ဘဝဘဝ

in HIVE-MYANMAR3 years ago

ကျွန်တော်တို့လူဖြစ်လာတာ ဘာအတွက်ကြောင့်လဲ မိဘအတွက် ကိုယ့်မိသားစုအတွက်လား ပတ်ဝန်းကျင်အတွက်လား လူမျိုးအတွက်လား နိုင်ငံအတွက်လား ပိုက်ဆံတွေရှာကြ တစ်ယောက်နဲ့တစ်ယောက် အနိုင်လုပြောကြ အဆင့်အတန်းတွေခွဲကြ တကယ်တော့ ကားမောင်းချင်တဲ့ကောင်က ကားမောင်းနေရရင်ပျော်နေတယ် လေယာဉ်မောင်းချင်သူကလည်း သူမောင်းနေရရင်ပျော်နေတာပဲ sofeware ရေးသူကလဲရေးနေရရင်ပျော်နေတာပေါ့ သူများဆီကငွေကို ပါးစပ်လေးနဲ့ပြောပြီး ယူရရင်ပျော်တဲ့သူတွေလည်းရှိတယ် ခတ်တော့ခတ်တယ် လူတွေကလည်း အချိုဆိုအတော်ကြိုက်သလိုပဲ အပြောချိုရင်အဟုတ်မှတ်နေတာ ခံလိုက်ရတာမသိကြဘူး ဒါပေမဲ့သူတို့ပျော်ကြတယ် အင်းပါ….ပြောမိတဲ့ ငါ့ပါးစပ်ပဲ မှားသွားတယ်…