၄င်း နဲ့ လည်းကောင်း ဘယ်လိုကွာလဲ ...

in HIVE-MYANMAR4 years ago (edited)

၄င်း နဲ့ လည်းကောင်း ဘယ်လိုကွာလဲ ...

IMG_20200609_093021.jpg

ရုတ်တရက် ကျွန်တော့်များ မေးလာခဲ့လျှင် အတူတူပဲဟု
ဖြေမိမှာပဲ။

၄င်းသည် ငြိမ်ငြိမ်မနေ မျောက်ပင် အရှူံးပေးရသည်။
လည်းကောင်း မြွေသည် ကြွက်ကိုမြိုလိုက်သည်။

ဒီလိုမျိုး မကြာခန ကျွန်တော် မှားသုံးခဲ့ဖူးတယ်။
အသံထွက်ကလည်း အတူတူမို့ ကြိုက်တာ သုံးလို့ရတယ်ဟု
မှက်ယူခဲ့မိတယ်။ အထူးသလည် လိုက်လံရှာဖွေ ဖတ်ရှူခဲ့တာလည်း
မရှိတော့ ကြုံသလိုသာ အသုံးပြုခဲ့ပါတယ်

ဒီစာအုပ်ထဲမှာ ၄င်း နှင့် လည်းကောင်း ကွာခြားကြောင်း
ရှင်းပြထားပါတယ်။ ထို့မှသာ မိမိမှားယွင်း အသုံးပြုမိကြောင်း
စဥ်းစားဆင်ခြင်မိတော့တယ်။

၄င်း နှင့် လည်းကောင်းကို အသံထွက်တဲ့အခါ လဂေါင်းဟု
အတူတူထွက်ရပါမယ်။ စာလုံးပေါင်းမတူလို့ အသံထွက်ကို ခွဲခြားပြီး
မထွက်ရပါ။

သူတို့၏ အဓိပ္ပါယ် တိတိကျကျကို ဖော်ပြပေးလိုက်ပါစေ။

လည်းကောင်း ။ ရှေ့ပုဒ် နောက်ပုဒ်တို့ကို တစ်ပေါင်းတည်း
အနက်ကောက်ယူရန် ပြသည့် စကားလုံး။

၄င်း။ (နမ်စား) ယင်း။ (နာမဝိသေသန) ထို။

ဝါကျထဲတွင် ထည့်ရေးမည်ဆိုလျှင် လည်းကောင်းကို အနည်းဆုံး
နှစ်ခါ၊ သုံးခါ ထည့်သုံးရေးသားနိုင်ပါတယ်။
သားသည် လည်းကောင်း၊ သမီးသည် လည်းကောင်း စာတော်သူများ
ဖြစ်ကြသည်။
စားပွဲပေါ်၌ တင်ထားသော စာအုပ်သည် လည်းကောင်း၊ ဖောင်တိန်
သည် လည်းကောင်း၊ ပေတံသည်လည်း ကျွန်တော်ပိုင် ပစ္စည်းများ
ဖြစ်ကြသည်။

၄င်း ကိုတော့ နမ်စား အနေနဲ့ဖြစ်ဖြစ်၊ နာမဝိ​သေသန အနေနဲ့ဖြစ်ဖြစ်
အသုံးပြုနိုင်ပါတယ်။
၄င်းကို သူယူလာခဲ့ခြင်းပင်။
၄င်းစာအုပ်ကို သူယူလာခဲ့ခြင်းပင်ဖြစ်သည်။

အခုဆို စာဖတ်သူများ ၄င်း နှင့် လည်းကောင်း အသုံးပြုပုံများကို
နားလည်သွားလောက်ပြီဟု ထင်ပါတယ်(ဆရာကြီးများကို မဆိုလိုပါ)။ နားရှုပ်နေသေးပါက ကျွန်တော်၏ ရေးသားပုံ ညံ့လို့
သာဖြစ်ပေလိမ့်မယ်။

ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko

IMG_20200607_103457_651.jpg

ကိုးကား။ လေးထားစရာ မြန်မာစာ။
ရေးသားသူ။ အေးကျော်မင်း။