သားလေး (၇)နှစ်ပြည့်ခဲ့ပြီ

in HIVE-MYANMAR2 years ago

ဘာလိုလိုနဲ့ သားလေးတောင် (၇)နှစ်ပြည့်သွားပြီ ခုထိ မြန်မာစကားကောင်းကောင်းမပြောနိုင်သေးဘူး။ မွေးထဲကyoutube နဲ့ကြီးပြင်းလာတော့ အင်္ဂလိပ်လိုနားရည်ဝနေတာ ပြောလိုက်ရင် မြန်မာတစ်ဝိုက် အင်္ဂလိပ်တစ်ဝိုက်နဲ့ အပြင် ကျူရှင်သဘောလောက်ပဲထားထားလို့ အတန်းပညာမရှိသေးဘူး။ ကျောင်းထားဖို့ စုံစမ်းကြည့်တယ် ကိုယ်ပိုင်ကျောင်းနဲ့ အင်္ဂလိပ်ကျောင်းတွေက တစ်နှစ်ကို ကျပ် (၃၅)သိန်းကနေ (၄၅)သိန်း၊ သိန်း(၁၀၀)အထိတဲ့ ဒါတောင် ပထမတန်းနော် မလွယ်ပါလား အစိုးရကျောင်းပဲထားပြီး တရုတ်ကျောင်းနဲ့တွဲထားမှဖြစ်မယ်ထင်တာပဲ။ စာတတ်အောင်သင်ပေးပြီး သူလုပ်ချင်တာကို ဦးစားပေးမယ်လို့စိတ်ကူးထားပါတယ်။