နှင်းမေတ္တာသွန်း-၄၂

in HIVE-MYANMAR2 years ago

img_0809.jpg

ခုလည်း မေမေတို့ အမက လက်ဖက်ရည်ဆိုင်၊ ရေခဲမုန့်ဆိုင်တွေလည်းဖွင့်ထားတော့ ဖေဖေတို့က ကူညီပီးအလုပ်လုပ်ပေးကြရတာပေါ့။ဖေဖေက လက်ဖက်ရည်ဆိုင်မှာ အိပ်တာဆိုတော့ မနက် (၅)နာရီဆိုထ တစ်ဆိုင်လုံးမှာရှိတဲ့ ရေနွေးဘူးတွေကို ဖြည့်ဖို့ ရေးနွေးတည်တာပေါ့။ ပီးရင် ဖေဖေလုပ်ပေးတက်တာလေးတွေ လုပ်ပါတယ် ။ပလတာ၊နံပြား၊ထပ်တရာ၊လိပ်ခုတ်၊ကြက်ဥပလတာ၊နံထောအုပ် တွေကျော်တဲ့အခါ ဖေဖေက အစတော့ အဝယ်လာတဲ့သူတွေ မှာတဲ့ဟာကို အိပ်ထဲထည့်ပီး ပိုက်ဆံယူ ပိုတာပြန်အမ်းပေးလုပ်ရတာပေါ့။

img_0967.heic

လုပ်ငန်းသစ်တစ်ခုရဲ့ အစဟာ အရာရာမှာ စိတ်ဝင်စားနေရင် မှတ်မိလွယ်တာမြန်တာပေါ့ ။သမီးရယ် ဖေဖေလည်း ဒီလုပ်ငန်းလေးကို လားရှိုးရောက်လို့ကြုံတုန်းလေး တက်သိနိုင်သလောက် ကြိုးစားမှတ်တာပေါ့ကွယ်။ဖေဖေတို့ ရွာပြန်ရောက်ရင်ပဲဖြစ်ဖြစ် မြစ်ကြီးနားမှာပဲဖြစ်ဖြစ် တက်သိလာတဲ့မုန့်တွေကိုပြန်လုပ်ပီးရောင်းမယ်ဆိုလည်း ရတာပေါ့ကွယ် ။ဒါကတော့ ဖေဖေတွေးလိုက်မိတဲ့အတွေးလေးပေါ့။

img_1108.heic

###18.11.2021
ဒီနေ့ကတော့ မုန့်ကူရောင်းပေးနေချိန် မနက်အစောကြီး သမီးငယ်တို့ သားအမိ အပေါ်အိမ်ကဆင်းလာကြပီ ။အကြောင်းတော့ထူးပီဆိုတာ သိပီးသား ခါတိုင်းဒီလောက်အစောကြီးမထတဲ့ ဟာလေးတွေ ဆိုပီး ဖေဖေစိတ်ထဲက သိနေပေါ့။အနားရောက်လာကြတယ် သမီးငယ်လေးက ကျနော့ကိုပြောတယ်"ဖေဖေ မုန့်စားလေတဲ့" သူက စားဆိုတော့ ကျနော်က နံပြားဖိုက ညီလေးကို တချပ်လောက်လှမ်းမှာပီး စားနေလိုက်တယ် "ဖုန်းဝယ်သွားမယ်နော"ဆိုပီး နောက်က မဟေသီဆီက အသံနဲ့တူပါတယ်ဆိုမှ နောက်လှည့်လိုက်တော့ သမီးငယ်ကိုပွေ့ထားပီး ပြုံးစိစိနဲ့ ကျနော့ကိုကြည့်နေလေရဲ့။ပေါက်လိုက်ပီ ခုမှ သူတို့သားအမိက ကျနော့ကို မုန့်စားခိုင်းနေတာ ဖုန်းဝယ်ချင်လို့ဆိုတာကိုပေါ့ဗျာ။

img_1389.heic

ဟုတ်ပါပီဗျာ လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်က မဟေသီရဲ့ဖုန်းက ခိုးရာလိုက်သွားတော့ ကျနော်ကလည်း လားရှိုးက pioneer phone ဆိုင်မှာ ဖုန်းအသစ်လိုက်ခေါ်ပေးရမယ့် အလှည့်ရောက်လာတဲ့သဘောပေါ့ဗျာ။ထားတော့ အဲ့ဒါနောက်မှ ဆက်ကြစို့ ခုကျနော်ဘာသာ အတွေးမိသွားတယ် မရီးလက်ဖက်ရည်ဆိုင်ဆိုတော့ စားတာသောက်တာ အားလုံးကအစ အားလုံးအဆင်ပြေနေပါ့လား ဆိုတာကိုပေါ့။ မုန့်လုပ်တဲ့ ကလေးတိုင်းကလည်း ကိုယ်တွေနဲ့ ၃/၄ရက်လောက်အနေကြာလာတော့ ရင်းနှီးလာလို့ပါ့ ။

img_1413.heic

နောက်ဆုံး ခေါက်ဆဲွပြင်ပေးတဲ့ အမကြီးကအစ tea ဆရာလေးအထိဆုံး မနက် ၇:၃၀လောက်ဆို ကိုကြီးသောက်တော့မလားဆိုပီး အဆင်သင့်ဖျော်ပေးမယ့်သူနဲ့ပေါ့ဗျာ။ မနက်တိုင် ကျနော်က မုန်းရောင်းရင် နံပြားဖိုနဲ့ ထပ်တရာ လုပ်တဲ့ခုံကြားက ရောင်းပေးတာဆိုတော့ တနေ့ပီးတနေ့ မရိုးရအောင် ပဲနံပြား၊ထောပက်သုတ်နံပြား ဆွဲမလား ထပ်တရာ လိပ်ခုတ် ကြိုက်ရာဆွဲမလား ထိပေါ့ဗျာ။လက်ဖက်ရည်ကလည်း tea ညီလေးက အဲ့ဆိုင်မှာကို ၉ နှစ်လောက်တောင်ရှိလာပီဆိုတော့မှ သူ့လက်ရာကလည်း ကိုယ်အကြိုက်ကို ဖန်တီးပေးနိုင်သူလေးပေါ့ဗျာ။

အင်း ကိုယ်တွေရွာမှာဆို သောက်ချင်လာပီဆိုရင် ဝက်လက်မြို့ကိုပြေးရတာ ခုနောက်ပိုင်းဆို ၁ရက်တစ်ခါရောက်ဖို့မပြောနဲ့ ၁ပတ် ၁ခါတောင် မနည်း ဒါတောင် ဈေးဝယ်တက်ရင်းမို့။ခုကတော့ အဲ့တုန်းက ငတ်ပြတ်ခဲ့သမျှ အတိုးယူပီး စိတ်ကြိုက် လုပ်ချင်သလိုလုပ်လို့ ရနေပေါ့ ဒါပေမယ့်လည်း ကျနော့အတွေးသက်သက်သာပါဗျာ။

ဖုန်းဝယ်သွားဖို့ စိုင်းပြင်နေတဲ့သားအမိကလည်း တမျိုးဆိုတော့ မသွားလို့ကမဖြစ်ပေါ့ဗျာ။ ဒီနှစ်ကုန်လို့ နောက်နှစ်ရောက်တော့မှာ ၁လကျော်ကျော်လောက်စောင့်လိုက်ရင် ဒီထက်ကောင်းတဲ့ ဖုန်းတွေရဲ့စွမ်းဆောင်မူနဲ့ ဈေးတန်လည်းသင့်တင့်တဲ့ဟာတွေ လာတော့မှာ လို့ ကျနော်လည်း မဟေသီကို ရှင်းပြလာတာလည်း အာပေါက်လှပါပီလေ။ ခုတော့ သူ့မှာက ဘာစိတ်မှမရှိတော့ဘူး ရှိတာက ဘာဖြစ်ဖြစ်ဝယ်မယ်ဆိုတဲ့ စိတ်တစ်ခုကပဲ သူ့ကိုအားလုံးလွမ်းမိုးနေပီးဆိုတာ ကျနော်လည်းမြင်နေလေတော့ ဆက်ပီးမပြောတော့ပါဘူး ။

img_1071.heic

ဖုန်းဆိုင်ပဲတန်းမောင်းရမဲ့ အလုပ်ပဲရှိတာပေါ့ဗျာ။ပြောချင်တာက ခုမှပေါ့ သမီးဖြစ်သူကလည်း အမေလွယ်လာတဲ့ ပိုက်ဆံကိုင်းအိတ်ကို လွယ်ချင်လို့တဲ့ နောက်ဆုံးမှာ သူ့အမေအရှုံးပေးလိုက်ရတာဟုတ်တယ်။လမ်းမှာ ဆိုင်ကယ်စီးနေရင်းလည်း လွယ်ထားတဲ့အိတ်ကို ကျနော်နဲ့သူ့ကြားမှာ မထားချင်လို့ ဘေးတိုက်ဘဲလွယ်မယ်တဲ့ဗျာ။ ကျနော့ဆရာမကြီးကတော့ ဘယ်ကအတက်တွေတက်လာပီလည်းကိုမသိတော့ပါဘူးဗျာ ။အဲ့ဒါနဲ့ ဆိုင်ကယ်ကို ဖြေးဖြေးနဲ့ သတိလေးထားပီးမောင်းလာရတယ်။
Photos by sheinthu
@sheinthu (23/1/2022) sun (9:30)pm

Sort:  

မုန့်​တွေ အစုံလုပ်တက်တာပါလား ကျမက ပလာတာပဲရိုက်တက်တယ် သားသားက အရမ်းကြိုက်လို့ သင်ထားရတာ🙂🙂🙂

အဲ့လိုလည်း စုံအောင်မလုပ်တက်သေးဘူး😁။!PIZZA !LOL !BEER

My kids must love to camp
Whenever we go somewhere they keep asking RV there yet.

Credit: blockchainerx
@suhlaing, I sent you an $LOLZ on behalf of @sheinthu
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)

ကိုရှိန်း လားရှိုးမှာပေါ့
!BEER

ဟုတ်တယ်ဗျ မရီးလက်ဖက်ရည်ဆိုင်မှာ ရွာကလယ်အလုပ်တွေပီးတုန်းလေး လာကူရင်ရင်း။!PIZZA !LOL !BEER

What did the full glass say to the empty glass?
You look drunk!

Credit: hollowknightgod
@princekham, I sent you an $LOLZ on behalf of @sheinthu
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/2)


Hey @sheinthu, here is a little bit of BEER from @princekham for you. Enjoy it!

Did you know that you can use BEER at dCity game to **buy dCity NFT cards** to rule the world.

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@sheinthu(2/10) tipped @princekham (x1)
sheinthu tipped suhlaing (x1)

Please vote for pizza.witness!