ကဲ အမျိုးတို့ရေ ဒီနေ့တော့ အခု လောလောဆယ် မြင်ရကြားရတဲ့ နိုင်ငံတကာ သတင်းခေါင်းစီးလေးတွေကို ကြည့်ကြရအောင်
Both black boxes recovered from Air India wreckage.
အဲအိန္ဒိယ ရဲ့ လေယာဉ် အပျက်အဆီးတွေထဲက လေယာဉ်ပျံ မှတ်တမ်းတင်စက် နှစ်ခုစလုံးကို ပြန်လည်ရရှိ
ဒီခေါင်းစီးမှာ recover က find or regain possession of something stolen or lost.
အခိုးခံရတဲ့ အရာ သို့မဟုတ် ဆုံးရှုံးသွားတဲ့ အရာကို ပြန်လည်တွေ့ရှိတယ် ရရှိတယ်လို့ ဆိုလိုပါတယ်။
black box ကတော့ သိပြီးပါ။ ဗမာလို ဘယ်လိုခေါ်ရမယ် မသိလို့ DeepSeek လုပ်ကြည့်တော့ လေယာဉ်ပျံ မှတ်တမ်းတင်စက်လို့ ပြန်တာတွေ့ရတယ်
Wreckage အတော့ အပျက်အဆီးတွေ
ဒါက အဓိပ္ပါယ် တစ်ခုပါ။ နောက် အဓိပ္ပါယ် တစ်ခု ရှိသေးတယ်။
အဲဒါကတော့ return to a normal state of health နေပြန်ကောင်းလာတယ်။ နလံထလာတယ်။
Mee Mee is sick. She will recover soon if she takes some rest from her job.
မီးမီး နေမကောင်း ဖြစ်နေတယ်။ သူ အလုပ်ကနေ ခဏ အနားယူလိုက်ရင် ပြန်နေကောင်းလာမှာပါ။
Hive cryptocurrency price is slowly recovering from an all time low.
Hive ခရစ်တိုငွေဈေးက အနိမ့်ဆုံးအဆင့်ကနေ ဖြည်ဖြည်းချင်း ပြန်နလံထလာနေတယ်
ဒါကတော့ ကျုပ်တို့အတွက် ကောင်းတာပေါ့ဗျာ
ပျင်းနေပြီလား နောက်ခေါင်းစီး တစ်ခု ကြည့်လိုက်ပါဦးဗျာ
Thailand and Cambodia sign agreement on border issue
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က နယ်နိမိတ် ပြဿနာနဲ့ ပတ်သက်ပြီး သဘောတူညီချက် တစ်ခု လက်မှတ်ထိုးလိုက်တယ်
ဒီနေရာမှာ issue ဆိုတာက ငြင်းခုံစရာ ဆွေးနွေးစရာ ပြဿနာ အရေးကိစ္စ
နောက်အဓိပ္ပါယ် တစ်ခုက တရားဝင် ထုတ်ပြန်ကြေညာတယ် officially send out or make known
ဒီအဓိပ္ပါယ်နဲ့ သတင်းခေါင်းစီးကတော့
Heavy rain alert issued in Thailand
မိုးအသည်းအထန် ရွာမယ့် သတိပေးချက် ထိုင်းနိုင်ငံမှာ ထုတ်ပြန်ကြေညာ
စကားလုံး တစ်လုံးကို အဓိပ္ပါယ် နှစ်မျိုးနဲ့ သတင်းခေါင်းစဉ် နှစ်ခုမှာ အမျိုးတို့ တွေ့လိုက်ရပါပြီ
ခေါင်းစဉ်လေး ဖတ်ရ တော်ရောပေါ့ဗျာ တစ်ခုလုံး မဖတ်ပါနဲ့ လောကကြီးမှာ အချိန်က အတော်ရှားတယ်
စာဖတ်ရင်းနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်သွားမှာစိုးလို့ တခြား
အလုပ်တွေက ရှိသေးတယ်လေ ဆော့ရမှာ ဆော့ရမှာ