Beautiful Photo Edit & Snapshot

in HIVE-MYANMAR29 days ago (edited)

မင်္ဂလာပါ။ မိတ်ဆွေတွေ အားလုံး နေကောင်းကြရဲ့လား။ ကျွန်မကတော့ ကျန်းမာပါတယ်။ အခုတလော ရာသီဥတု အပြောင်းအလဲကြောင့် ဖျားနာတာတွေ အဖြစ်များနေကြတာမို့ ကျန်းမာရေးကို ဂရုစိုက်ကြပါ။

ကျွန်မလည်း Hiveပေါ်မှာ ပေါ်လိုက်ပျောက်လိုက်နဲ့ စာတွေလည်း မရေးဖြစ်တော့ပါဘူး။ ရေးမယ်လုပ်လိုက် လေ့လာစရာတွေက ပေါ်လာလိုက်နဲ့ အချိန်တွေ အတော်များများက Youtubeပေါ်မှာ ကုန်နေခဲ့ပါတယ်။

အခုတလောမှာတော့ ကျွန်မက ဓာတ်ပုံပညာကိုလေ့လာဖြစ်ပါတယ်။ အလှဓာတ်ပုံတွေ ရိုက်ကူးရတာ ဝါသနာပါပေမဲ့ အမြဲတမ်း စားဝတ်နေရေးအလုပ်တွေကိုသာ အချိန်ပေးနေရတာမို့ ဝါသနာကို မလုပ်ဖြစ်ခဲ့ပါဘူး။

အခုတော့ ဘဝနေမဝင်ခင် ဝါသနာပါတာလေး ထ လုပ်ဖြစ်တယ်ဆိုပါတော့။ တောရိုက်တောင်ရိုက်ကနေ စနစ်တကျ ရိုက်တက်လာဖို့ သင်ယူနေဆဲ ရှိသေးတာမို့ တောရိုက်တောင်ရိုက်ပုံလေးတွေကို မျှဝေလိူက်ပါတယ်။

Before

After

ဒီပုံလေးတွေ​ကတော့ Samsung A21sလေးနဲ့ ရိုက်ကူးထားတဲ့ ဆောင်းစံပယ်ပန်းပုံလေးဖြစ်ပါတယ်။ ပြီးတော့မှ Photographyသမားတွေ အသုံးပြုလေ့ရှိတဲ့ Liferoomနဲ့ Editထားတာ ဖြစ်ပါတယ်။

Before

After

Photoတွေကို4:3နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Liferoomမှာ Lifeနဲ့ Colour အနည်းငယ် Editလုပ်ထားပါတယ်။

ဒီပုံလေးကတော့ Cool Colourကို အသုံးပြုရိုက်ကူးထားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Sort:  

ဟိုယခင်က ကိုယ်တွေလည်း ဖုန်းနဲ့ ဓာတ်ဖမ်းရတာ အရူးအမူးပ။
!LOLZ

Why can’t you trust an atom?
Because they make up literally everything.

Credit: marshmellowman
@suhlaing, I sent you an $LOLZ on behalf of htwegyi

(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

တကယ်က ပညာရပ်တစ်ခုကို အရင်ထဲက ေသချာလေ့လာခဲ့ရင် အခုချိန်ဆို နေရာလေးတစ်ခုတော့ သေချာနေလောက်ပြီ ဘထွေးရေ

စာကလေးအိမ်လေး မိုက်တယ်