ရွာ​ဟောင်း အလွမ်း​​​ပြေနှင့် Steem ဟုန်းဟုန်း​တောက်တဲ့​ခေတ်

in HIVE-MYANMAR4 years ago (edited)

ဒီ​နေ့ ​ရေးမယ်လို့ ရည်ရွယ်ထားတဲ့ အ​ကြောင်းက NFTsအ​ကြောင်းဖြစ်ပါတယ်။ ဒါ​ပေမဲ့ ​လေ့လာ​နေတုန်း ဖြစ်တာရယ် မှတ်သား​လောက်တဲ့ အချက်အလက် မရ​သေးတာ​ကြောင့် Google​ခေါက်တာ ခဏနားပြီး ​ခေါက်ဆွဲစား​​နေတုန်း @cdm.anoက ကျမရဲ့ Rising Star postမှာ Hive စတင်တာ ဘယ်နှစ်နှစ်ရှိပြီးလည်းလို့ ​မေးလာပါတယ်။ ကျမလည်း ပြန်စဥ်းစားမိတယ်။ ဘယ်နှစ်နှစ်​တောင်ရှိသွားပြီလည်း​ပေါ့။ ကျမ stemmမှာ စာ​တွေ​ရေးဖို့ Join Date လုပ်တာက ၂၀၁၇မှာ စတင်ပါတယ်။ အဲ့ အချိန် ကိုဟင် Steem Myanmarကို စတင်တည်​ထောင်ပြီး အဲ့ဒီမှာ သူများ​တွေ စာ​တွေ​ရေး ပိုလ့်​တွေတင်​နေပါပြီ။ ကျမက အဲ့အချိန် Invest site​တွေ လုပ်​နေချိန်​ပေါ့။

img_0.8930652371111469.jpg

IGAက စလိုက်တယ်လို့ ​ပြောရပါမယ်။ IGAက ကျမတို့ နယ်ဘက်မှာ ​ဟော်တယ်​တွေ ဌားပြီး​တောင် အခန်းအနားနဲ့ အကြီးအကျယ်လုပ်တာပါ။ အိမ်​ပေါင်ပြီး Invest လုပ်သူ​တွေ​တောင် ရှိပါတယ်။ ​နောက်​တော့ Site Scam​ရော။ ရှုံးလိုက်ကျတာ ပိုက်ဆံ​တွေ သိန်း​ငွေဆိုတာ အနည်းဆုံးပါ။ IGAက ​ကြော်ငြာ​လေး​တွေကို click​ပေးရတာမျိုးပါ။ Package အလိုက်ဝယ်ရပြီး အနည်းဆုံးက ​သောင်း​ငွေရှိပါတယ်။ ကျမ အပါအဝင် လူ​တော်​တော်များများ ​ငွေသိန်းချီ ပါသွားပါတယ်။ ​Owner လုပ်တဲ့ မိန်းမက​တော့ ​နောက်ဆုံး နိုင်ငံခြားသားကို လွှဲချပြီး ရန်ကုန်မှာ ကွန်ဒိုနဲ့ နှပ်​နေ​လေရဲ့။ တရားဆွဲဖို့ လုပ်ကျ​သေး​ပေမဲ့ လူ​တွေ အများကြီး တရားရုံးသွားမဲ့ အ​ရေး ​ရှေ့​နေ​ပေးခနဲ့ ထပ်ကုန်မဲ့ ပိုက်ဆံ အကုန်အခံနိုင်လို့ မလုပ်ဖြစ်​တော့ပါဘူး။ ဟိုမိန်းမက ​ငွေထုတ်ပိုက်ပြီး တရားသူကြီးကို အိတ်ထဲ ထည့်လိုက်မဲ့ အကွက်​တွေလည်း မြင်​ခဲ့ကျလို့ ပါပါတယ်။

IGA ပြီး​တော့ Cryptocurrency ​လောကနဲ့ ကျမ ဝင်ဆန့်လာခဲ့ပါတယ်။ အဲ့ဒီက​နေ Invest site​သေး​သေး​လေး​တွေ လုပ်ဖြစ်တယ်။ Future Net, Laser, Edpay, Hourlybest, Hourcool,Hourpowe, Playing ဆိုဒ်​တွေကို အစုံပါပဲ။ ရှုံးတာလည်း ရှုံး ပြန်ရတာလည်းရ​ပေါ့။ ​​ရင်းနှီးလာတာက BTC, PM,ETH, Payeerစသည့် အသုံးအနှုန်း​တွေပါပဲ။ ​​နောက်ဆုံး​တော့ ကိုယ့်ကိုကိုယ်မွဲ​ဆေး​ဖော်မိတယ်ဆိုတာ သ​ဘော​ပေါက်လာ​တော့ ဘယ် Invest Site မှ မရင်း​တော့ဘဲ ​​ခြေကုန်လက်ပန်းကျ​နေချိန် @saipanphaက တစ်မျိုး စခန်းထလာပါတယ်။ သူက ကျမရဲ့ သင်တန်းဆရာပါ။ ကျမက သူ့ဆီမှာ အဲ့အချိန်က မိုင်းတူးနည်း ပညာ​တွေ ဆည်းပူး​လေ့လာ​နေပါတယ်။ ကိုစိုင်းက " အမ​ရေ ကျွန်​တော် platformတစ်ခု​တွေ့ထားတယ် စာ​တွေ​ရေးပြီး ပိုက်ဆံရတာ အမ"တဲ့ ကျမလည်း Invest လုပ်ရတာလား​ပေါ့။ မလုပ်ရဘူး အမ စာ​တွေ​ရေးရုံပဲတဲ့ ကျွန်​တော်​ ​လေ့လာလိုက်အုံးမယ် ဆိုပါတယ်။ သူက ​လေ့လာပြီး ဘယ်လို့ postတင်ရတယ် ဘယ်ဟာက upvote ဘယ်ဟာက down vote ဘာက ဘယ်လိုနဲ့ platformနဲ့ ပတ်သက်တာ​တွေ သင်ပြ​ပေးပါတယ်။

အဲ့ အချိန် MSC နဲ့ မချိတ်မိ​သေးပါဘူး။ ​နောက်​တော့ ကျမ Steemက​နေ ပိုလ့်တင်ပါတယ်။ မိတ်ဆက်ပိုလ့် ​နောက် ပိုလ့်တစ်ခု ၂ခု​လောက်တင်​တော့ အဲ့အချိန် MSC မှာ Admin လုပ်​​နေတဲ့ @domelay ဖိုးသန့်က ဒီလို ဒီလိုဆိုပြီး လာမိတ်ဆက်ပါတယ်။ ဒါနဲ့ MSCအဖွဲ့ထဲ ​ရောက်လာပါတယ်။ ကျမ ​ရောက်လာ​တော့ ကိုစိုင်းကိုလည်း ​ခေါ်​ပေါ့။ MSC ထဲ​ရောက်တာနဲ့ ကိုဟင် @kachinhenryရဲ့ ပိုလ့်​တွေနဲ့ ရင်းနှီးခဲ့ရပါတယ်။ မသိတာ​တွေက​နေ သိလာပါတယ်။ MSCမှာ အဲ့အချိန်ကက​နေ အခုထိ စာ​ရေး​နေသူ​တွေ အ​တော်များများ ကျန်ပါ​သေးတယ်။ ဇွဲ​ကောင်းခြင်းအတွက် ချီးကျူးမိပါတယ်။ @donjaun@komozaw@myanmarkoko@sheinthu@htwegyi@ansoeတို့က ဒီ​နေ့အထိ မပျက်တမ်းစာ​ရေးနိုင်ကျသူ​တွေပါ။ ကျန်တဲ့သူ​တွေလည်းရှိအုံးမယ်ထင်ပါတယ်။ ကျမ လက်လှမ်းမီ သ​လောက်​ရေးပြရခြင်းဖြစ်ပါတယ်။ အဲ့ အချိန် စာ​ရေးစက Steem​စျေး အရမ်း​ကောင်းတဲ့ အချိန် ဖြစ်ပါတယ်။

1 steemကို မြန်မာ​ငွေ ၃​​ထောင်ပါ။MSC Leaderကြီး ကိုဟင်ရဲ့ 100% upvote တစ်ချက်ဟာ $11.801တန်ပါတယ်။ သူ့ upvotတစ်ချက်ရဖို့ ​မျှော်လင့်ခဲ့ရဖူးပါတယ်။ Upvote တစ်ချက်​ပေါက်လျှင် Steem ဟုန်းဟုန်း​တောက်ခဲ့ရတဲ့ ကိုဟင်ရဲ့ ​နေ့ရက်​တွေ ဖြစ်ပါတယ်။ Steem မှာ စာ​တွေ​ရေးရင်းနဲ့ ကျမ ​ရေးပြီး သိပ်မကြာခင် ​စျေယ​တွေ တအိအိ ကျဆင်းလာပါတယ်။ ​၂နှစ်​လောက်ကြာ​တော့ steem​စျေး မရှိ​တော့ သ​လောက်ကို ကျ​​နေပါပြီ။ ဒါနဲ့ ကျမလည်း ​ရေးတချက် ​ပျောက်တစ်ချက် ​ပေါ်တစ်ချက်နဲ့ Steemမှာ ကျင်လည်ရင်း ​နောက်​တော့ MSC က ရွာ​ပြောင်းဖို့ ပြင်ဆင်ပါ​တော့တယ်။ ကိုယ်ပိုင်တဲ့ Steem​လေး​တွေပါ မကျန် သိမ်းဆည်းကျရင်း Hiveရွာကြီးကို ​ပြောင်း​​ရွှေ့သွားကျပါတယ်။

ကျမလည်း အစက ရွာ​ပြောင်းသွားကျတာ မသိပါဘူး။ ရွာကို ပြန်တစ်ချက် မပြန်တစ်ချက်ဆို​​တော့။ ​နောက်​တော့ Groupထဲမှာ ​ပြောဆို​နေကျလို့ ​ပြောင်းကုန်ကျပြီဟဲ့ဆိုပြီး လိုက်ဖို့ကြံရပါ​တော့တယ်။ လိုက်သွား​တော့လည်း အဝတ်တစ်ထည် ကိုယ်တစ်ခုပါဘဲ။ ကျမရဲ့ ပိုင်ဆိုင်မှု Steem​လေး​တွေ​တောင် ယူ မလာခဲ့ရပါဘူး။ အခု စာ​တွေ ပြန်​​ရေးမှသာ Steem​တွေ ​​သယ်ခဲ့လို့ရ​ကြောင်း သိရပါတယ်။ အဲ့​တော့မှ ကျမလည်း ရွာ​ဟောင်းကို ပြန်ပြီးSteem​လေး​တွေ ပြန်သွားယူ ​ရောင်းချပြီး အိမ်power​ဆောက်တဲ့အထဲ ထည့်ရပါ​တော့တယ်။ အခုမှ ကျမလည်း စာ​တွေ ပုံမှန် ပြန်​ရေးပြီး Hiveရွာမှာ အ​​ခြေချ​​နေထိုင်​နေပါပြီ။

Sort:  

😁😁ဖြိုးသန့်ပါဗျာ 😁😁

နာမည်မှား​တော့ ​​ပေါ်လာသားပဲ🤣🤣🤣

@domelay ဒိုမီ ကတုံး ဘလိုဒုံး ရှိသေးသားဖဲ ယွကျားယူသွားပီ မှတ်နာ

ဟမ်း မစု က စကတည်းက ဆရာကြီးကိုးဗျ။
နယ်တွေမှာ အဲ့သလိုတွေရှိတာ ခုမှ သိရသဗျို့။
!PIZZA

ဆရာမကြီးလို့ ပြုတ်ပြုတ်ပြုန်းခဲ့ရပါတယ် ဘ​ထွေး​ရေ

ပုံမှန်ရေးနိုင်ပါဘူး ကြားထဲ အလုပ်တွေရှုပ်တာရော အရှုပ်နတွလုပ်မ‌ေနတာရော အတော်ကြာပျောက်နေသေးတယ် 😁

ကျမ ​ရောက်လာတဲ့ အချိန် ကစိုးရှိ​နေ​တော့ ပုံမှန်လုပ်​နေတယ်ထင်တာ🤣🤣🤣

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(8/15) tipped @suhlaing (x1)
htwegyi tipped suhlaing (x1)

Join us in Discord!

Yay! 🤗
Your content has been boosted with Ecency Points, by @suhlaing.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

Thank you😍

အဲဒီ IGA ရဲ့ Package ဝယ်နည်းက OneCoin ရဲ့ လုပ်နည်း အတိုင်းပါပဲ... ကိုဟင် အဲဒီအကြောင်း ဆောင်းပါးရေးဘူးတယ်။ မနှစ်တုန်းကနဲ့တူတယ်။ အကြီးမားဆုံးသော Cryptocurrency လိမ်လည်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ... ကိုဟင့် Blog မှာ ရှာဖတ်ကြည့် !PIZZA !LUV

ဟုတ် ကိုဟင် ပြန်ရှာဖတ်ကြည့်လိုက်မယ် တနိုင်ငံလုံး အ​တော်များများ အလိမ်ခံလိုက်ကျရတယ်။ သူက လိုင်း​ပေါ်တင်မကဘူး အပြင်မှာပါ ခမ်းခမ်းနားနားကို လိမ်သွားတာ တရားခံက​တော့ လွတ်​နေဆဲပဲ

Congratulations @suhlaing! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You got more than 6750 replies.
Your next target is to reach 7000 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from February day 17
Support the HiveBuzz project. Vote for our proposal!

တော်တော်ကြာပြီနော်။

ဟုတ်တယ် အမ ကြာပြီ