CBDC

in HIVE-MYANMAR3 years ago

အခုနောက်ပိုင်းမှာ ဒစ်ဂျစ်တယ်ငွေကြေးတွေ နာမည်ကြီးလာပြီး အသုံးဝင်မှုတွေ တဖြည်းဖြည်းများပြားလာတာနဲ့အတူ အစိုးရတွေဟာလည်း သူတို့ထိန်းချုပ်ထားနိုင်မယ့် ဒစ်ဂျစ်တယ်ငွေကြေးတွေထုတ်ဖို့ ကြိုးပမ်းလာကြပါတယ်။ အစိုးရထုတ်ဒစ်ဂျစ်တယ်ငွေကြေးတွေကို CBDC (Central Bank Digital Currency) လို့ခေါ်ပြီး
အသုံးပြုပုံကတော့ ဒစ်ဂျစ်တယ်ငွေကြေး(သို့တည်းမဟုတ်) Cryptocurrency တွေလိုမျိုးပါပဲ။ မတူညီတာကတော့ အချို့ cryptocurrency တွေကို သက်ဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းတွေဖြစ်တဲ့ Project team ဒါမှမဟုတ် company တွေက ထိန်းချုပ်ထားပြီး CBDC တွေကိုတော့ သက်ဆိုင်ရာအစိုးရတွေက ထိန်းချုပ်ထားတာပါ။

နိုင်ငံကြီးတော်တော်များများကတော့ CBDC တွေကို အပြိုင်အဆိုင်ထုတ်နေကြပြီဖြစ်ပြီး အချို့နိုင်ငံတွေကတော့ ထုတ်ဖို့အတွက် လေ့လာနေကြပါပြီ။ ပထမဦးဆုံး CBDC ကို စသုံးခဲ့တဲ့နိုင်ငံကတော့ FTX ရုံးစိုက်ရာ Bahamas ဖြစ်ပြီး ၂၀၂၀ခုနှစ်တည်းက စတင်သုံးစွဲခဲ့ကြတာပါ။ Bahamas ရဲ့ နိုင်ငံဖွဲ့စည်းပုံဟာ ကျွန်းလေးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တာကြောင့် နိုင်ငံသားတွေအနေနဲ့ ဘဏ်တွေကို အလွယ်တကူလက်လှမ်းမီနိုင်ဖို့ မလွယ်ကူလှပါဘူး။ ဒါကြောင့် Bahamas ရဲ့ CBDC ဖြစ်တဲ့ The Sand Dollar ဟာ အသုံးတွင်ကျယ်ပါတယ်။

တရုတ်ကတော့ သူတို့ရဲ့ CBDC ဖြစ်တဲ့ Digital Yuan မှာ အထိုက်အလျောက်အောင်မြင်မှုရရှိနေတယ်လို့ဆိုနိုင်ပြီး အိန္ဒိယရဲ့ CBDC Digital Rupee ဟာလည်း pilot project စနေပြီဆိုပေမယ့် နိုင်ငံတွင်းမှာ နဂိုတည်းက ပုဂ္ဂလိကဒစ်ဂျစ်တယ်ငွေကြေးတွေက လွှမ်းမိုးမှုများနေတာကြောင့် အစိုးရထုတ်ဒစ်ဂျစ်တယ်ငွေကြေးရဲ့ အခြေအနေတော့ သိပ်မကောင်းလှပါဘူး။
ရုရှားကတော့ CBDC စထုတ်တော့မယ်လို့ ကြေငြာပြီးနောက်ပိုင်းမှာ ရုရှားပါလီမန်လွှတ်တော်ဆီ CBDC အတွက် ဥပဒေကြမ်းတင်သွင်းထားပါတယ်။

နိုင်ဂျီးရီးယား ရဲ့ CBDC ကတော့ ပြောစမှတ်တွင်စရာ ဖြစ်လောက်အောင်ကို ဖြစ်ခဲ့ပါတယ်။ နိုင်ငံတွင်း CBDC ဖြစ်တဲ့ eNaira အသုံးပြုမှုတော်တော်နည်းပါးနေတာကြောင့် ဘဏ်တွေ၊ ATM တွေဖက်ကနေ eNaira ဖက် ကူးပြောင်းလာအောင် အစိုးရက ဘဏ်တွေနဲ့ ATM တွေကနေ ငွေသားထုတ်ယူမှုပမာဏကို ကန့်သတ်ခဲ့ရတဲ့အထိပါပဲ။

အရှေ့ဖက်ကာရစ်ဘီယန်နိုင်ငံတွေရဲ့ ငွေကြေးအဖွဲ့အစည်းဖြစ်တဲ့ Eastern Caribbean Currency Union ဟာလည်း သူတို့ကိုယ်ပိုင် CBDC ဖြစ်တဲ့ DCash ကို ထုတ်ထားပြီး အသုံးပြုပုံကတော့ ကြားခံတွေပါဝင်နေတာကြောင့် အနည်းငယ်ရှုပ်ထွေးပါတယ်။

ဆွီဒင်နိုင်ငံကတော့ သူတို့ရဲ့ CBDC project ဖြစ်တဲ့ e-krona ကို စမ်းသပ်နေဆဲဖြစ်ပြီး ဂျမေကာနိုင်ငံနဲ့ ယူကရိန်းနိုင်ငံတို့ဟာလည်း CBDC pilot project တွေ စတင်ခဲ့ပြီးပါပြီ။
ဥရောပဗဟိုဘဏ်ကတော့ CBDC ဖြစ်တဲ့ digital Euro ထုတ်ဖို့ လေ့လာနေဆဲဖြစ်ကြောင်း ကြေငြာထားပြီး US သမ္မတ Joe Biden ကတော့ “အနာဂတ်ငွေကြေး”အတွက် လေ့လာစမ်းသပ်မှုတွေပြုလုပ်ဖို့ US Treasury Department ကို အမိန့်ပေးထားပြီး အစိုးရပိုင် Digital Dollar ထုတ်ဖို့ မီးစိမ်းပြထားတဲ့သဘောပါပဲ။

Reference Link: https://www.euronews.com/next/2022/03/09/cbdcs-these-are-the-countries-are-using-launching-or-piloting-their-own-digital-currencies

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=Y68IGPT1

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  

!PGM
!MEME

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @suhlaing

remaining commands 1

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444