ကျွန်ုပ်ကွီးရွှေနှင့် ခေါင်းကိုက်စေသောပြဿနာများ-၃

in HIVE-MYANMAR3 years ago

img_20180804_102247.jpg

မင်္ဂလာပါ။ ယနေ့အတွက် ကျွန်ုပ်ကွီးရွှေ စိတ်အေးလက်အေး ဖြစ်၍နေရသည်။ အခါတိုင်းရက်များဆိုလျင် နံနက်လင်းသည်နှင့် ခေါင်းခဲစေလောက်သော ပြဿနာပေါင်းစုံသည် အိမ်ရှေ့တံခါးဝသို့ ရောက်နှင့်နေတတ်ကြသည်။ ယနေ့အဖို့ဟူမူကား ထိုထိုသော ပြဿနာတို့ ကင်းစင်နေသောနေ့ဖြစ်နေ၍ထင့် ကျွနုပ်၏ နံနက်ခင်းသည် အေးအေးလူလူဖြစ်နေတော့သည်။

သို့ပါသော်လည်း ကျွန်ုပ်ကွီးရွှေအတွက် စုံထောက်ကြီးကွီးရွှေဟူသော နောက်ထပ်အမည်နာမက အလုပ်ဝတ္တရားများကျန်ရှိနေကြောင်း ကျွန်ုပ်အား လက်တို့နေကြလင့်သည်။

ရွာလည်က သာအေး၏ ကာကာဆိုင်တွင် နံနက်စာ အီကြာကွေးနှင့် လဖက်ရည်ကျစိမ့်လေးအား ဆေးပြင်းလိပ်ဖြင့်တွဲဖက်ကာ ဇိမ်ကျကျ အသုံးတော်ခံနေရင်းမှ ယမန်နေ့က ဖြေရှင်းလိုက်သော အမှုတစ်ခုအား ပြန်လည်တွေးတောဆင်ခြင်နေမိသည်။ ထိုမှသည် နောက်ထပ် ဆက်လက်ဖြေရှင်းရန် ကျန်ရှိနေသော အမှုအား မည်သို့မည်ပုံ အစကောက်ကာ စုံစမ်းမှုပြုရမည်ကိုလည်း ဆက်လက်တွေးတောနေမိသည်။

ရွာ၏လူမိုက်ကြီး@htwegyi၏ အစ်ကို "စနေသား"ပိုင်ဆိုင်သော "ပဉ္စလက်ဓါး"သည် ယမန်နေ့က ပျောက်ဆုံးသွားကြောင်း @htwegyiညီအစ်ကိုမှ ကျွန်ုပ်ထံလာရောက်အမှုဖွင့်ထားကြသည်။ ထိုအမှုသည် လွယ်မယောင်နဲ့ခက် တိမ်မယောင်နှင့်နက်နေသည်။ မည်သို့ပင်စဉ်းစားစေကာမူ ထို"ပဉ္စလက်ဓါး"၏ ပျောက်ဆုံးနိုင်သော အကြောင်းချင်းရာကို ကျွန်ုပ်စဉ်းစား၍မရနိုင်ဖြစ်နေဘိသည်။ သဲလွန်စမကျန်အောင် လျို့ဝှက်စွာ ခိုးယူနိုင်သော ထိုသူခိုးအားလည်း ကျွန်ုပ်၏စုံထောက်အသိစိတ်က ကျိတ်၍လေးစားနေမိသည်။

သို့နှင့် ထို"ပဉ္စလက်ဓါး"အမှုအား ဆက်လက် ကွင်းဆက်ဖော်ရန် အရက်ပုန်းအရောင်းဆိုင်ပိုင်ရှင်@shinethu ၏ အရက်ဆိုင်သို့ သွားရောက်စုံစမ်းရပေတော့မည်။ ကျွန်ုပ်ကွှီးရွှေသည် အရက်သေစာအား တစ်ခါတစ်ရံသာ သောက်သုံးခြင်းပြုတတ်သည်။ အကြိုက်ဟူ၍လည်းမဟုတ် မကြိုက်ဘူးလားဆိုတော့လည်းမဟုတ်ပြန် လိုအပ်သည့်အခါတွင် လိုအပ်သလို သောက်သုံးတတ်သည်သာဖြစ်ပေသည်။ ကျွန်ုပ်၏ အကြိုက်သောက်သုံးစရာသည်ကား လဘက်ရည်ကျစိမ့်လေးနှင့် မဟူရာကျားသစ်နက်တံဆိပ် ဆေးပြင်းလိပ်တို့သာဖြစ်ပေတော့သည်။

@shinethu ဆိုသော ငနဲသည် အရက်ပုန်းချက်ရာတွင် ပြိုင်စံရှားသည်သာမက သူ၏ အရက်ပုန်းဆိုင်သည် ဒေသအသီးသီးမှ လာရောက်ကြသော လူမိုက်များ၏ တစ်ဆိုင်တည်းသော စုဝေးရာ ဆိုင်လည်းဖြစ်၍နေသဖြင့် အလွန်စည်ကားသောဟူ၏။ အဘယ်ကြောင့် လူမိုက်များစုဝေးကြသနည်း။ မေးစရာတစ်ခုဖြစ်ချေတော့သည်။ ကျွန်ုပ်သည်လည်း ထိုအချက်ကို သိလိုသည်ကတစ်ကြောင်းလည်း ပါဝင်လေသဖြင့် @shinethu ၏ အရက်ဆိုင်သို့ ယနေ့တော့ အရောက်သွားကာ စုံစမ်းမှုပြုရချေတော့မည်။

ဆိုင်တွင်းသို့ ဝင်ရောက်လိုက်သည်နှင့် မြင်တွေ့ရသည်က ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း လူမိုက်ကြီးများအား ဟိုတစ်ဝိုင်း ဒီတစ်ဝိုင်း သူ့အစုနှင့်သူ အေးအေးလူလူပင် ရှိနေကြသည်။ ကျွန်ုပ်ဆိုင်အတွင်းဝင်လာသည်ကို တချက်မျှသာ လှည့်ကြည့်ကြပီး ဂရုမစိုက်သည့်ဟန်ဖြင့် သူတို့အရက်အား ဆက်လက်သောက်နေကြတော့သည်။

ကျွန်ုပ်လည်းချောင်ကျသော စားပွဲဝိုင်းတစ်ဝိုင်းအား ရွေးချယ်ထိုင်လိုက်သည်။ ပါတ်ဝန်းကျင်အားလည်း ကျီးကန်းတောင်းမှောက် ကြည့်ထားရသည်။ ဤကဲ့သို့ ဒိန်းဂျားဇုန်းလို နေရာမျိုးတွင် ကျွန်ုပ်၏ သတိဝီရိယအား အမြင့်ဆုံးထားနိုင်မှ တော်ကာကျပေမည် မဟုတ်ပါလား။

ကျွန်ုပ်ထိုင်နေရာ စားပွဲဆီသို့ ဆိုင်ပိုင်ရှင် @shinethu ကိုယ်တိုင် လာရောက်ကာ ဟာ အုပ်ကြီးကွီးရွှေ ဘယ်လိုကြောင့် အစောကြီးရောက်ချလာတာလဲဗျ ညကများသွားလို့လာဖြေတာလား?? အရက်ဆိုင်ပိုင်ရှင်ဟု ပြောစရာမလိုအောင် လူတွေ့လိုက်လျင် သောက်ချင်စိတ်ကို ဆွပေးသလို၊ သောက်ရန်လမ်းစကိုလည်း ဖော်ပေးတတ်ပေသည်။ တော်ပေစွ ဤသည့်အရက်ဆိုင်ပိုင်ရှင် ကို@shinethu ပါပေ။

ရှူးတိုးတိုး @shinethuရေ ခင်များဆိုင်ကို ကျွန်ုပ်ရောက်လာတာ ဒီတစ်ခါသောက်ဖို့မဟုတ်ဘူးဗျ သတင်းစုံစမ်းဘို့ရောက်လာတာ။ ဟင်ဒါဆို အုပ်ကြီးရေ ကျွန်တော့ဆိုင်မှာ ဆက်ထိုင်လို့မရဘူးဗျ၊ ကျွန်တော့ဆိုင်က အရက်သောက်သူများသာ ထိုင်ခွင့်ရှိတဲ့ တစ်ဆိုင်တည်းသော အရက်ဆိုင်ဗျ။ ဟိုက် အဲဒါမှ ဂွကျပေပြီ ခုနကမှ တီးဆွဲလာသည် ယခု အရက်ကိုင်လိုက်လျင် နှစ်ပင်လိမ်ပေတော့မည်။ ကျွန်ုပ်ကွီးရွှေ စိတ်ထဲတွင် တီးတိုးရေရွတ်နေမိသည်။

အုပ်ကြီးကို အားတော့နာပေမယ့် အရက်မသောက်ပဲ ဆိုင်ထဲထိုင်ခွင့်မပေးနိုင်ဘူးဗျ။ ကျွန်တော့်ဆိုင်မှာ အသစ်ထုတ်ထားတဲ့ ကျွန်တော်ရဲ့ စည်းကမ်းကို ဆိုင်လာသူအားလုံး လိုက်နာကြရမယ်ဗျ။ ဟောဒီမှာ ဖတ်ကြည့်ကွီးရွှေရေ ဟုဆိုကာ ဆိုင်ကောင်တာတွင် ကပ်ထားသော ရွှေရောင်စာတန်းကြီးကို လက်ညှိုးထိုးပြလေတော့သည်။

အံမယ် တယ်ဆိုတဲ့စာပါလား စည်းကမ်းတွေ၊ သတ်မှတ်ချက်တွေ၊ ဆိုင်းဘုတ်တွေနဲ့ ကြည့်စမ်းပါအုန်း ဘာတဲ့ "သောက်သူများသာထိုင်၍ ထိုင်သူတိုင်းသောက်ရမည်" ဆိုပါလား။ သည်လိုစည်းကမ်းချက်နှင့် ဤလိုတော်သော အရက်ဆိုင်ပိုင်ရှင် ယခုတော့ တွေ့ဖူးရလေပြီ။ သူ့အရပ်နှင့် သူ့ဇာတ်၊ သူ့ဆိုင်နှင့် သူ့စည်းကမ်း ဆိုလေတော့ကာ ကျွန်ုပ်လည်း လိုက်နာရပေတော့မည်။ နှစ်ပင်မကလို့ သုံးလေးငါးပင် လိမ်စမ်းပါစေတော့ ကျွုပ်၏ စုံစမ်းရေးက အဓိကကျနေသည်မဟုတ်ပါလား- ကိုင်း ကျွန်ုပ်ကိုတော့ ဆွဲမထုတ်ပါနဲ့ကွာ မင်းဆိုင်စည်းကမ်းအတိုင်း ငါ့ကိုသောက်စရာချပေး၊ ဖိုက်ကန်းထရီး ဆိုဒါတစ်လုံးနဲ့ အောဘလက်လေဘယ်ဝစ်ဘီအီး သရီးပက်ချပေးတော့ကွာ။

ကျွန်ုပ်၏ အမှာအော်ဒါအား ကို@shinethu မှာ တီးတိုးရေရွတ်ရင်း သူ၏ခေါင်းကို တဗျင်းဗျင်းကုတ်နေချေတော့သည်။ ဘားကောင်တာထံ သွားရန်ပြင်လိုက် တဖန် ကျွန်ုပ်ရှိရာ ပြန်လှည့်လာလိုက်နှင့် ရှေ့တိုးနောက်ဆုတ် ဖြစ်နေချေတော့သည်။ ကျွန်ုပ်မှာ @shinethu ၏ အမူအရာကို ကြည့်လျက် ရီချင်စိတ်ကို မနည်းအောင့်ထားရကာ ခပ်တည်တည်ပင် လက်စွဲတော် ဆေးပြင်းလိပ်ကြီးထုတ်ကာ ဖွာနေလိုက်တော့သည်။

@htwegyi တို့ညီအစ်ကို၏ ပျောက်ဆုံးလေသော မိစ္ဆာမှော်ဝင်ဓါးအကြောင်းအားသတင်းစုံစမ်းခြင်းအား စတင်ရန် ဤအရက်ပုန်းဆိုင်သို့ ရောက်လာသော်လည်း ယခုထိ စုံစမ်းခြင်းကို မပြုလုပ်နိုင်သေးချေ။ အမျိုးစုံသော အရက်ချက်သည့်နေရာတွင် နှစ်ယောက်မရှိလေသော @shinethuအား မည်သည့်နေရာတွင်မှာ မရှိလေသော အမျိုးအမည်များအားမှာယူကာ ပညာပြထားလိုက်သည်။ သို့မှသာ ကျွန်ုပ်၏ စုံစမ်းရေးကို စားပွဲတွင်ထိုင်ရင်း အေးအေးဆေးဆေးပြုလုပ်နိုင်မည် မဟုတ်ပါလား။

ကို@shinethuအား ပထုတ်ပီးသကာလ ဆိုင်အတွင်းရှိ မသက်ာစရာ လူသို့မဟုတ် စကားသံတို့အား စတင်ပီး စုံစမ်းခြင်း ပြုနိုင်လေပြီ။ ကျွနုပ်စုံစမ်းလေ့လာခြင်း ပြုနေစဉ်အခိုက် ဆိုင်အတွင်းသို့ လူကောင်တောင့်တောင့်နှင့် လူမိုက်မာန်အပြည့်ရှိသူ လူသုံးဦး ဝင်ရောက်လာလေတော့သည်။ သူတို့ထဲမှ တစ်ဦးသောသူ၏ လက်ထဲတွင်လည်း အနက်ရောင်အဝတ်စဖြင့် အထုပ်ကလေးတစ်ထုပ်အား ကိုင်ဆောင်လာလေသည်။ ကျွန်ုပ်ကွီးရွှေ၏ ဦးဏှောက်လှိုင်းများတွင်လည်း တတီတီမြည်ကာ အချက်ပေးမှုများ ခံစားလိုက်ရလေတော့သည်။

ကျွန်ုပ်ကွီးရွှေသည် ထိုသို့ မသိစိတ်ကသတိပေးသော ကျင့်စဉ်အား စပလင်တာတိုင်းတွင် သိုင်းပညာသွားရောက်သင်ယူရင်းမှ တတ်မြောက်လာသော ပညာရပ်တစ်ခုဖြစ်သည်။ အထူးလေ့ကျင့်ထား၍ တစ်စုံတစ်ခု ထူးခြားတော့မည်ကို သိနေသော ကျွန်ုပ်၏ စုံထောက်အသိသတိက အချက်ပေးလာချေသည်။ ထိုလူမိုက်သုံးယောက်သည် မည်သို့သော လူမိုက်များ ဖြစ်လေသနည်း။--

@shinethu ၏ အရက်ပုန်းဆိုင်သည် သတင်းစုံသည်၊ လူစုံသည်။ ထိုလူမိုက်များနှင့် ထိုအနက်ရောင်အထုပ် လျို့ဝှက်ပစ္စည်းသည် အကြောင်းတစ်ခုတော့ သေချာပေါက်ရှိနေမည်ဆိုသည်ကို ကျွန်ုပ်ကောင်းစွာ ရိပ်စားမိလိုက်သည်။ သူတို့သုံးဦး၏ လှုပ်ရှားမှုနှင့် ပြောသည့်စကားတို့အား အသေးစိတ်လေ့လာမှတ်သားနေလိုက်သည်။

ကျွန်ုပ်ကွီးရွှေအတွက် @htwegyi ညီအစ်ကို၏ ပျောက်ဆုံးလေသော မိစ္ဆာမှော်ဝင်ဓါးအကြောင်းအားသတင်းစုံစမ်းခြင်းအား စတင်ရန်@shinethu၏ အရက်ပုန်းဆိုင်သို့ ရောက်ရှိလာပီးနောက် ဆက်လက်၍ စုံထောက်ကြီးကွီးရွှေ မည်သို့မည်ပုံ အမှုအား ဖြေရှင်းနိုင် လိုက်သည်ကို နောက်တစ်ပိုင်းတွင် ဆက်လက်အားပေးကြပါရန် ပြောကြားရင်း ပေရှည်သွားသော ဤဇာတ်ထုပ်အား ခေတ္တရပ်ပရစေ။

ဤတွင် ကျွန်ုပ်ကွီးရွှေ၏ ခေါင်းကိုက်စေသောပြဿနာများအား အပိုင်းခွဲ၍ ခေတ္တ ရပ်နားလိုက်ပါမည်။

dqmetjuhgm2ygjsswdd1yz7cbknwcmumjcuoagnswkumoxe_1680x8400.jpg

ပျော်စေပျက်စေကလက်စေ အပျော်ရေးသားထားသော ဟာသစာပေဖြစ်သည့် အတွက် Hive Myanmar မှ အကောင့်အမည်များ ထည့်သွင်းရေးသားခြင်းအား မနှစ်သက်ပါက ကွန်မန့်တွင် ပြောစေချင်ပါသည်။ မိတ်ဆွေတို့ သဘောမကျ မနှစ်သက်ခြင်းရှိပါက အကောင့်အမည်များအား နာမည်လွဲ၍ အသုံးပြုပေးပါမည်။

dqmetjuhgm2ygjsswdd1yz7cbknwcmumjcuoagnswkumoxe_1680x8400.jpg

Writer : @nyimwa
Date : 21.12.2021
Time : 11:30 PM

dqmetjuhgm2ygjsswdd1yz7cbknwcmumjcuoagnswkumoxe_1680x8400.jpg

Sort:  

စုံထောက်ကြီးကတော့ ကောင်းခန်းရောက်မှ ဖြတ်ချထားတယ်။ ထူးဆန်းတဲ့ အရက်က ဘာလဲ သိချင်တယ်ဗျို့။ !LUV !PIZZA !LOLZ

How many jazz musicians does it take to replace a lightbulb?
A-one, a-two, a one-two-three-four!

@nyimwa, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)

သိချင်ရင် ဝယ်ဖတ်လေ :D !PIZZA !LOLZ

The punch line comes first.
The worst thing about time travel jokes is…

@nyinyiwin, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

အမ် စုံထောက်ဆိုတော့ အဲလေ ဘားမုတ်ပါဘူး 🤣🤣🤣 တားဂစတာ

ဘာမှမဟုတ်တဲ့ စုံထောက်ပါ :D !LOLZ

Why was an insomniac shot by the police?
He was resisting a rest.

@smartdealear, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
nyimwa tipped nyinyiwin (x1)
@nyimwa(4/6) tipped @kachinhenry (x1)
kachinhenry tipped nyimwa (x1)

Learn more at https://hive.pizza.

ခန်းဆက်တွေ .... ကောင်းတယ်ဗျို့ !LOL. !PIZZA

OH NO!
You are out of jokes for the day!

@kachinhenry you can call @lolzbot a maximum of 8 times per day.
Level up by buying more $LOLZ so you can share more jokes per day!

ကိုဟင်အားပေးတော့လည်း ရေးအားရှိတာပေါ့လို့ဇ် !LOLZ !PIZZA !LUV

My grief counsellor died recently.
He was so good I didn't care.

@kachinhenry, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)