12/12/2021)
အဲ့နေ့ညက ဖေဖေက အခန်းထဲက အိပ်ရာပေါ်မှာ မှာဖုန်းကြည့်နေရင်း သမီးငယ်က သူ့အရုပ်လေးတွေနဲ့ဆော့နေရင်း ရေနွေးဓာတ်ဘူးလေးအဖြူကို ကိုင်ပီးဆော့နေတာကို မြင်လိုက်တယ်။အဲ့ဒါနဲ့ဖေဖေက မေးလိုက်တယ် "အဲ့ဓာတ်ဘူးအဖြူလေးက ဘယ်ကရလာတာလည်း "လို့မေးပီးမှာ"ဖုန်းဝယ်တုန်းကလေး"ဆိုတဲ့အသံက လေသံလေးလေးနဲ့ မသိရင်ဖေဖေကိုတောင် အပစ်ပြော့မယ့်ပုံ ဟုတ်လည်းဟုတ်သားပဲ အဲ့နေ့က ကျနော်လည်းပါတာကို သမီးငယ်က ဒါကိုမသိရမလားလေသံနဲ့ပေါ့။ အဲ့ဒါနဲ့ "ဘယ်သူ့ဖုန်းဝယ်လို့လည်း" မသိတဲ့လေသံနဲ့ဆက်မေးလိုက်တော့ ပြောပြန်ပီဆရာမကြီးက "မေမေ့ဖုန်းလေ"တဲ့ ။ဟုတ်တာပေါ့ ငယ်လေးပြောတဲ့ဟာတွေအကုန်လုံးမှန်တာပေါ့ ဒါနဲ့အဲ့ဖုန်းဝယ်လာတာ အဲ့အချိန်းတုန်းက ၂ပတ်ကျော်လောက်ရှိနေပီပေါ့။သမီးငယ်လေးရဲ့အမှတိသတိအားတွေဖြေးဖြေးအားတွေ ကောင်းလာတယ်လို့ ဖေဖေမြင်မိတာပေါ့။
ငယ်လေးက အိမ်မှာမွေးထားတဲ့ ဂျက်ကီနဲ့ ရိုစီ ခွေးလေးတွေကိုလည်း အရမ်းချစ်တက်တာလည်းဟုတ်တယ်။အဲ့ဒါကတော့ ဟိုး လသားအရွယ်သားလေးကတည်းက မြစ်ကြီးနားမှာရှိတုန်း မနက်အိပ်ရာထရင် ဖေဖေနဲ့ခူးခူးယုန်ကလေးတွေကို အစားကျွေပေးဖို့ အမြဲအကျင့်ရှိခဲ့တယ်။ အစားကျွေးပီဆိုရင်လည်း သမီးငယ်လေးက ကိုယ်တိုင်ကျွေးလိုက်ရမှ ကျေနပ်တဲ့သူပေါ့။ခုလည်း အိမ်ကခွေးလေးတွေနဲ့လည်း အရမ်းချစ်တယ် ချစ်လွန်းလို့ သမီးငယ်က မျက်နှာချင်ဆိုင်း ငုံ့ငုံ့ကြည့်လွန်းလို့ ဟိုးတစ်နေ့က ဂျက်ကီ ကုတ်တာတောင်ခံလိုက်ရတယ် တော်သေးတယ် သမီးငယ်လေးရဲ့မျက်နှာပေါ့။ခုလည်း မမှတ်ထားဘူး အကိုက်ခံရတာတောင် ခွေးလေးတွေနဲ့အတူဆော့နေကြပြန်ပီ။
မနက်ရောက်တော့ ဖေဖေတို့သားအဖ လားရှိုးမြို့မှာ ခံစားနေရတဲ့ အချမ်းဓာတ်ကိုပေါ့သွားအောင် အိမ့်ရှေ့က ထင်ရှုးပင်ကြီးအောက်ထွက်ကြပြန်တယ်ပေါ့။ အရမ်းနှစ်တွေကြာလာပီဖြစ်တဲ့ ထင်းရှုးပင်ကြီးပေါ့ အရွက်တွေအကိုင်းခက်တွေကလည်း မြေပြင်မှာ တဖြုတ်ဖြုတ်နဲ့ပြုတ်ကျထားပုံများ အသက်အရွယ်အရမ်းကြီးလာတဲ့ အဘိုးတစ်ယောက် သူ့အင်္ကျီသူတောင်ဝတ်ပီး အလှမဆင်နိုင်တော့သလိုပဲ အပင်ကြီးကလည်း သူ့ရဲ့လှပတဲ့အရွက်တွေတောင် ထိန်းထားနိုင်စွမ်း အတော်ကိုအားနည်းနေပီ။ ဒါဟာသဘာဝမို့ အပင်ကြီးကို ပြန်လည် နုပျိုအောင် လုပ်လို့မရတော့ပေမယ်အပင်အောက်မှာ ရှုပ်ပွနေတဲ့ သစ်ရွက်မိုက်တွေကို သန့်ရှင်းပေးခြင်းအားဖြင့်တော့ ဒီပင်ကြီးရဲ့ဝန်ကျင်ဟာလည်း လှပလာမှာပေါ့။အဲ့ကြောင့်မို့ ဖေဖေနဲ့ ခူးကလည်း သမီးငယ်ဆွဲလာတဲ့ကားလေးထဲ ကြွေကျနေတဲ့ အမိုက်လေးတွေကို ထည့်ခါ အနီးနားမှာရှိတဲ့ အမိုက်ကျင်းထဲသွားပစ်ပီး ဆော့ကစားကြတယ်ပေါ့။
ဖေဖေက အမှိုက်လေးတွေကို ကြုံးပီးပုံထားလိုက်တယ် ခူးခူးက သယ်ပီး သီချင်းဆိုရင်းနဲ့ အမှိုက်ကျင်းပို့ပေးတယ်ပေါ့။ဘယ်လောက်ပျော်စရာကောင်းလည်းဆိုရင် အဲ့တုန်းက ဖေဖေနဲ့ ငယ်ပဲသိနေခဲ့တာပေါ့ ဒီစာကိုပြန်ဖက်မိနေချိန်မှာလည်း အရင်လိုပျော်ရွင်နေပါစေလို့ ဖေဖေဆုတောင်းပေးပါတယ်ငယ်ရေ။
ပီးတော့ ထင်းရှူးပင်ရဲ့ အိမ်ပေါက်တစ်ဖက်မှာရှိတဲ့ အရွက်ဖားဖားအပင်စိမ်းစိမ်းအုပ်လေးတစ်ပင်လည်းရှိတယ်ပေါ့။အဲ့ဒီအပင်လေးရဲ့အောက်မှာလည်း အိမ်ကိုပတ်ပီးဖောက်လုပ်ထားတဲ့ရေဆိုးမြောင်းရှိတယ်။တကယ်ဆို အဲ့ဒီရေဆိုးမြောင်းအနက်က ၂ ပေလောက်ရှိမယ်ပေါ့။ဒါပေမယ့်လည်း တစ်မိုက်လောက်ပဲရှိတော့တဲ့ အနက်ထဲမှာ မိုးရာသီမှာ အထက်ကကျလာတဲ့ အမှိုတ်သရိုက်နဲ့ရေဆိုရင် လာမဲ့မိုးရာသီးမှာ ရေမြောင်းပိတ်ရင်ပိုဒုက္ခရောက်ကုန်လိမ့်မယ်ပေါ့။အဲ့ဒါဖေဖေနဲ့ ခူးက မြောင်းထဲကအမှိုက် ပလပ်စတစ် ပို့သက်ဖြစ်နေတဲ့မြေတွေကို ဖယ်ထုတိကြတာပေါ့ကွယ်။
အိမ်မျက်နှာသာရှေ့မှာရှိနေတဲ့ အပင်လေးအောက်မှာ ဒီလိုမျိုး အမှိုက်တွေနဲ့ပြည့်နေတဲ့ နေရာမျိုးမှာ ဘယ်သူတွေက တန်ဖိုးထားမလည်းပေါ့။လိမ္မာတဲ့ဖေ့သမီးငယ်လေးက သီချင်းအဆိုကလည်းမပျက် ဆိုလိုက်ပီဆို english songs ကားလေးဆွဲပီး ဖေဖေ့ကိုလည်း ကူညီတယ်ပေါံ့။သမီးငယ်လေးနဲ့ အတူတူရှိနေရရင် အချိန်တွေဘယ်လောက်ကြာကြာ ဘယ်နေရာမှာဘဲဖြစ်ဖြစ် ဖေဖေ့စိတ်ထဲမှာ ပျော်ရွှင်စွာ ဖြစ်နေကြတယ်ပေါ့။သမီငယ်လေးလည်းအတူတူပဲပေါ့ ကြီးလာတဲ့တစ်နေ့မှာတော့ ဖေဖေလည်းမပြောနိုင်ဘူး ဘာလို့လည်းဆိုတော့ လူတွေအားလုံးပဲပေါ့ ဖေဖေတို့ကိုယ်တိုင်လည်း ဘာဖြစ်နေအုံးမယ်မသိသေးလို့ပဲ။ အဲ့ကြောင့်မို့ဖေဖေတို့ဟာ လူတွေနဲ့ပြောဆိုဆက်ဆံကြတဲ့အခါ ဘာဖြစ်မယ်အတိကျမသိနိုင်တဲ့ မနက်ဖြန်တိုင်းကိုမေ့ထားပီး လက်ရှိကိုယ်ပိုင်နေတဲ့အချိန်လေးကို အကောင်းဆုံးသူ့အတွက်ကိုယ်အတွက် အကျိုးရှိအောင်နေထိုင်နိုင်ခြင်းသာလျင် လောကမှာ အောင်မြင်ပျော်ရွှင်သူ ဖြစ်စေမယ်ပေါ့။
@sheinthu (22/5/2022) sun (12:20)pm
!PIZZA
Thanks bro
PIZZA Holders sent $PIZZA tips in this post's comments:
@golden.future(2/5) tipped @sheinthu (x1)
You can now send $PIZZA tips in Discord via tip.cc!