Prohance သွားဝယ်တဲ့ ကျနော်

in HIVE-MYANMAR26 days ago

ဒီနေ့ မနက် အမေ့အတွက် Ensure Milk Powder သွားဝယ်တယ်

Stepn လမ်းလျှောက်ဂိမ်းလည်း ကစားချင်သဖြင့် ဆေးဆိုင်ကို လမ်းလျှောက်သွားပါတယ်

ဆေးဆိုင်က ဘတ်စ်ကား နှစ်မှတ်တိုင် အကွာအဝေးမှာ ရှိပါတယ်

ဘတ်စ်ကားမစီးဘဲ နှစ်မှတ်တိုင်ကို လမ်းလျှောက်သွားပါတယ်

ဆေးဆိုင်မှာ Ensure က မရှိပါဘူး ဆီးချိုသမားတွေ သောက်တဲ့ တံဆိပ်တွေပဲ ရှိတယ်

ဒါနဲ့ လမ်းလျှောက်ဂိမ်းကလည်း ဒီနေ့လျှောက်ရမယ့် ကိုတာ မကုန်သေးရာ အပြန်ကိုလည်း ဘာဆေးမှ မဝယ်ဘဲ လမ်းဘဲလျှောက်ပြန်လာတယ်

လမ်းထဲရောက်တော့မှ လမ်းထိပ်က City Mart က City Care ဆေးဆိုင်ဝင်ပြီး Ensure ရှိလား မေးကြည့်တယ်

City Care ဆေးဆိုင်မှာလည်း Ensure က မရှိပါဘူး အလားတူတွေတော့ ရှိတယ်ဆိုပြီး ဆေးဆိုင်ဝန်ထမ်းက လိုက်ပြပါတယ်

လူကြီးတွေသောက်တဲ့ Appeton Wellness 60+ ရယ် Prohance ဆိုတဲ့ တံဆိပ်ရယ်ပြပါတယ်

ဒါနဲ့ပဲ Prohance 200 g တစ်ထုပ် ဝယ်လာခဲ့ပါတယ်

အဲဒီတံဆိပ်ကို တစ်ခါမှတော့ အမေ့ကို မတိုက်ဖူးဘူး စမ်းတိုက်ကြည့်မလို့ပါ

ပုံကို အောက်မှာ ပြထားပါတယ်

အိန္ဒိယ နိုင်ငံထုတ်ပါ 28500 ကျပ် ပေးရပါတယ်

Image 1

Image 2

Image 3

လမ်းလည်း နှစ်မှတ်တိုင်လောက် အသွားအပြန် လျှောက်လိုက်ရတော့ ဒီနေ့အဖို့ ကိုတာ အတော်ကုန်သွားတယ်

@phyowinkoko7

25 October 2025

ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်

Sort:  

Congratulations @phyowinkoko7! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You received more than 600 upvotes.
Your next target is to reach 700 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

လမ်းလျှောက် ကျန်းမာရေးကောင်းတာပ။
LOLZ
!MEME

ကျန်းမာရေး ကောင်းတာပေါ့ နေ့တိုင်း ၁နာရီလောက် လမ်းလျှောကိတာ ၄ နှစ်ရှိပြီ၊ ကျန်းမာရေးထက် ဂိမ်းဆော့ချင်တာကြောင့်ပါ လမ်းလျှောက်ဂိမ်း ဆိုတော့လေ