ယနေ့ခေတ်နှင့် လူငယ်

in HIVE-MYANMAR29 days ago

လူငယ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဖြစ်သည်။ လူငယ်များကို လူတော်၊ လူကောင်းများဖြစ်စေရန် ပြုစုပျိုးပေးရန်မှာ ယနေ့ခေတ် လူကြီးများ၏ တာဝန်ပင်ဖြစ်ပါသည်။

IMG_20240405_163650.jpg

ကျွန်တော်မြင်တွေ့နေရသော ပတ်ဝန်းကျင်မှ လူငယ်များသည် ပျက်စီးရန် ဉီးတည်နေသော လူငယ် အများအပြားကို မြင်တွေ့နေရသည်။ ပျက်စီးနေသော လူငယ်များကို အပြစ်ပုံအောပြီးချလို့လည်း မရပေ။ တိုးတက်လာသော ခေတ်ရေစီးကြောင်းသည်လည်း လူငယ်များ ပျက်စီးစေရန် အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်ပါသည်။
လူငယ်များ ပျက်စီးရန်အဓိက တရားခံမှာ Mobile Phone ပင်ဖြစ်ပါသည်။ မိဘများက သားသမီးများကို အလွယ်တကူ Mobile Phone များကို ကလေးငယ်များကို သုံးစွဲခွင့်ပေးထားကြသည်။ အနီးစပ်ဆုံး သာဓကမှာ Tik Tok ပေါ်တွင် ငယ်ရွယ်လွန်းသော ၁၂ နှစ် - ၁၃ နှစ်အရွယ် ကလေးငယ်များ အကောင့် ကိုယ်စီနှင့် သုံးစွဲနေကြခြင်းဖြစ်ပါသည်။ ဖင်လှုပ်၊ ခေါင်းလှုပ် ၊ အကုန်လှုပ်ကာ Social Media ကို ဘိန်းစွဲသလိုမျိုး စွဲလန်းနေကြသည်။

ထို့အတူ မိဘများက ကလေးများအား Youtube Video များ ပေး​​ကြည့်သည်။ လူကြီး ကြည့်ရန်အတွက် Video များဖြစ်၍ ဖင်ပေါ်၊ ရင်ပေါ် များပါနိုင်ပါသည်။ ဒါကို ကလေးသူငယ်များကြည့်မိလျှင် လမ်းမှားရောက်နိုင်ပါသည်။ သို့ပေမဲ့ Youtube မှာ ကလေးများအတွက် သီးသန့်အကောင့်များ ဖွင့်လို့ရသည်။ ထိုသို့ဆိုလျှင် ကလေးနှင့်ပက်သက်သော Video များသာ Youtube က ဖော်ပြပေးမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် Mobile Phone အသုံးပြုနေသော လူကြီးများမှာ ဖုန်းဆက်၊ ဖုန်းပြောယုံကလွဲပြီး ကျန်သည့်အပိုင်း နားမလည်သည့် လူကြီးကများသည်။ မြန်မာနိုင်ငံတွင် တစ်နေ့တစ်နေ့ မပြေလည်သော မိသားစု စားဝတ်နေရေးအတွက် ပိုက်ဆံရှာနေသော မိဘများမှာလည်း နည်းပညာပိုင်းကို လေ့လာရန် အချိန်မပေးနိုင်ကြပေ။ သို့သော်လည်း မိမိ၏သားသမီးကို လမ်းမှားမရောက်စေရန် သွန်သင်ဆုံးမရမည့်တာဝန်မှာလည်း မိဘများ၏ တာဝန်ပင်ဖြစ်ပါသည်။

IMG_20240405_163622.jpg

ထိုကိစ္စနှင့်ပက်သက်ပြီး ကျွန်တော်ကြားရသော သတင်းမှာ အလွန်ဆိုးရွားလှပါသည်။ အကြောင်းမှာ ၇ နှစ် - ၈နှစ်အရွယ် ကလေးငယ်တစ်ယောက်က မသင့်လျှော်သော video များကြည့်သည့် သတင်းဖြစ်ပါသည်။ မိဘများအနေဖြင့် ကလေးငယ်များအား Mobile Phone ကို အထူးဂရုစိုက်ကာ သုံးခွင့်ပေးသင့်ပါသည်။ ဤကဲ့သို့ ကလေးသူငယ်များအား Mobile Phone ကို မဆင်မခြင် သုံးခွင့်ပေးထားလျှင် မြန်မာနိုင်ငံ၏ အနာဂတ်သည်လည်း ဆိုးရိမ်ဖွယ် အကောင်းဆုံးအခြေနေသို့ ရောက်ရှိနေပြီဆိုတာ တင်ပြရင်း ဤဆောင်းပါးကို အဆုံးသတ်လိုက်ရပါသည်။

Sort:  

ဟုတ်သဗျို့ ကလေးငြိမ်ရင် ပြီးရော
လွတ်မထားသင့်ဘူး။
!PIZZA

ဟုတ်တယ်ဗျို့။
ကလေးငယ်တွေက နောင်တချိန်မှာ နိုင်ငံအနာဂတ်ပါပဲ။

!PIZZA

PIZZA!

$PIZZA slices delivered:
@myanmarkoko(2/5) tipped @htwegyi
htwegyi tipped myanmarkoko