​ရေလို ​အေးမြသူ - ၁

in HIVE-MYANMAR2 years ago

Hive Myanmar မိသားစုများအားလုံး မင်္ဂလာပါ။ ကျန်းမာကြပါရဲ့လား။ ကိုဗစ် ၁၉​တွေ ပြန်ဖြစ်​နေတဲ့ ကာလမှာ အသွားအလာ အ​နေအထိုင်ဆင်ခြင်ပြီး ကျန်းမာ​ရေးကို ပိုဂရုစိုက်ကြပါ​နော်။

ဒီ​နေ့ ကျွန်မ ​မျှ​ဝေချင်တဲ့ အ​ကြောင်းအရာ​က​တော့ ​ရေလို ​အေးမြတဲ့ လူ​တွေ အ​ကြောင်းဖြစ်ပါတယ်။ ကျွန်မတို့ဟာ ငယ်စဥ်ကာလကတည်းက​နေ ယ​နေ့ အချိန်အထိ လူ​ပေါင်းများစွာနဲ့ ထိ​တွေ့​ပေါင်းသင်းဆက်ဆံခဲ့ကြရပါတယ်။ လူအမျိုးမျိုး စိတ်အ​ထွေ​ထွေဆိုသလို လူ​တွေနဲ့ ​ပေါင်းသင်းရာမှာ စိတ်အ​ခြေအ​နေ အမျိုးမျိုးနဲ့ လူ​တွေကို ကျွန်မတို့ ​တွေ့ကြရပါတယ်။

လူ​တွေရဲ့ စိတ်​တွေက မတူညီကြပါဘူး။ လူ​တွေရဲ့ စိတ်မ​ပြောနဲ့ ကိုယ့်ရဲ့ စိတ် အ​ခြေအ​နေ​တောင် အမြဲ​ပြောင်းလဲ​နေတာ ​တွေ့ရပါတယ်။ လူ​တွေရဲ့ ခံစားချက်ဟာ အ​ကြောင်းအရာ​​ပေါ်မူတည်ပြီး ​ပြောင်းလဲပါတယ်။ လူ​တွေရဲ့ စိတ်ဟာ အချို့​သော အ​ကြောင်းအရာ​တွေအ​ပေါ်မှာ ​ပြောင်းလဲလွယ်သလို အချို့​သော အရာ​တွေ အ​ပေါ်မှာ​တော့ အချိန်နည်းနည်းကြာမှ ​ပြောင်းလဲတက်ပါတယ်။

ဥပမာအားဖြင့် အစားအ​​သောက်တစ်ခု ဆိုပါစို့။ လူ​တွေရဲ့ စိတ်ဟာ မုန့်ဟင်းခါးကို စားချင်စိတ်ရှိတဲ့ အချိန်မှာ စားလိုက်ရပြီးရင် ​ဗိုက်ပြည့်တာနဲ့ စားချင်စိတ်ကုန်သွားပါတယ်။ ​နောက်ရက် ဗိုက်ဆာမှ ဖြစ်ဖြစ် ပြန်စားချင်စိတ် ​ပေါ်ပါလိမ့်မယ်။ ​​နောက်ဥပမာတစ်ခုက မင်းသား မင်းသမီး​တွေကို ကြိုက်နှစ်သက်တယ်ဆိုပါစို့။ ဒီစွဲလန်းမှုက​တော့ လအနည်းငယ် ကြာမှ ​​ပြောင်းလဲသွားတက်ပါတယ်။ တချို့လည်း နှစ်ချီကြာတက်ပါတယ်။

ဆက်ရန်------

Sort:  

Yay! 🤗
Your content has been boosted with Ecency Points, by @suhlaing.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more