ ထိုအချက်ကို မူတည်လျက် တွက်ယူလျှင် မြန်မာနိုင်ငံ၏ ဘီလူးကျွန်း (၉၇ဒီဂရီ၃၀မိနစ်) ကိုတွက်ထုတ်ပါက စံတောချိန် ၆နာရီ၃၀မိနစ် ကိုရရှိပါသည်။ ထိုနည်းတူ နိုင်ငံတိုင်း၏ စံတော်ချိန်များကို တွက်ယူနိုင်ပါသည်။

Standard Time
Standard time means the standard set by a country. You can see that standard time is GMT or UTC. Myanmar standard time is 6:30. Actually, there is away to calculate standard time. Calculation base on the line of longitude. Since there are 180° of east longitude and 180° of west longitude, the 2 add up to 360°. 0° Longuitude is Greenwich, England and standard time is (00:00)hours. An hour is lost for every 15° difference in longitude. Beased on that, if you caculate Myanmar's Buli Island (97degrees 30mintues), you get 6:30 hours. In the same way, the standard time of every country can be caculated.

ဒေသနာရီ
ဒေသနာရီဆိုသည်မှာ မိမိနေထိုင်သော ဒေသ၊ မြို့ တို့၏ စံတော်ချိန်ဖြစ်သည်။ တနည်းအားဖြင့် လောင်ဂျီတွဒ် တစ်ဒီဂရီ တိုးတိုင်း လေးမိနစ် ကွာသည် ဖြင့်လည်း တွက်ယူနိုင်ပါသည်။

Local Time
Local time is the standard time of the region, city, where on lives. Altwrnatively, it can be caculated by four minutes for every one degree increase in longitude.

နက္ခတ်နာရီ
နက္ခတ်နာရီ ဆိုသည်မှာ ကမ္ဘာနှင့်နေ တို့လှည့်ပတ်မှုအပေါ်အခြေခံ၍ နေသွားချိန်ကို တွက်ယူခြင်းဖြစ်သည်။ မူသေပုံစံ ဖြင့် တွက်ရန် ခက်ခဲသည့် အတွက် နက္ခတ်ဗေဒ လေ့လာသူအများစုမှာ ဂြိုဟ်သွားပြက္ခဒိန် အတွင်းပါရှိသည့် နက္ခတ်နာရီကို ကြည့်၍တွက်ယူကြရသည်။ ထိုဂြိုဟ်သွားပြက္ခဒိန်ထုတ်ဝေသည့်နိုင်ငံ လောင်ဂျီတွဒ်တန်ဖိုးဖြင့်တွက်ယူထားသည့်အတွက် မိမိသိလိုသော ဒေသအတွက် လောင်ဂျီတွဒ်ကွာခြားချက်များနှင့် ပြန်လည်တွက်ယူရပါသည်။ ထိုမှသာ နက္ခတ်နာရီ အမှန်ကိုရရှိကာ ဇာတာတွက်ယူရပါသည်။

Sidereal Time
Sidereal time calculates the time of the sun based on the rotation of the earth and the sun. Since it is difficult to calculate in a standard way, most of the astronomers have to look at the sidereal time in the Ephemeris. Since it is calculated with the longitude value of the country that published the Ephemeris, the difference ib longitude for the region you want to know is recalculated. Only then can we get the correct Horoscope and calculate the Horoscope.

ယခုပြောပြခဲ့သည့် အချက်များသည် နက္ခတ်ဗေဒင် ကို တွက်ယူရန် အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။ သို့သော် ယခုကာလတွင် ဤအချက်များကို သိရန်မလိုတော့ပဲ အများစုမှာ Software များကို အသုံးပြုပြီး လွယ်ကူစွာ ဇာတာများကိုတွက်ထုတ်နိုင်ပြီဖြစ်၏။ ထို့ကြောင့် ဤအချိန်နှင့်ပတ်သက်၍ ဗဟုသုတအနေဖြင့်သာ ပြောပြရခြင်းဖြစ်ပါသည်။

The points mentioned now are the important part of calculating astrology. However, these days, there is no need to know these point, most of them can easily calculate Horoscopes using software. I am only telling you about this time as a matter of knowledge.

မိတ်ဆွေအပေါင်းနှင့် ကျန်းမာပျော်ရွှင်စွာဖြင့် ပြန်လည်ဆုံတွေ့ပါအုံးမည်။ မင်းဇော်

We will meet again with all friends and health and happiness. Min Zaw

Sort:  

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @minzaw69 gets !PIZZA from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our

!LOLZ
!MEME

What did one cupcake say to the other?
You ain't seen muffin yet.

Credit: reddit
$LOLZ on behalf of htwegyi

(1/8)

PLAY & EARN $DOOM

@minzaw69, I sent you an

Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!
, by @donjaun.