သီတင်းကျွတ်ခြင်းဆိုသည်မှာ

in HIVE-MYANMAR3 years ago

(လူငယ်များသိစေရန်)
သီတင်းကျွှတ်တယ်ဆိုတာမြန်မာတွေသာမက ကမ္ဘာ့ဗုဒ္ဓသာသနာလုံးဆိုင်ရာအတွက် နေ့ထူးနေ့မြတ်တစ်ခုဖြစ်တယ်ဗျ .....
သီတင်းကျွတ်ခြင်းနဲ့ပတ်သက်လို့ ကျနော်သိသလောက်လေးဆွေးနွေးတင်ပြရရင် .....
အလုံးစုံကိုသိမြင်တော်မူတဲ့ကျနော်တို့ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ တချိန်က မိခင်တော်စပ်ခဲ့ဖူးတဲ့ မယ်တော်နတ်သား(ေအရင်ဘဝက မယ်တော်ပါ ဒါပေမယ့်သူ့
အကျိုးအကြောင်းကြောင့်နတ်သားဖြစ်နေသူ)ထံသွားရောက်ပြီး တရားဟော၍ကျေးဇူးဆပ်ကာ လူ့ပြည်သို့ ပြန်လာသော နေ့ရက်ဖြစ်လို့ ကျနော်တို့ လုံးစုံများစွာသော လူနတ်ဗြဟ္မာတို့ ရဲ့ နေ့ထူးနေ့မြတ်လေးဖြစ်လာရတာပါ
မြတ်ဗုဒ္ဓကို အတုယူကြ၍ ထိုနေ့တွင်
ကျနော်တို့ လူသားများက မိမိတို့ မိနဲ့ဖ ၂ပါးကို ကန်တော့ကြခြင်း ခြေလက်များဆေးကြောပေးခြင်း မိဘများကြိုက်နှစ်သက်တက်သည့်အရာလေးများဖြင့် ပူဇော်ကန်တော့ကြခြင်းများကို လေးစားဖွယ် လုပ်ဆောင်ကြ၍ယနေ့တိုင် ကြည်နူးဖွယ် ဓလေ့ထုံးစံလေးအဖြစ် ကျန်ရစ်နေပေတော့သည်။
ဆက်ကြဦးစို့
​သီတင်းကျွတ်နေ့တွင် မြတ်ဗုဒ္ဓ လူ့ပြည်ကို ပြန်ကြွမယ့် သတင်းကြားကြတော့ လူနတ်ဗြဟ္မာတို့က ကြိုဆိုကြ စကြာဝဋ္ဌာတစ်ခုလုံး၃၁ဘုံက သတ္တဝါတွေ ကြည်ညို ပူဇော်ကြတာပေါ့ တို့လူသားတွေကလည်း ဘုရားရှင်
ကြွလာရာကိုဖူး​​ မျှော်ကြရင်း ဆီမီးအမွှေးနံ့သာတိုင်များဖြင့်ပူဇော်ကြတာပေါ့ ဒါကြောင့်သီတင်းကျွတ်နေ့လေးဟာ မိဘများကို ကျေးဇူးဆပ်သောနေ့၊ ဘုရားရှင်ကြွလာရာ လမ်းတလျှောက်ဆီမီးများပူဇော်ကြသော နေ့ထူးနေ့မြတ် ဖြစ်သည်။
fb_img_1634848019895.jpg
Photo crd by (facebook name)
#Kmt'sအထွေထွေမှတ်စုများ၂

@phyothuzar

Sort:  

You really accidentally leaked your private key 20 times ?!?!?

Or did you do that just to get 0.020 HIVE from me ?! 😏