လငပုပ် ဖမ်းနေပြီ

in HIVE-MYANMAR11 hours ago

၁၉၆၉ နှစ်က သီချင်းလေး တစ်ပုဒ်ဖြစ်တဲ့ Bad Moon Rising ကို နားထောင်ရင်း အတွေးနယ်ချဲ့မိတယ်

Creedence Clearwater Revival ရဲ့ သီချင်းပါ

I see the bad moon rising…
Don’t go around tonight…
And it’s bound to take your life…
There’s the bad moon on the rise…

သီချင်းက အမေရိကန်ပြည်ထောင်စုမှာ စစ်တွေ ဖြစ်နေတဲ့ အချိန်မှာ ထွက်လာတာပါ

ဗီယက်နမ်နဲ့ စစ်ပွဲပါ အမေရိကန်ပြည်ထောင်စုက တောင်ဗီယက်နမ် ဘက်ကနေ ကွန်မြူနစ် မြောက်ဗီယက်နမ်ကို ကူတိုက်ပေးတာပါ

ဒီလိုစစ်ပွဲတွေ ဖြစ်ပြီး လူတွေ သေကြေ နေကျချိန်မှာ ccr အဖွဲ့ ဒီသီချင်း ထွက်ရှိလာပါတယ်

ကပ်ဘေးတွေအတွက် သတိရှိကြဖို့ ရည်ညွှန်းချင်တယ် ထင်ပါတယ်

စစ်ဘေး အငတ်ဘေး သဘာဝဘေးတွေ လာတော့မယ် လငပုပ်ဖမ်းနေပြီ အပြင်မထွက်ကြနဲ့ လို့ဆိုပါတယ်

ကျနော်တို့ ရှေးလူကြီတွေမှ ဒီလို အယူအဆ ရှိကြတာမဟုတ်ဘူးဗျ သူတို့တို့လည်း ရှိပုံရတယ်

Bad moon rising ဆိုတာက ဆိုးသွမ်းတဲ့ လမင်းကြီး ထွက်လာနေပြီ

Don’t go around tonight ဒီည အပြင်မထွက်ကြနဲ့

And it’s bound to take your life. မင်းရဲ့ ဇီဝိန်ကို ချွေသွားမယ်

လငပုပ်ဖမ်းနေပြီ (ဆိုးသွမ်းတဲ့ လမင်းကြီး ထွက်လာပြီ)

ခုလည်း ဒီလိုပါပဲ ကျနော်တို့ ဘဝတွေ
Don’t go around tonight. အပြင် မထွက်နဲ့ ပေါ်နေတဲ့ဟာတွေ ဆွဲသွားမယ်

ထွက်မယ်ဆိုလည်း လုံလုံခြုံခြုံ ဝတ်သွား ကောင်မလေးတွေဆိုလည်း အတိုတွေ အပြတ်တွေ မဝတ်နဲ့ ပေါ်နေရင် အဆွဲခံရမယ်

ထားပါတော့ လငပုပ်ဖမ်းနေတဲ့အချိန် လကြတ်နေတဲ့ အချိန်မှာ ရှေးမြန်မာတွေက အပြင်မထွက်ရဘူး ဓါးမကိုင်ရဘူး လမင်းကို ဘီလူးကြီးက ဝါးမျိုထားတယ် ဒါက နမိတ်ဆိုး စသည်ဖြင့် အယူတွေ ရှိကြတယ်

အမေရိကန်တွေလည်း ဒီလို ခပ်ဆင်ဆင် အယူရှိပုံပဲနော် ကျနော့်အထင်တော့ လူမျိုးတိုင်းနီးပါး ရှိကြမယ် ထင်ပါရဲ့

သီချင်း နားထောင်ချင်တဲ့လူ အဆင်သင့် နားထောင်ရအောင် YouTube link လေး မျှဝေလိုက်ပါတယ်