အမှားလုပ်မိတဲ့ ကိုကို

in HIVE-MYANMAR15 days ago

ကိုကိုက ကွန်ပျူတာရှေ့မှာ ထိုင်ရင်း အလုပ်တွေ ရှုပ်နေတယ်။

ဒီအချိန်မှာ အောင်အောင် ရောက်လာပြီး

Ko Ko, have you sent the email of updated sales data to your boss?

ကိုကို မင်း သူဌေးကို အသစ်ပြန်ရေးထားတဲ့ အရောင်းစာရင်း ပို့ပြီးပြီလား မေးလိုက်တယ်။

ဒီတော့ ကိုကိုက သူ ပို့ဖို့မေ့နေတာ သတိရသွားတယ်။ အချိန်ကလည်း နောက်ကျနေပြီဖြစ်တော့

ကိုကိုက ကွန်ပျူတာထဲ အမြန်ရှာပြီး ပို့လိုက်တယ်။

A notification has popped up on his computer saying the email has been sent.

ချွင် ခနဲ အီးမေးလ် ပို့ပြီးကြောင်း ကွန်ပျူတာမှာ နိုတီတက်လာတယ်။

Ko Ko felt relieved and opened the notification to see the sent email.

ကိုကိုက စိတ်သက်သာရာရသွားပြီး ပို့ပြီးသွားတဲ့ အီးမေးလ်ကို ပြန်ဖွင့်ကြည့်လိုက်တယ်။

Oh my, I just screwed it up. That is the outdated sales data that I sent.

သွားပါပြီ။ မှားသွားပြီ ငါပို့လိုက်တာ အရောင်းစာရင်း အဟောင်းကြီးဟ။

ဒီမှာ screwed up ရဲ့ အဓိပ္ပါယ်က အမှားလုပ်မိတယ်။ made a mistake ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

ဥပမာ ဝါကျတွေကတော့

Nila screwed up her chemistry exam.

နီလာက ဓါတုဗေဒ စာမေးပွဲမှာ ဖြေထားတာ အမှားတွေချည်းပဲ

When the teacher asked students to write an essay, Mee Mee screwed it all up.

Her essay has too many grammatical errors.

ဆရာမက တပည့်တွေကို အက်ဆေးတစ်ပုဒ် ရေးခိုင်းတဲ့အခါ မီးမီးက အကုန် အမှားတွေချည်းပဲ ရေးမိတယ်။ သူမရဲ့ အက်ဆေးမှာ သဒ္ဒါအမှားတွေ အများကြီး ပါနေတယ်။

Screw up မှာ အမှားလုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်အပြင် နောက်အဓိပ္ပါယ် တစ်ခု ရှိသေးတယ်။

အဲဒါကတော့ to have emotional or psychological problems.

စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတယ်လို့ ဆိုလိုပါတယ်။

‌Aung Aung has been really screwed up since his mother died.

သူအမေ သေဆုံးပြီးကတည်းက အောင်အောင်က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရတယ်။

ဖတ်ရှုသူ အားပေးသူ အားလုံး

ကျန်းမာ ချမ်းသာကြပါစေ။

@phyowinkoko7

Sort:  

Congratulations @phyowinkoko7! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You distributed more than 100 upvotes.
Your next target is to reach 200 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Our Hive Power Delegations to the September PUM Winners
Feedback from the October Hive Power Up Day