ကျမတို့အိမ်ကလူတွေဆို ထမင်းအိုး၊ ဟင်းအိုးနှိုက်ရင် ဒီတိုင်းကြည့်နေပေမယ့် သူစိမ်းကလာပြီး ထမင်းအိုးတွေ ကိုင်ရင် ဆူညံနေအောင် အော်တာ။ အပြင်လူမပြောနဲ့ တခြား မှာအိမ်ထောင်ကျနေတဲ့ အမက ထမင်းစားဖို့ ထမင်းလေးခူး၊ ဟင်းလေးထည့်ရင်တောင် ကိ…ကိ…ကိနဲ့ အော်တာအော်တာ ဆိုတာ နားကိုညီးရော။ တားယူရတယ်။ ငေါက်လိုက်ရင်တော့ ခဏငြိမ်တယ်။
ရေချိုးခန်းကျတော့လည်း တံခါးအောက်ခြေမှာ သူဝင်သာရုံ အပေါက်ကလေးရှိတယ်။ ကျမတို့ ရေချိုးတော့မယ်ဆိုရင် သူ့နေရာကနေ စောင်းငမ်းစောင်းငမ်းနဲ့ ရေချိုးခန်းထဲဝင်လာပြီး အပေါက်ကနေစောင့်နေတာ။ သတိလက်လွတ်ချိုးလို့ကတော့ ခြေထောက်ကို ဆိတ်တတ်တယ်။ ကျမတို့မှာ ရေချိုးပြီဆိုရင် သူ့ကို အရိပ်ကြည့်ပြီးချိုးရတယ်။ နို့မို့ ဆရာသမားက လာလာဆိတ်တာ။
ကြက်တူရွေးဖြစ်ပြီး ငရုတ်သီးမစားဘူး။ ဘာစားလဲဆို ပွိုင့်နေကြာစေ့ကို ၅၀တန်ပဲစားတယ်။ တခြားနေကြာစေ့ဆို မစားဘူး။ အီကြာကွေးစားတယ်။ လူစားတာတော်တော် များများ သူစားတတ်ပေမယ့် ငရုတ်သီး ကျွေးရင်တော့ ရှောင်ထွက်သွားတယ်။ ဘယ်လိုရွှေဂဲမှန်းမသိ။
အိမ်ကလူတွေကို ကိုက်တယ်ဆိုပေမယ့် အမှန်က ဆိတ်ရုံလေးပါ။ ကျမတို့ကကြောက်လို့ သူ့ကို ခြောက်၊ သူက ပြန်ကြောက်ပြီး ဆိတ်အဲ့လို သံသရာ လည်တာ။ ဒါပေမယ့် သူစိတ်တိုရင်တော့ သိသာတယ်။ မျက်လုံးအိမ်ကကျယ်လာပြီး မျက်ဆံနက်က သေးသွားတတ်တယ်။ အဲ့လိုဖြစ်ရင်တော့ သူတကယ်စိတ်ဆိုးပြီ။ အဲ့အချိန်ဆို အသားပဲ့အောင် ဆိတ်တတ်တယ်။
အဲ့ဒါကြောင့် ကျမတို့အိမ်ကို အိမ်နီးချင်းတွေအလည်လာလို့ နောက်ဖေးခေါ်ရင် သူများအိမ်တွေက ခွေးကြည့်ပါအုံး ပြောရပေမယ့် အိမ်မှာက ရွှေဂဲကြည့် ပါအုံးလို့ ပြောကြရတယ်။ တစ်အိမ်လုံးမှာ သူမဆိတ်ပဲ အကိုင်ခံတာဆိုလို့ ကျမ အမတစ်ယောက်ပဲရှိတယ်။
အဲ့အမကသူ့ကို ကိုင်ရင်ငြိမ်နေပြီး ရွှေဂဲရေလို့များခေါ်လိုက်ရင် အမလက်ပေါ်ကနေ ခေါင်းတွေကို ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ လည်ပြန်ပြီး ကီ….ဆိုပြီး အသံတစ်မျိုးနဲ့ ထူးတာများ အမြင်ကပ်စရာ။ အမနဲ့မှ အဲ့လိုအသံမျိုးထွက်တယ်။ ကျမတို့က အဲ့ပုံစံလေးချစ်လို့ သွားမကိုင်လိုက်နဲ့ အသင့်အနေအထားနဲ့ ကိုက်မယ့်ပုံနဲ့ ရန်လိုတတ်တာမျိုး။
ခုတော့ မရှိတော့ပါဘူး။ မှတ်မှတ်ရရ အော်ရီဒူးဆင်းကတ်တွေ စရောင်းတဲ့နေ့က အိမ်ပေါ်ကနေ ပျံသွားတာ။ လိုက်ရှာလဲ မတွေ့။ အမကဆို အဲ့နေ့တုန်းက သူ့ရွှေဂဲပျောက်သွားလို့ လူသေသလိုငိုတာ။ ကျမတို့ကတော့ စိတ်မကောင်းပေမယ့် ဝမ်းသာတယ်။ နို့မို့ ဘာလုပ်လုပ် စိတ်တထင့်ထင့်နဲ့ ကိုက်ခံရမှာစိုးလို့ သူ့ပဲဂရုစိုက်နေရတာ။
ဟော အခုတော့ အမက ရွှေဂဲနောက်တစ်ကောင် မွေးထားပြန်ပြီတဲ့။ အဲ့ရွှေဂဲရောက်လာပုံကလည်း ဆန်းကြယ်တယ်။ တကယ်တော့ အဲ့အမက မန္တလေးမှာ မနေတာ ဆယ်နှစ်လောက်ရှိပြီ။ သူ့ရဲ့နောက်အိမ်သားဆုံးပါးသွားလို့ မနှစ်ကမှ သူ့သားတွေနဲ့ မန္တလေးမှာ ပြန်နေတာ။
မန္တလေးကို သူစရောက်ရောက်ချင်းနေ့မှာပဲ ဘယ်ကမှန်း မသိတဲ့ ကြက်တူရွေးတစ်ကောင်က သူတို့အိမ်ရှေ့တံခါးမှာ လာနားတယ်တဲ့။ အမက အဲ့ရပ်ကွက်ကို ခုမှရောက်တာဆိုတော့ တခြားအိမ်ကရွှေဂဲမှတ်လို့ ဖမ်းပြီး ပြန်လွှတ်ပေးလိုက်တာတဲ့။ အဲ့ဒါ ရပ်ကွက်ထဲက လူတစ်ယောက်က အမရွှေဂဲပဲဆိုပြီး ဖမ်းပြီးလာပေးလို့ မွေးထားတာ။ ကြက်တူရွေးက ကုလားကြီးရယ်။
အဲ့ကြက်တူရွေးကကျတစ်မျိုး။ သူ့ရှေ့မှာ အမရှိနေမှ ငြိမ်တာ။ အမကိုမမြင်တာနဲ့ အော်နေတာနားကိုငြီးလို့တဲ့။ ကျမတို့က အဲ့ကြက်တူရွေးက အမရဲ့ဘဲကြီးဝင်စားတာဆိုပြီး အမကို စကြတာပေါ့။ ဟုတ် မဟုတ်တော့ မသိဘူး။ တိုက်ဆိုင်တာကတော့ တကယ်။ ခုတော့ ဟန်ကျနေပါပြီ။ တူလေးတို့လင်မယားအလုပ်သွားရင် အမတစ်ယောက်တည်းဆိုတော့ အဲ့ဒီကုလားကြက်တူရွေးကိုပဲ အဖော်လုပ်ပြီး ကျန်ခဲ့တာ ဆိုတော့ မပျင်းရတော့ဘူးပေါ့နော်။ သေချာတာကတော့ အမတစ်ယောက် ဒီကြက်တူရွေးမရှိတော့ရင်လည်း နောက်ထပ် တစ်ကောင်ထပ်မွေးအုံးမှာပင်။ ထိုအကောင်ကလည်း အမကို ချစ်နေမည်မှာ မလွဲပေ။
ပြီးပါပြီ။ ။
17-1-2022@nweoomon
အော် ကြက်တူးရွေးတောင် ကုလားကြီး ရှိသတဲ့ သိပေါင်။
!LOL
!PIZZA
lolztoken.com
I will find you. You have my word.
Credit: lofone
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)@nweoomon, I sent you an on behalf of @htwegyi
PIZZA Holders sent $PIZZA tips in this post's comments:
(3/5) @htwegyi tipped @nweoomon (x1)
You can now send $PIZZA tips in Discord via tip.cc!
ငှက်ကလေးက ချစ်စရာလေးပါ
အမတို့ အတော်လေး သံယောဇင် ရှိမယ်လို့ထင်ပါတယ် !lol
lolztoken.com
ERROR: Joke failed.
You can get more $LOLZ on HE.@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
ဟုတ်တယ်။ သံယောဇဉ်ရှိတယ်။
ကြက်တူရွေးလေးတွေကို အိမ်တွေမှာမွေးတာ အတော်ရှားသွားပြီနော် အမ ကျမတို့ ဖေဖေ ရှိတုန်းက အိမ်မှာမွေးဖူးတယ် အိမ်က ကောင်ကတော့ ငရုတ်သီး အရမ်းစားပဲ
ဟုတ်တယ်။ ကြက်နူရွေးတိုင်းငရုပ်သီးစားပါတယ်။ အဲ့တစ်ခေါက်ကမွေးတဲ့တစ်ကောင်ပဲမစားတာ။
"သူ့ရွှေဂဲ ပျောက်သွားလို့ ... လူသေသလို ငိုတာ " ကို သဘောကျလို့ပါ။ ကြာနီကန် ဆရာတော်လိုဆိုရင် ... ရွှေဂဲ ငိုချင်း တွေ နားထောင်ရမှာပါ့။😁😁😁😁
ဟုတ်ပါ့။ အဲ့အမက တကယ်သံယောဇဉ်ကြီးတာ
ဟုတ်ပါ့။ အဲ့အမက တကယ်သံယောဇဉ်ကြီးတာ။
!LOLZ
lolztoken.com
At least that's what she wrote in her diary.
Credit: henryglowz
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)@nweoomon, I sent you an on behalf of @sayalu
Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more, by @nweoomon.