နှင်းမေတ္တာသွန်း-၃၄

in HIVE-MYANMAR2 years ago

img_0180.jpg

နားကပ်ကိုဆွဲဖြုတ်လိုက်တဲ့အရှိန်ဟာကြမ်းလွန်းတော့ အမေကြီးရဲ့ နားတစ်ဖက်ဟာ အောက်လင်းဖန်မီးအိမ်ကြီးရဲ့ မထင်းမရှားအလင်းရောင်အောက်မှာ ပြုတ်ထွက်သွားတဲ့ဘက်က နားကိုလက်တစ်ဖက်နဲ့အုပ်ရင်း လက်ကြားက စီးဆင်းလာတဲ့သွေးတွေက တစ်စက်စက်နဲ့ နာကြင်မူတို့ဟာ ရင်ထဲအမျှပေါ့။

img_0620.jpg

"ဟေ့ကောင်တွေ မင်းတို့ထဲကတစ်ယောက် အိမ်ပေါ်မှာ သွားရှာကြစမ်း မြန်မြန်လူတွေမဝိုင်းခင်"ခေါင်းဆောင်က စိတ်တွေလှုပ်ရှားနေတဲ့အသံနဲ သူ့လူတွေကို အမိန့်ပေးပီးချင်းမှာပဲ လူသုံးယောက် အိမ်ပေါ်ပြေးတက်သွားကာ တခါးတွေဆောင့်ကန်ပီးဝင်သွားတော့တယ်။ အဲ့အချိန်ခါမှ အိမ်အောက်က အောအောနဲ့ တစ်ခုခုဖြစ်နေပီဆိုတဲ့အတွေးနဲ့ အဖေကြီးလည်း လှေးခါးကအဆင်း ထိပ်တိုက်တွေ့သွားကြတယ်။

img_0807.jpg

ဗြုန်းခနဲဆို အဖေကြီးလည်း လက်နက်တွေကိုင်ဆောင်ထားတဲ့ လူစိမ်း (၃)ယောက်က သူ့ကို ပစ်ဖို့ချိန်ထားလိုက်တော့ ခေါင်းနပန်းကြီးသွားတယ်။"မင်းတို့ ဘယ်သူတွေလည်းတောင်"မေးချိန်မရှိခင်လေးမှာပင် အဖေကြီးကို သူတို့ကသေနက်ဒင်နဲ့ ဆောင့်ချလိုက်တော့တယ်။ ခွေခွေလေး မေ့မျော့သွားတဲ့ အဖေကြီးကို ဓားမြ တစ်ယောက်က အိမ်အောက်ကိုပွေ့သွားကာ အမေကြီးတို့အနားက အိမ်တိုင်မှာ လက်နောက်ပြန်ကြိုးတုတ်ကာ ချည်ထားလေရဲ့။

img_0666.jpg

အဖေကြီးကတော့ ခေါင်းတွေထဲမှာ နာကျင်လွန်းလို့ ဘာမှတောင်မသိတော့ပဲ အမေကြီးတို့နားမှာ မေ့နေတာကိုကြည့်ပီး အမေကြီးက သူ့ယောကျာ်းဘာဖြစ်သွားပီလည်းဆိုတဲ့ အကြည့်နဲ့ "ကံမတော် သူတို့တွေသက်လိုက်လို့ သေများသေသွားပီလားဆိုတဲ့"အတွေးနဲ့ ပူထူသွားလေရဲ့။အဲ့ဒါနဲ့ အမေကြီးလည်း စိတ်ထဲမှာတစ်စွေးစွေးနဲ့ သူတို့လက်က ဘယ်လိုလွတ်အောင်လုပ်မလည်းတွေးရင်း အိမ်ပေါက်ဝဆီကို ထိုင်ရင်းရွှေ့သွားလိုက်တော့တယ်။

img_1644.jpg

ခုနက အိမ်ပေါ်တက်သွားတဲ့ လူစိမ်းနှစ်ယောက်ကလည်း အခန်းတည်းက သေတ္တာကို သေနက်ဒင်နဲ့ဆောင့်ချကာဖွင့်လေတော့​၏ သူတို့နှစ်ယောက်လည်း ပွင့်သွားသောသေတ္တာကိုကြည့်ပီး လျှင်မြန်စွာရှာဖွေတော့တယ်။ကြက်မအေကြီးများ အစာပုံကို အားရပါးရယက်ချလိုက်သလိုပဲ သူတို့နှစ်ယောက် အလုအယက်ရှာကြရင်း သံဗူးလေးတစ်ခုကိုတွေ့သွားတော့ ဝမ်းသာအားရ ဆက်ခနဲဆို ကောက်ယူပီး ဖွင့်လိုက်လေရာ"ဂလောက် ဂလောက်..ဂလောက်.."ဆိုပီး ဆောင့်ပီးတော့ဖွင့်လိုက်တဲ့အရှိန်ကြောင့် ကန်ပီးတော့ အန်ထွက်လာတဲ့ (၁)ကျပ်သားရှိတဲ့ လက်စွပ်(၂)ကွင်းဟာ လိမ့်ခနဲ့ဆို ခုန်ပေါက်ပီး အခန်းနံရံနဲ့ လှေခါးဆင်းနံရံကြား ဝင်သွားကြလေတော့​၏။

img_0546.jpg

အဲ့အချိန်မှာပဲ အိမ်ဝင်းအပြင်ဘက်က လူအချို့ရဲ့အသံကြားလိုက်တယ်"ဝိုင်းကြဟေ့ ဝိုင်းကြဟေ့"ဆိုပီး တစ်ဖက်ကမီးတုတ် တစ်ဖက်က ဓားတွေနဲ့ ခြံဝင်းနားကပ်လာတာလည်းသိရော ကျသွားတဲ့ လက်စွက်ကို ကောက်မလို့လုပ်နေတဲ့ ဓားမြတစ်ယောက်က အိမ်ပြတင်းခါးကိုပြေးဖွင့်ပီး "အေး..သေချင်တဲ့ကောင်ကပ်ခဲ့ကွ "ဆိုပီး ခါးက သေနက်ဆွဲထုတ်ပီး သုံးချက်ဖောက်လိုက်ရာ ခုနက အပြင်မှာ ဝိုင်းဟေ့ ဝိုင်းဟေ့ ဆိုတဲ့အော်နေတဲ့ လူတစ်စုရဲ့ အသံလည်း ဘယ်ရောက်လို့ရောက်လို့မှန်းကို မသိတော့ဘူးပေါ့။တန်းခနဲဆို အပစ်ခံရမှာဆိုးတာနဲ့ ပြေးကြတာပေါ့ကွယ်။ဒါနဲ့ ကျန်နေတဲ့ သူခိုးတစ်ယောက်က သံဗူးထဲမှာ ကျန်သေးတဲ့ (၁)ကျပ်သားဆွဲကြိုးနဲ့ (၁)ကျပ်သားလက်ကောက်(၂)ကွင်းကို တွေ့ရော ကျန်တာတွေဆက်မရှာတော့ဘဲ အခန်းထဲကထွက်သွားတော့တယ်။

photos by sheinthu
@sheinthu (8/1/2022) sat (8:30)pm

Sort:  

လူတွေကို ထပ်ပြီး ရန်မရှာလို့တော်သေးပ။

!PIZZA