အားလုံး မင်္ဂလာပါ။
ကျွန်တော် မယ်ဟောင်ဆောင်နဲ့ တစ်နာခွဲ ( 70km လောက်)လောက်ဝေးတဲ့ Khun Yuam district မှာရှိတဲ့ Wat To Phae ကို အောက်တိုဘာ ၃၀ ရက်နေ့ ၂၀၂၅ခုနှစ် က လည်ပတ်ဖြစ်ခဲ့ပါတယ်။
ချင်းမိုင်ကနေ မယ်ဟောင်ဆောင်ကို လမ်းနှစ်လမ်းကနေသွားနိုင်းတယ်၊ တစ်လမ်းက မြောက်ဘက်ပိုင်း Pai ကို ဖြတ်ရတယ်၊ နောက်တစ်လမ်းက တောင်ဘက်ကလမ်းဖြစ်ပါတယ်။
လူစီး express တွေ ၊ ကုန်တင်ကားတွေက တောင်ဘက်လမ်းက လာကြတာတွေ့ရတယ်။ Pai ဘက်ကလမ်းက တောင်အတက် အဆင်း ပိုမတ်လို့ ကားကြီးတွေ မသွားတာ ထင်တယ်။
ဒီ ကျောင်းကတော့ တောင်ဘက်လမ်းကနေသွားရတာဖြစ်ပြီးတော့ အထဲဘက် အနည်းငယ်ဝင်ရပါတယ်။* ဒီကျောင်းက လက်ရာတွေကတော့ မြန်မာလက်ရာ၊ အထဲမှာ လူကြီးတွေ ကထိန် ပင်စက္ကူတွေ ကပ်နေကြတယ်၊ ရှမ်းကြီးစကားပြောသံကြားရတယ်။* ဒီကျောင်းမှာ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိတဲ့ ရွှေခြည် လက်ရာရှိတယ်၊ မှန်ဘောင်ထဲမှာ ထည့်ထားပါတယ်။
ဘုန်းကြီးကျောင်းတစ်ဘက်မှာ ချောင်း၊ အခြားတစ်ဘက်မှာ စပါးခင်းတွေ ရှိပါတယ်။
@princekham 13th Nov 2025
!PIZZA
!MEME
Thanks!
!PIZZA !MEME
$PIZZA slices delivered:
htwegyi tipped princekham
@princekham(1/10) tipped @htwegyi
Join us in Discord!