ဟ ကြမ်းနေကြပြီ

in HIVE-MYANMAR8 months ago

Payment ပိုင်းအဆင်မပြေမှုတွေနဲ့ censorship ကိစ္စတွေကြောင့် OnlyFans နဲ့ Patreon တို့ပေါ်က creator တွေဟာ Web3 ပိုင်းကို ရွှေ့ပြောင်းလာနေကြပါတယ်။ August လအတွင်းမှာ Patreon က ပေးတဲ့ payment တွေကို bank တွေကနေ “လိမ်လည်မှုနဲ့ပတ်သက်နေတဲ့ငွေကြေး” တွေအဖြစ် ဖော်ပြခဲ့တာကြောင့် creator တွေဟာ payment လက်ခံမှုပိုင်းမှာ အတော်ကိုအဆင်မပြေဖြစ်ခဲ့ပါတယ်။

OnlyFans ဟာလည်း သူ့ရဲ့ အဓိက feature လို့ကို ဆိုရမယ့် လိင်အသားပေး content တွေကို ban မယ်လို့ဆိုခဲ့ဖူးတာကြောင့် creator တွေဟာ censorship လည်းမရှိ၊ payment အတွက်လည်း အရမ်းစိတ်ပူနေစရာမလိုတဲ့ Web3 ပေါ်က ပုံစံတူ platform တွေဆီ အလုံးအရင်းနဲ့ရွှေ့ပြောင်းလာနေကြပါတယ်။

Web platform တွေထဲမှာဆိုရင်တော့ Only1 နဲ့ Friedn.tech တို့ဟာ နာမည်ကြီးလာနေပြီး Only1 ဟာ OnlyFans နဲ့ပုံစံတူ Web3 platform တစ်ခုလည်းဖြစ်ပါတယ်။ Only1 ကို 2023 ခုနှစ် March လထဲမှာ Solana blockchain ပေါ်မှာ စတင် launch လုပ်ခဲ့တာဖြစ်ပြီး OnlyFans ပုံစံအတိုင်းကိုမှ crypto payment တွေနဲ့ လက်ခံတဲ့ platform တစ်ခုအဖြစ်လည်ပတ်နေတာပါ။

Only1 အပြင် Proof of Peach, SEXN နဲ့ Keyhole တို့လိုမျိုး ဖျော်ဖြေရေး platform တွေဟာလည်း Web3 industry ထဲမှာ နာမည်ရလာနေပြီးတော့ mainstream ဖျော်ဖြေရေး industry ရဲ့ censorship နဲ့ payment ပိုင်းကို အာခံနိုင်ဖို့ ကြိုးစားလာနေကြပါတယ်။

Reference Link: https://cointelegraph.com/news/onlyfans-patreon-models-turn-to-web3-payment-censorship-fears

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL