ဒီနေ့တော့ NFTs အကြောင်းလေး ဆက်ပါမယ်။ ကျမလည်း သိချင်စိတ်ရှိတာနဲ့ ဆက်ပြီးလေ့လာဖြစ်ပါတယ်။ များများစားစားတော့ လေ့လာဖြစ်တာ မဟုတ်ဘဲ ကျမ သိရသလောက် လေ့လာဖြစ်သလောက်လေးကို မျှဝေပါ့မယ်။ အမှားပါသွားရင်လည်း စာရေးသူ ကျမ တာဝန်သာ ဖြစ်ပါတယ်။ NFTs အကြောင်း လေ့လာတော့မယ်ဆိုရင် အရင်ဆုံး NFTsတွေကို ရောင်းဝယ်ဖို့အတွက် Crypto Wallet တစ်ခု မရှိမဖြစ်လိုအပ်ပါတယ်။ Wallate တွေထဲက ကျမ အသုံးပြုဖို့ Account login လုပ်ထားတဲ့ Metamask အကြောင်းပြောချင်ပါတယ်။ အကောင့်ဖွင့်ပုံကတော့ ထူးထူးခြားခြား ခက်ခဲတာမျိုး မရှိတာမို့ မပြောပြတော့ပါဘူး။
အကြမ်းအားဖြင့်တော့ Matamask appကို Play Storeကနေ Dowmload ဆွဲမယ်။ App ထဲ ဝင်မယ်။ ကိုယ့်စိတ်ကြိုက် password ရိုက်ထည့်မယ်။ ပြီးရင် နံပါတ်စဥ် ၁ နေ ၁၂ အထိ ပေးထားတဲ့ စကားလုံးတွေကို စာရွက်မှာ ချရေးထားမယ် နောက်တစ်ဆင့်မှာ အဆင်လိုက်အတိုင်းပြန်ရွေးမယ်။ ဒါဆို အကောင့် ပွင့်သွားပါပြီ။ Passwordsတွေကိုတော့ သေချာမှတ်သားထားပါ။ ပြီးရင် သူက မျက်နှာ scamဖတ်ပါတယ်။ ဒါဆိုရင် အကောင့်ဖွင့်ဖို့ လုပ်ဆောင်တာ အောင်မြင်ပါပြီ။ အကောင့်ထဲ ရောက်ရင် ဒီလိုတွေ တွေ့ရပါမယ်။ Metamaskရဲ့ ကောင်းမွန်တဲ့ အချက်က Browser ကို တစ်ခါတည်း ထည့်ပေးထားပါတယ်။
Metamaskရဲ့ Browserကနေ Openseaကို တိုက်ရိုကိ အသုံးပြုနိုင်ပါတယ်။ Metamaskထဲ ရောက်ရင် ကိုယ့် walletနဲ့ Openseaကို ချိတ်ဆက်ရပါမယ်။ ဒါဆိုရင်တော့ ရောင်းလို့ ဝယ်လို့ ရပြီ ထင်ပါတယ်။ walletထဲမှာ Explore Collectionsတွေကို Trending, Top,Art,Collectibles, Domain Name, Music,Photography, Sports,Trading Cards,Utility,Virtual Worldsစသည်ဖြင့် သူ့ အပိုင်းလိုက်ခွဲခြားထားပါတယ်။ အဲ့ဒီထဲမှာ NFTsတွေကို ETHစျေးနှုန်းတွေနဲ့ တကွ ဖော်ပြထားပါတယ်။ ကျမလည်း Sell/Buy မလုပ်ဖူးသေးတော့ ဘယ်လို ကြုံရမလဲဆိုတာ မသိသေးပါဘူး။ နောက်ထပ်လေ့လာဖြစ်ရင် ထပ်ပြီးမျှဝေပေးပါအုံးမယ်။ အားလုံးကျန်းမာကြပါစေ။
ကျုပ်လဲ အဲ့ဒါလေးဖွင့်ထားဖူးတယ် ကိုဟင်က လေပြုတ်ကျ
ကောက်ရေအာင်ဆိုလို့ နောက်တော့ ဖုန်းစတိုး မေလာက်လို့ ဖျက်လိုက်တာ။
ကျမက အခုမှ စမ်းကြည့်တာ ဘထွေး🙂🙂🙂
NFT တွေလုပ်ပြီးရောင်းတော့မယ်နဲ့တူတယ်။ မြန်မာပြည်ဈေးကွက်အနေနဲ့ကတော့။ ခုချိန် on line မှာ အဖေါ်အချွတ် ကောင်းသူ အဆဲသန်သူ နင်ပဲငဆ ပြောတတ်သူ ကျပ်မပြည့်သလို မြန်မာစကားကို မြန်မာတွေ နားမလည်အောင် ပြောနိုင်သူ ,,,,, အဲသလို NFT ဆိုရင်တော့ ဈေးကွက်ပေါက်လိမ့်မယ်ထင်တယ်😀😀😀😀😀
NFTsမှာ တင်ရောင်းနေတာတွေက စျေးတွေသာ ဘယ်လောက်ဘီလီယံဘာညာတန်နေတာ ကျမတော့ အလကားပေးရင်တော့ယူလိုက်မယ် ဝယ်ရမယ်ဆိုရင်တော့ 1 hiveနဲ့တောင် မလဲချင်ဘူး😅😅😅မျောက်ပုံတွေ လျှာထုတ်နေတဲ့ ကာတွန်းရုပ်တွေ 🤣🤣🤣
အမရဲ ကိုယ်ပိုင် NFT ထွက်ရင် Giveaway ပေးပါအုံးနော် !lol
lolztoken.com
ERROR: Joke failed.
@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.
🤣🤣🤣ဟင်းချက်နည်းတွေ NFTs တင်လိုက်မယ် Giveawayအနေနဲ့ ဆိုင်ဖွင့်ရင် ထမင်းအလကားကျွေးမယ်
PIZZA Holders sent $PIZZA tips in this post's comments:
uthantzin tipped suhlaing (x1)
nayhlaingsoe tipped suhlaing (x1)
phyowinkoko.blog tipped suhlaing (x2)
@myanmarkoko(1/5) tipped @suhlaing (x1)
Please vote for pizza.witness!
Yay! 🤗
Your content has been boosted with Ecency Points, by @suhlaing.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more
အဖော်တော့ရပြီ 😂
ဟုတ်တယ် ကစိုး 😊
crad 60 ကျော်ရထားပြီ ရောင်းမထွက်သေးခုထိ နေ့တိုင်းရအောင် အလကားပေးတာတွေယူနေ !LOLZ !LUV !PIZZA
@nayhlaingsoe(1/1) gave you LUV.
H-E tools | connect | <><
lolztoken.com
One eats too long, the other longs to eat.
Credit: reddit
@suhlaing, I sent you an $LOLZ on behalf of @nayhlaingsoe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)
အလကားယူတာ အကောင်းဆုံးပါပဲရှင့် 😊
Ethereum က transaction fees မကြီးဘူးလားဗျ ကျွန်တော်တော့ မတတ်နိုင်လို့ ပစ်ထားတာကြာပြီ
ကဒ်တစ်ခု အရောင်းအဝယ် လုပ်မယ်ဆို transaction fees ကတင် 5 dollar 10 dollar ဆိုတော့ မတတ်နိုင်ဘူး !PIZZA
ဟုတ်မှာပါ ကျမက ဘာမှ မလုပ်ရသေးဘူး😊
လေ့လာထားတာတော့ ကောင်းတယ် လုပ်ချင် လုပ်လို့ရတာပေါ့ !PIZZA
Metamsak ကဖွင့်ဖူးတယ်။
ဘာမှထွေထူး စုဖို့မရှိတာနဲ့ ဝင်မကြည့်ဖြစ်တော့ဘူး။ 😅
!PIZZA
ကြိုက်တာလည်းလည်း မတွေ့တော့ မဝယ်ဖြစ်ပါဘူး ကိုယ်တိုင် ထုတ်မလားလို့ အယ်လယ့်🤑