ရှယ်ပဲပေါ့

in HIVE-MYANMAR11 months ago

စစ်ဗိုလ်ချုပ်တဦးက အာဏာသိမ်းဖို့ ကြိုးစားခဲ့ပြီးနောက်မှာ Bolivia ဟာ cryptocurrency တွေကို bank တွေမှာ တရားဝင်ပေးသုံးခွင့်ပြုလိုက်ပါပြီ။ 2014 ခုနှစ်တုန်းက Bolivia အစိုးရဟာ crypto အသုံးပြုမှုတွေကို တင်းတင်းကြပ်ကြပ်ပိတ်ပင်ခဲ့ဖူးသလို 2022 ခုနှစ်မှာတော့ Bolivia ဗဟိုဘဏ်ဖက်ကနေ ပြည်တွင်းဘဏ်စနစ်အတွင်း crypto နဲ့ပတ်သက်တဲ့ marketing တွေ၊ ငွေအလွှဲအပြောင်းလုပ်တာတွေ အားလုံးကို ပိတ်ပင်ခဲ့ပါတယ်။

အကြောင်းပြချက်ကတော့ အများပြည်သူတွေကို ငွေလိမ်လည်ခံရမှုတွေနဲ့ ငွေကြေးဆုံးရှုံးမှုတွေကနေ ကာကွယ်ပေးဖို့လို့ ဆိုခဲ့ပေမယ့် အခု တဖန် crypto တွေကို ပိတ်ပင်ကန့်သတ်ထားတာတွေကို ပယ်ဖျက်လိုက်ပြီး ပြည်တွင်း ဘဏ်စနစ်မှာ cryptocurrency တွေကို အသုံးပြုခွင့်ပေးလိုက်ပြန်ပါပြီ။ Bolivia ဗဟိုဘဏ်အနေနဲ့လည်း ပြည်သူလူထုကို cryptocurrency တွေနဲ့ ပတ်သက်လို့ အသိပညာပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကြေငြာထားပါတယ်။

ဒါပေမယ့် ပြည်တွင်းမှာတော့ Bitcoin အပါအဝင် cryptocurrency တွေကို တရားဝင်အသိအမှတ်မပြုသေးတာကြောင့် တရားဝင်ငွေပေးချေမှုတခုအဖြစ် သုံးလို့ရနိုင်ဦးမှာမဟုတ်ပါဘူး။

ဗိုလ်ချုပ် Juan Jose Zuniga ဦးဆောင်တဲ့ စစ်အုပ်စုဟာ La Paz Central Square ကို သိမ်းယူပြီးနောက် သမ္မတအိမ်တော်ကို သံချပ်ကာယာဉ်နဲ့တိုက်ချ၊ အာဏာသိမ်းယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဖမ်းဆီးခံလိုက်ရပါတယ်။ ဒီဖြစ်စဉ် ဖြစ်ခဲ့ပြီးနောက်မှာပဲ cryptocurrency တွေကို ပြည်တွင်းဘဏ်စနစ်မှာ အသုံးပြုခွင့်ပေးကြောင်း ကြေငြာချက်ထွက်လာတာကြောင့် Bolivia အစိုးရဟာ စီးပွားရေးဆိုင်ရာ ပြုပြုင်ပြောင်းလဲမှုတွေ စလုပ်တော့မယ့်ပုံပါပဲ။

Reference Link: https://www.cryptopolitan.com/bolivia-legalizes-crypto-payments-for-bank/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  
Loading...