အိမ်း အင်း အမ်း

in HIVE-MYANMAR15 days ago

Elon Musk ဟာ X ပေါ်မှာ post တင်ခ ပိုက်ဆံကောက်တော့မယ့်အကြောင်း ပြောလာပြန်ပါပြီ။ X ပေါ်မှာ post တင်တာ၊ reply ပြန်တာ၊ like လုပ်တာ၊ bookmark လုပ်တာလိုမျိုး အခြေခံလုပ်ဆောင်ချက်တွေအတွက် ငွေပမာဏတစ်ခု ကောက်ခံတော့မှာဖြစ်ကြောင်း အတည်ပြုလာပါတယ်။

Elon ကတော့ X ပေါ်မှာ နှစ်ပေါင်းများစွာ ကြီးစိုးထားကြတဲ့ spam bot တွေကို တိုက်ဖျက်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒီလိုလုပ်တာဖြစ်ကြောင်းဆိုထားပါတယ်။ အခု bot တွေဟာ CAPTCHA တွေလောက်ကိုက အေးဆေးဖြေနိုင်နေပြီဖြစ်တာကြောင့် တစ်ခုခုလုပ်မယ်ဆိုတိုင်း ပိုက်ဆံပေးရမယ်ဆိုရင် spam bot တွေကို အပြီးတိုင် မတိုက်ဖျက်နိုင်ရင်တောင် spam ဖို့အတွက် အဆပေါင်း 1000 လောက် ခက်ခဲသွားမှာဖြစ်ကြောင်း ဆိုထားပါတယ်။

X ဟာ New Zealand နဲ့ Philippines တို့မှာလည်း ဒီလိုမျိုး ပိုက်ဆံပေးရတဲ့ feature တစ်ခုကို 2023 ခုနှစ် October လတည်းက စတင်စမ်းသပ်နေခဲ့တာဖြစ်ပြီး user တွေအနေနဲ့ like, retweet တာလိုမျိုး အရာတွေလုပ်ဖို့အတွက် 1 နှစ်ကို 1$ ပေးရမှာဖြစ်ပြီး မပေးရင်တော့ account တွေ follow လုပ်တာ၊ video တွေကြည့်တာနဲ့ စာဖတ်တာလိုမျိုးအရာတွေကိုပဲ လုပ်လို့ရနိုင်မှာပါ။

အခုတော့ ဒီ feature ကို တရားဝင်စသုံးတော့ဖို့ ကြေငြာလာတာဖြစ်ပြီး X user အတော်များများကတော့ မကျေနပ်ကြပါဘူး။ Elon Musk အနေနဲ့ spam ဖက်မလှည့်ခင် Verified Mark တွေနဲ့ လိုက် scam နေတဲ့ scammer account တွေကို ပြန်စိစစ်သင့်ကြောင်းနဲ့ scammer တွေကို Verified Mark ရအောင် ကူညီပေးနေတဲ့ မှောင်ခိုဈေးကွက်တောင် ရှိနေပြီဖြစ်ကြောင်း blockchain စုံထောက်တစ်ဦးဖြစ်တဲ့ ZachXBT က ထောက်ပြထားပါတယ်။

တကယ်လည်း X ပေါ်မှာ scammer တွေက Verified Mark ကိုမှ Business Verified Mark နဲ့ သောင်းကျန်းနေကြတာဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းကမှ $ million နဲ့ချီ scam သွားခဲ့တဲ့ ရွှေရောင် Verified Mark ပိုင်ရှင် CONDOM ရဲ့ crypto token pre-sale က သက်သေပါပဲ။

Reference Link: https://cointelegraph.com/news/elon-musk-charge-new-x-users-post-war-against-crypto-spam-bots

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL