ယုံတမ်းပုံပြင်တွေလိုမျိုး
ထူးခြားတဲ့စွမ်းအားရချင်ရင်
ခက်ခဲတဲ့ ကျင့်စဉ်တွေ ကျင့်ရတယ်တဲ့။
ဘဝတစ်ခုနဲ့ လောင်းကြေးထပ်ပြီး
အချစ်တစ်ခုမွေးဖွားလာဖို့
နှလုံးသားကိုတော့ ဘယ်သူက ရင်းချင်မှာလဲ။
အချစ်တစ်ခုကို အရင်းတည်လို့
ဒီမေတ္တာအိမ်ကလေးဟာ
အစကတည်းက ယိုင်နဲ့နဲ့ပါ။
လှဲကျလို့ ဒဏ်ရာရတဲ့အခါ
မပြည့်စုံခြင်းဆိုတဲ့ ပလာစတာကပ်။
နားလည်မှု ဆေးတွေသောက်
အကြိမ်ကြိမ် ပြန်ထခဲ့ရင်း
အခါခါကိုယ်တို့ လှဲပြိုခဲ့ရတယ်။
မုန်တိုင်းတွေပြီးရင် လေပြေတွေ လာစမြဲတဲ့
မုန်တိုင်းကြားမှာပဲ တို့တွေဝေးလွင့်ခဲ့ရလို့
လေပြေဆိုတာ အနာကိုဆေးတဲ့အရက်ပြန်လို
အလွမ်းတွေဆိုတာ တဆစ်ဆစ်နဲ့ကိုကိုက်လို့။
#ကိုကိုမိုးဟိန်း
#KoKoMoeHein
@myanmarkoko

အလွမ်းတွေ ဆိုတာ တဆစ်ဆစ် ကိုက်သတဲ့
မိုက်တယ်။
!PIZZA
!MEME
အလွမ်းတွေ အဆုံးသတ်နိုင်ဖို့ အချိန်သမားတော်
ကုစားပေးမှ ရတော့မယ်။
$PIZZA slices delivered:
@htwegyi(1/10) tipped @myanmarkoko
Join us in Discord!