ဘတ်စ်ကား စီးမယ်

ကောင်မလေး တစ်ယောက်က ဟော်လိုဝင် အဝတ်အစား (သရဲ သဘက်လို့ ကြောက်စရာ အဝတ်အစား မိတ်ကပ်များနဲ့) ဘတ်စ်ကားပေါ် တက်လာပါတယ်။

ဒရိုင်ဘာက လန့်ဖြန့်ပြီး ဘေးက ဒုတ်ကို လှမ်းဆွဲလိုက်တယ်။

ဒီတော့ ကောင်မလေးက လန့်ပြီး

No, no. It’s a Halloween party. ဟော်လိုဝင်ပွဲက ပြန်လာကြောင်း ပြောတယ်။

ဒရိုင်ဘာက ဒီတော့မှ နားလည်းပြီး Oh, it’s a Halloween costume. Sorry, I got scared.

ဪ ဟော်လိုဝင် ဝတ်စုံလား။ ဆောရီး လန့်သွားလို့ပါလို့ ပြောပြီး ဒုတ်ကို ပြန်ချလိုက်တယ်။

ကလေးမက ဘတ်စ်ကားခ ဘယ်လောက်လဲ မေးချင်ပေမယ့် ဘတ်စ်ကားခကို အင်ဂလိပ်လို ဘယ်လိုခေါ်လဲ မသိ‌ပါ။

ဒီတော့ သူက How much is the thing? လို့ မေးလိုက်တယ်။

ဒရိုင်ဘာကလည်း နားလည်းပြီး The fare is $ 5.50 ဘတ်စ်ကားခက ငါးဒေါ်လာခွဲပါလို့ ပြန်ဖြေပါတယ်။

ဒီတော့ ကလေးမက Can I pay cash? ငွေသားနဲ့ ပေးလို့ရမလားလို့ မေးပါတယ်။

ဒရိုင်ဘာက ကောင်မလေး ကိုင်ထား‌တဲ့ ဒေါ်လာ တစ်ရာတန်ကို ကြည့်ပြီး Yes, but we don’t give change.

ရပါတယ်။ ဒါပေမယ့် ငွေပြန်အမ်းစရာ မရှိပါဘူးလို့ ဖြေပါတယ်။

ဒီတော့ ကလေးမက ဘေးဘီဘင် ကြည့်ပြီး ဘေးနား ထိုင်နေတဲ့ အမျိုးသမီးကြီး တစ်ဦးကို

Do you have money? လို့ မတတ် တတတ်နဲ့ မေးလိုက်ပါတယ်။

အမျိုးသမီးကြီးက သူ့မှာ အကြွေမပါသဖြင့်

No, I don't. လို့ ဖြေလိုက်ပါတယ်။

သူတို့ရဲ့ ဖြစ်စဉ်ကို ကြည့်နေတဲ့ ဘေးက သဘောကောင်းတဲ့ ကောင်လေးတစ်ယောက် ဝင်ပြီး

I can break a hundred if you need it. ဒီမှာ ခင်ဗျား လိုအပ်ရင် ကျွန်တော် ဒေါ်လာ တစ်ရာတန်ကို အကြွေလဲပေးနိုင်ပါတယ်။

ဒီအခါ ကောင်မလေးက ငွေအကြွေလဲတာကို break လို့ သုံးတာကို သိရှိသွားသဖြင့် ကဗျာကယာ ပြောလိုက်ပါတယ်။

Could you please break a hundred for me?

တစ်ရာတန်ကို ငွေအကြွေ လဲပေးနိုင်မလားရှင်လို့ မေးလိုက်ပါတယ်။

ဒီတော့ ကောင်လေးက တစ်ရာတန်ကို ယူပြီး လဲပေးလိုက်တယ်။

ကောင်မလေးက အကြွေကို ဒရိုင်ဘာကို ပေးပြီး ကားထဲဝင်နေစဉ် ဒရိုင်ဘာက Hold on tight. သေချာကိုင်ထားကြပါလို့ ပြောပြီး ကားကို အရှိန်နဲ့ မောင်းထွက်တဲ့အခါ

ဟောင်လိုဝင် သရဲမျက်နှာဖုံးနဲ့ ကောင်မလေးက လက်တန်းမကိုင်မိဘဲ လဲကျကာ မျက်နှာဖုံး ကျွတ်ကျသွားပါတယ်။

ဒီမှာ cash ဆိုတာ ငွေသား၊ costume က ဝတ်စုံ၊ break (money) က ငွေအကြွေလဲတာ၊ change က ပြန်အမ်းငွေကို ဆိုလိုပါတယ်။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။ စာဖတ်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေဗျာ

Sort:  

အသုံးဝင်တဲ့ အသုံးနှုန်းလေး မျှဝေပေးသွားတာ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆက်လက်မျှဝေပေးပါဉီး။
မျှော်နေမယ်။

!PIZZA

PIZZA!

$PIZZA slices delivered:
@myanmarkoko(1/5) tipped @phyowinkoko7

Come get MOONed!