အားလပ်ရက်မှာ မအားပါ

in HIVE-MYANMAR3 years ago

ကျမနှင့်အတူနေသူအစ်မတစ်ယောက်ရှိသည်။ အစ်မသည် အလွန်အလုပ်လုပ် နိုင်သူဖြစ်သည်။ ‌အားသည်ဆိုပြီး နေ့လည်နေ့ခင်း ဘယ်တော့မှ မအိပ်တတ်ပေ။ သူမ၏ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီး တလှုပ်လှုပ်ဖြင့် တစ်ခုခု လုပ်နေတတ်သည်။

img_0.26869857134872216.jpg

အစ်မသည် မည်သည့်အရာမှ အမှုမဲ့အမှတ်မဲ့ မနေတတ်ပေ။ အိမ်ရှိပစ္စည်းများကို လည်း သူ့သင်္ကေတနှင့်သူ မှတ်ထားတတ်သည်။ တစ်ခုခု အနေအထားပျက်တာနှင့် မပြောလျှင်သာရှိမည်။ တန်းသိသည်။ ဘာမှလုပ်စရာမရှိလျှင် သူမစိုက်ထားသော အပင်မျိုးစုံကို ကြည့်ပြီး ပန်းအိုးပေါင်းစုံကို နေရာပြောင်းတတ်သည်။

img_0.8241032717700085.jpg

ခန္ဓာကိုယ်ဝသဖြင့်သာ သူမလုပ်နိုင်သော အရာများအတွက် အကူအညီရသည်။ ယောက်ျားကိုလည်းအားမကိုး။ တော်တန်ရုံ လွှတိုက်၊ တူရိုက်ကိစ္စလောက်ကတော့ သူ့ဖာသာလုပ်သည်။

img_0.9732358550216026.jpg

သူမက အအားမနေတော့ ကိုယ်တွေလည်း အပျင်းမကြီးရဲပေ။ ခါတိုင်း တနင်္လာ မှသောကြာထိ အစ်မအလုပ်သွားပြီဆိုလျှင် သာယာနေသော ကျမတို့ တူဝရီးတစ်သိုက် စနေ၊ တနင်္ဂနွေလိုနေ့မျိုးဆို မချောင်ပေ။ ဒီနေ့‌နားရက်ဆိုတော့ အစ်မက နေလှမ်းထားသော ငရုပ်သီးများကို အညှာချွတ်စေသည်။ တူ‌မတွေနှင့် တက်ညီလက်ညီခြွေလိုက်တာ ခဏနှင့်ပြီးသွားသည်။

img_0.9813366680448806.jpg

နောက် အိမ်ပြောင်းတုန်းက ဖျက်လာသည့် ကွပ်ပျစ်ကို သံမှိုများနှုတ်၍ စီစီရီရီထောင်ခိုင်းသည်။ ဗရမ်းဗတာဖြစ်နေသော အသားချောင်းများလည်း ညီညာသွားတော့ နေရာလွတ်လည်း ပိုကျယ်လာသလို့ ကျမတို့တူဝရီးတွေလည်း အတော်ပင်ပန်းသွား ကြသည်။

img_0.41223222337852883.jpg

@nweoomon
18-9-2021

Sort:  

အင်း မုန့်ဟင်းခါး လား မုန့်တီသုပ်လား အဝကျွေးတာပ 😁
!PIZZA

@nweoomon! I sent you a slice of $PIZZA on behalf of @htwegyi.

Learn more about $PIZZA Token at hive.pizza (3/10)

မကြာ မကြာ ကျွေးတာ 😀

အဲလို အငြိမ်မနေတာက ကျန်းမာရေးအထောက်အကူဖြစ်တယ်။ တက်ညီလက်ညီ မိသားစုလေးပေါ့နော်။ !PIZZA

@nweoomon! I sent you a slice of $PIZZA on behalf of @nyinyiwin.

Learn more about $PIZZA Token at hive.pizza (6/10)

ဟုတ်ကဲ့။ အမက ခေါင်းဆောင်ပြီးလုပ်တော့ အားလုံးပါကြရတာပေါ့။

တက်ညီလက်ညီ လုပ်အားပေးကြသည်ပေါ့။ !PIZZA

@nweoomon! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (12/20)

ဟုတ်ကဲ့ အမအလုပ်အားရင် အိမ်ရှိလူကုန်မချောင်ဘူး။ 😁

Yay! 🤗
Your content has been boosted with Ecency Points, by @nweoomon.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more