Number 9

in HIVE-MYANMAR4 years ago

atoz.png

Hive Myanmar မိတ်ဆွေများခင်ဗျာ ... လွမ်းရေးထက် ဝမ်းရေးခက်၊ ဝမ်းရေးထက် ပြည်ထဲရေး ခက်ချေပြီဟု ကြားသိမြင်တွေ့နေရပါသည်။ ဤကာလဆိုးတွင် အလိုဆန္ဒ (want) နှင့် လိုအပ်ချက် (need) ကို တွေးဆဆင်ခြင် ဉာဏ်နှင့်ယှဉ်၍ မိမိတို့၏ ကိုယ်ပိုင်ငွေကြေးများကို စနစ်တကျ သုံးစေချင်ပါသည်။

ယနေ့တွင် (၉) ဂဏန်းအကြောင်း ရေးပါဦးမည်။ ၁၁ နှင့် ၂၂ အကြောင်းရေးပြီးလျှင် စုစည်း၍ သိမ်းဆည်းထားနိုင်ရန် ပို့စ်တခု ပြန်တင်ပေးပါမည်။ ဂဏန်းတို့၏ ပင်ကိုယ်သဘောသဘာဝများကို လေ့လာမှတ်သားခြင်းသည် သင်္ချာဗေဒတွင် အခြေခံကျသော သင်ခန်းစာ ဖြစ်ပါသည်။

၁ မှ ၉ အထိ ဂဏန်းများသည် လူတဦး၏ မွေးနေ့နှင့် အမည်နာမများအပေါ် ဩဇာသက်ရောက်မှု ရှိနေပါသည်။ မွေးနေ့ သို့မဟုတ် အမည်နာမတွင် ဂဏန်းတလုံး၏ အရေအတွက် များလာလေလေ ထိုဂဏန်း၏ သဘောသဘာဝများ ပိုမိုအသက်ဝင်လာလေပင် ဖြစ်သည်။

ယခုပို့စ်တွင် (9) ဂဏန်း၏ သဘောသဘာဝကို ရေးသားပါမည်။ ဂဏန်းများ၏ စရိုက်လက္ခဏာများသည် မွေးနေ့ဂဏန်းထက် အမည်နာမဂဏန်းများပေါ်တွင် ပိုမို၍ လွှမ်းမိုးနိုင်ပါသည်။

(9) ဂဏန်းသည် ဒုက္ခရောက်နေသော ဆင်းရဲသားများကို ကူညီထောက်ပံ့သူ၊ ခရီးသွားသူ၊ ဝေဒနာကုသသူ၊ လူသားတို့၏ အကျိုးဆောင်ရွက်သူ၊ ဆရာဝန်၊ ရုပ်ရှင်သရုပ်ဆောင်၊ ဝန်ကြီး ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(9) ဂဏန်း၏ အပြုသဘော - Constructive

  • စာနာသနားတတ်ခြင်း
  • လူလူချင်း မေတ္တာထားတတ်ခြင်း
  • အားလုံးအပေါ် မေတ္တာထားတတ်ခြင်း
  • အနုပညာတွင် ပါရမီပါခြင်း
  • အလုပ်အကျွေးပြုခြင်း

(9) ဂဏန်း၏ အပျက်သဘော - Negative

  • စိတ်ထိခိုက်လွယ်ခြင်း
  • အတ္တကြီးခြင်း
  • အမျှော်အမြင်ကင်းမဲ့စွာ လုပ်ဆောင်တတ်ခြင်း
  • အပျော်အပါး လိုက်စားတတ်ခြင်း

(9) ဂဏန်း၏ အဖျက်သဘော - Destructive

  • အကျင့်စာရိတ္တ ပျက်ပြားခြင်း
  • အလွန်ဒေါသကြီးခြင်း
  • မုသားစကား ပြောတတ်ခြင်း
  • အကျင့်ဆိုးရှိတတ်ခြင်း
  • စိတ်တိုတတ်ခြင်း
  • အပျော်အပါး လိုက်စားခြင်း

အပြုသဘော၊ အပျက်သဘော၊ အဖျက်သဘော သုံးရပ်ထဲမှ မည်သည်က ပို၍ အားကောင်းမည် ဆိုသည်မှာ ကာယကံရှင်၏ ရွေးချယ်မှု သို့မဟုတ် လက်တွေ့ကျင့်သုံးမှု ရလဒ်အပေါ် မူတည်ပါသည်။

သင်္ချာဗေဒကို စိတ်ဝင်စားသူသည် ယခင် Modern Numerology ပို့စ်များကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။ မော်ဒန်သင်္ချာဗေဒသည် လေ့လာရန် လွယ်ကူသောကြောင့် ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
12.01.2022

Sort:  

ဗမာလူမျိုး​တွေက​တော့ ၉ဂဏန်းကို သ​ဘောကျကျတယ်ရှင့် ဘုရားဂုဏ်​တော်​ကြောင့်မို့ထင်တယ်

အခုမှပဲ ဖတ်ရတော့တယ် နံပါတ်ကိုးကိုစောင့်နေတာ။ :D !PIZZA

ဗဟုသုတရပါတယ် ကျေးဇူးပါ !LOLZ !PIZZA !LUV

OH NO!
You are out of jokes for the day!

@nayhlaingsoe you can call @lolzbot a maximum of 2 times per day.
Level up by buying more $LOLZ so you can share more jokes per day!

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
nayhlaingsoe tipped sayalu (x1)
@hive.phyowinkoko(2/5) tipped @sayalu (x1)

Please vote for pizza.witness!