ဒီ ပိုဒ့်ကို တော့ အင်္ဂလိပ်စာ လေ့လာနေသူတွေ နဲ့ စိတ်ဝင်စားသူတွေအတွက် ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ အင်္ဂလိပ်စကားလုံး အချို့တော်တော်များများကို သူတို့ရဲ့ အရင်း အမြစ်နဲ့ ဆက်စပ်မှတ်သားရင် ပိုမှတ်ရလွယ်ပါတယ်။
(ကျွန်တော် ဖော်ပြမဲ့ စကားလုံး အရင်းအမြစ် စုစည်းမှုတွေကို Word Smart, 6th Edition အခန်း (၆) − "Word Roots You Should Know" ကနေထုတ်နုတ်ထားတာပါ။)
ဥပမာ အနေနဲ့ a (without) နဲ့ ဆက်စပ်တဲ့ အောက်ပါ စကားလုံး လေးတွေကို ကြည့်ကြည့်ပါမယ်။
a (without) ဆိုတာက ကျွန်တော်တို့ သိထားပြီးဖြစ်တဲ့အတိုင်း "မရှိခြင်။း ကင်းမဲ့ခြင်း" ဆိုတဲ့ အဓိပ္ပါယ်ရှိတဲ့အတွက် သူ့နဲ့ တွဲတဲ့ စကားလုံးတွေအပေါ်မှာလဲ အဲဒီအဓိပ္ပါယ် သက်ရောက်စေပါတယ်။
amoral (adj) အမှားအမှန် မသိသော၊ အမှားအမှန် မခွဲခြားတတ်သော။
(moralis (Latin) : custom)moralis ဆိုတာ လက်တင်ဘာသာမှာထုံးတန်းစဥ်လာကိုဆိုလိုတာပါ။
ရှေ့မှာ a နဲ့ တွဲလိုက်တော့ ထုံးတန်းစဥ်လာကို မသိသော − အဲဒီကနေ အမှားအမှန် မခွဲခြားတတ်သော ဆိုပြီး စကားလုံး အဓိပ္ပါယ် ပြောင်းလာပုံပေါ်ပါတယ်။သတိထားရမှာက
immoral နဲ့ ရောတတ်ပါတယ်။
immoral (adj) စာရိတ္တမကောင်းသော။
လို့ဆိုလိုတာပါ။atheist (n) ဘုရားမဲ့ဝါဒီ။
(theos (Greek) : god)ဂရိဘာသာစကားမှာ theos ဆိုတာ "နတ်ဘုရား''ပါ။ ဆက်စပ်စကားလုံးကတော့ theology ပါ။
atypical (adj) ပုံမှန်မဟုတ်သော။
(typos (Greek) : model)ဂရိဘာသာစကား typos အဓိပ္ပါယ်က ''နမူနာပုံစံ" လို့ အဓိပ္ပါယ်ရလို့၊ အရှေ့မှာ a ထည့်လိုက်တော့ ပုံစံမကျသော အဲဒီကနေ ပုံမှန်မဟုတ်သော လို့ ဆိုလိုလာဟန်တူပါတယ်။
anonymous (adj) အမည်မသိသော
(onyma (Greek) : name )ဒါကတော့ ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသာ ဖြစ်ပါတယ်။
apathy (n) စိတ်ဝင်စားမှုမရှိခြင်း၊ ခံစားမှုမဲ့ခြင်း။
(páthos (Greek) : experience, misfortune, emotion)ဂရိဘာသာစကား páthos "ခံစားချက်" ကနေ ဆင်းသက်လာတာပြီး compassion (စာနာတတ်ခြင်း), sympathy(ဂရုနာသက်ခြင်း), empathy (ထပ်တူခံစားခြင်း) စတဲ့ စကားလုံးတွေဒီ စကားလုံးနဲ့ ဆက်စပ်နေတာပါ ။
amorphous (adj) ပုံသဏ္ဍန်မရှိသော။
(morphē (Greek) : form)ဂရိဘာသာစကား morphē "ပုံသဏ္ဍန်" နဲ့ a နဲ့ ပေါင်းထားတာပါ။ ပုံသဏ္ဍန်များစွာရှိတဲ့ အရာကို polymorphism လို့ခေါ်တာပါ။
atrophy (n) (ကြွက်သားစသည်) ကြုံလီ သေးငယ်သွားခြင်း။
(trephein (Greek) to nourish)ဂရိဘာသာစကား trephein (to nourish) − "အာဟာရ ဖြည့်ဆီးပေးသည်" ဆိုတာ ကနေ a နဲ့ ပေါင်းလိုက်တော့ အဟာရချို့တဲ့ပြီး ပိန်လီလာတာကို ဆိုလိုဟန်တူပါတယ်။
apartheid (n) လူမျိုး အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း။
(Afrikaans, from apart apart + -heid - hood)heid ဆိုတာ အာဖရိကဘာသာစကားမှာ hood "အုပ်စု" လို့ အဓိပ္ပါယ်ရပြီး လူမျိုးခွဲခြင်း၊ အဆင့်အတန်းခွဲခြင်းဆိုတဲ့ apartheid စကာလုံး ဖြစ်လာတာပါ။
anomaly (n) ပုံမှန် မဟုတ်ပဲ မတူ ကွဲပြားနေခြင်း။
(homalos (Greek) even, from homos - same )a(without)+homos(same) နှစ်ခု ပေါင်းထားတာပါ။
agnostic (n) ဘုရား ရှိခြင်း မရှိခြင်း အပေါ် မသိနိုင်ဟု ယုံကြည်လက်ခံသူ။
( gnōstós (Greek) known)a(without)+gnostos (known)ဘုရားသခင်နဲ့ ပါတ်သက်ပြီး မသိနိုင်ဘူးဆိုပြီး လက်ခံထားသူပါ
စကားလုံးတွေရဲ့ အသံထွက် ကိုတော့ "Collin Dictionary" မှာ ရှာပြီး နားထောင်နိုင်ပြီး ထုတ်နုတ်ထားတဲ့ စာအုပ်ကို အောက်ပါ လင့်ကနေ ရယူနိုင်ပါတယ်။ အဲဒီစာအုပ်ထဲမှာ အရင်းအမြစ်တူတဲ့ စကားလုံးတွေကို စာအုပ် အခန်း(၆)မှာ စုစည်းပေးထားတာကိုတွေ့ရမှာပါ။ ဆက်လက် လေ့လာနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်။
Source:
စကားလုံး အရင်း အမြစ် တွေကိုတော့ Webster Dictionary ကနေ ရယူထားပါတယ်။
Yay! 🤗
Your content has been boosted with Ecency Points, by @princekham.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for Proposal
Delegate HP and earn more
Thanks
!PIZZA
@princekham! I sent you a slice of $PIZZA on behalf of @donjaun.
Learn more about $PIZZA Token at hive.pizza (2/10)
အသံထွက်တွေကခက်မယ်ထင်တယ်...ကျေးဇူးတင်ပါတယ်
ဟုတ် အချို့ခက်တဲ့စကားလုံးဆို အသံထွက်ဖို့ dictionary ကြည့်ရမှာ
English စာလိုက်စားသူတွေအဖို့ အဖိုးတန်တဲ့ ပိုစ်လေးပါပဲ။
!PIZZA
@princekham! I sent you a slice of $PIZZA on behalf of @myanmarkoko.
Learn more about $PIZZA Token at hive.pizza (2/10)
ဟုတ် အသုံးဝင်တယ် သိရလို့ဝမ်းသာပါတယ်