ဒီနေ့တော့ PEAKD အကြောင်းနဲ့ SNAP အကြောင်းကို Hive ပေါ်ရှိနေတဲ့ ကျွန်တော်တို့ မြန်မာတွေ သိရှိရအောင် မျှဝေပေးချင်ပါတယ်။
PEAKD ဆိုတာဘာလဲ?
PEAKD ကိုဉပမာပေးပြောရင် Ecency လိုပါပဲ။ Ecency က Mobile App ဖြစ်ပြီး PEAKD ကတော့ Website ကနေအသုံးပြုရတဲ့ Web app ဖြစ်ပါတယ်။
PEAKD ရဲ့အားသာချက်
၁။ AI နဲ့ ပုံတွေကို ဖန်တီးလို့ရခြင်း။
ဒါက ကျွန်တော်တို့လို့ Hive Users တွေအတွက် အရမ်းကောင်းတဲ့ tool ပါ။ Peakd ထဲက ဖန်တီးတဲ့ ပုံတွေကို ကျွန်တော်တို့ရဲ့ ပိုစ်မှာ အသုံးပြုနိုင်ပြီး Credit links ထဲ့ပေးစရာမလိုတော့ပါဘူး။ ဒါပေမဲ့ tag မှာ ai-photos လို့သာ ထဲ့ပေးရုံပါပဲ။


၂။ Peakd မှာ မိတ်ဆွေတို့ရဲ့ တင်ထားခဲ့တဲ့ Data အချက်လက်တွေကို တစ်စုတစည်းတည်း ပြန်လည် စစ်ဆေးနိုင်ခြင်း။ မိမိအကောင့် တိုးတက်မှုတွေကို စမ်းစစ်နိုင်ခြင်း။

၃။ Snap ပါရှိခြင်း။ Facebook နဲ့ TikTok လို ပိုစ်အတိုတွေကို Snap မှာတင်နိုင်ခြင်း။ Snap မှာတင်တဲ့ ပိုစ်အတိုလေးတွေကို Peakd Team မှ Tips ပေးပါတယ်။ ကျွန်တော်တင်ထားတဲ့ ပန်းပုံလေးတွေဆို အများဆုံး 0.4 Hive နဲ့ 0.04 HBD လောက် ရဖူးပါတယ်။
ဘာပဲပြောပြော Facebook နဲ့ Tiktok မှာ တစ်နှစ်လုံး တင်လို့ Like 1000 ရတယ်ပဲထား။ နောက်ဆုံး ကိုယ်ဘာမှ မခံစားရဘူး။ Hive မှာတော့ အနည်းဆုံး ပိုက်ဆံအနည်းငယ်တော့ ရရှိပါတယ်။ Ecncy မှာလည်း Wave ဆိုတဲ့ ပိုစ်အတို တင်လို့ ရတဲ့Tool ပါတယ်။ ဒါပေမဲ့ Support ပေးလားတော့ မသိပါ။ Ecency points တော့ ပိုစ်တင်လို့ ရမယ်ထင်တယ်။


Snap ရဲ့အားသာချက်များ
Snap ကို ecency လို Mobile App ထုတ်နိုင်ဖို့ Peakd Team က ကြိုးစားနေတယ်လို့ သိရပါတယ်။ ယခုတော့ Website အနေနဲ့ပဲ အသုံးပြုလို့ရပါတယ်။ Snap ရဲ့အားသာချက်ကတော့ ပိုစ်အတိုလေးတွေ တင်ဖို့ဖြစ်တာကြောင့် ဘာမှ သိပ်စဉ်းစားစရာမလို အလွယ်တကူ ပိုစ်တင်နိုင်ခြင်း။ ပြီးတော့ အထိုက်အလျောက် Reward ပြန်ရခြင်း။ ထို့အပြင် အပြန်အလှန် ကွန်မန့်တွေကို ပေါ့ပေါ့ပါးပါး ပေးရင်း နဲ့ မိတ်ဆွေများလည်း တိုးပွားစေနိုင်မှာ ဖြစ်ပါတယ်။
မိတ်ဆွေတို့ရော Snap နဲ့ Peakd အကြောင်း ကြားပြီး ကြပြီလား? မသုံးဖူးသေးရင်တော့ စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။
Peakd အသုံးပြုရန် Links >>> https://peakd.com
Snapie App ရှိတယ်လေ။
!PIZZA
!LOLZ
Snapie App သုံးနေတယ်ဆိုရင်။ 7 ရက်ပြည့်ရင် Tip ရလားဗျ။ အဲ့တာလေးပြောပြပေးပါဉီး း။ အကိုပြောမှ ကျွန်တော်က Snapie ကိုသိတာ။ Download လုပ်ပြီး သုံးကြည့်ပေမဲ့ ကျွန်တော်ဖုန်းက Playstore error တက်နေလို့ သုံးမရဘူး။
$PIZZA slices delivered:
@myanmarkoko(1/5) tipped @htwegyi
walarhein tipped myanmarkoko
Learn more at https://hive.pizza.
ကျေးဇူးပါဗျာ ခုမှသိတာ စမ်းကြည့်အုံးမယ်။
!LOLZ
!MEME
ဟုတ်ကဲ့ စမ်းကြည့်ပါဗျာ။ AI က Free သုံးခွင့်ပေးတာပါရှိတော့ ကောင်းတယ်။ ပြီးတော့ ဖန်တီးပေးတဲ့ ပုံတွေကလည်း မိုက်တယ်။
!PIZZA