ရာမည မှာ ရွာတဲ့ မိုးနဲ့အတူ

in HIVE-MYANMAR3 years ago

ဒီနေ့က မွန်ပြည်နယ်မှာ မိုးဆက်တိုက်ရွာ တာ ၃ ရက်မြောက်နေ့ပါ။

IMG_20210605_201834.jpg

ပုံမှန် မိုးရာသီဆိုရင်ပဲ မွန်ပြည်နယ်က မိုးများလေ့ရှိသလို တစ်ခါရွာရင် ၄ ရက် ၅ ရက် အထိ ရွာတက်ပါတယ်။ ရာသီဥတုကတော့ အတော် အေးအေးလေးနဲ့ ချမ်းစိမ့်စိိမ့်လေး ။ ယမကာ လုလင် စကားနဲ့ ပြောရရင် အားကစားသမား အကြိုက် ရာသီဥတု ဆိုတာမျိုးပေါ့။ဒီလောက်ဆို ဘာဆက်ဖြစ်လာမလည်း ပြောစရာ မလိုလောက်🤣

မနက်ထဲက မဆုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်း ကို ဖုန်းဆက်ခေါ်ပြီး လူစုထားတယ် ။ လူစုံရင် သောက်ကြမယ် စကားတွေ ပြောရင်း သူ့အကြောင်း ကိုယ့်အကြောင်း ဟိုဘက်အိမ်က ကောင်မလေး ဆံပင်ကောက်လိုက်တဲ့ အကြောင်း အစ နိုင်ငံရေး စီးပွားရေး အလုံးစုံ သန်ရာသန်ရာ ငြင်းခုံ ပြောဆိုပြီး မအလ ကို ထိုင်ဆဲတာနဲ့ ဝိုင်းသိမ်းနေကြ။ ဒီအတွက် ညနေစောစောထဲက ကြိုတင်ပြင်ဆင်ထားပါတယ်။

IMG_20210608_172909.jpg

ရှယ်ယာ နဲ့ စုစပ် ဝယ်ထားတဲ့ Vodka နစ်လုံးရယ် ၊ ငါးကင်လေးရရ် ၊ ကြက်ကင် နဲ့ စပျစ်သီး ပန်းသီး ဖရဲသီး နည်းနည်း ရယ် ဒီလောက်ပါပဲ။ အဖွဲ့မှာ စားတဲ့ သူက နည်းနည်း စကားများတဲ့ သူတွေပဲဆိုတော့ လုံလောက်မှာပါ 😅မိန်းကလေးလည်း ပါမယ်ဆိုတော့ အသီးတွေ အခွံနွာ မထူမပါးလေး လှီးပြီး ရေခဲပုံးထဲထည့် ကော့တေး လုပ်မယ်ဗျ။

အဲအတွက် Vodka & Sprite ကို ရောစပ်ပြီး ရေခဲနည်းနည်းနဲ့ အအေးခံထားပြီးသား ပုံးထဲ အသီးအနှံတွေထည့် ရောသမ မွှေ ထားရတယ်။ လူစုံ အဆင်သင့်ဖြစ်တာနဲ့ Vodka က အသီးတွေထဲ စိမ့်ဝင်ပြီးသားဖြစ်နေရအောင်ပေါ့။ အဲဒါ ချိုချို မွှေးမွှေးလေးကိုမှ မိုးအေးအေးနဲ့ ..........

ချစ်ခင်လေးစားစွာဖြင့်

Sort:  

စစ်ဘေးရှောင်တွေဆီ မိုးမကြမ်းပါစေနဲ့။
ကိုယ်တွေဆီ များများရွာပေးပါ။
!PIZZA

Connect

Trade


@thannaingsoe! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Learn more about $PIZZA Token at hive.pizza (5/10)

အဲဒါတော့အမှန်ဗျ မိုးပါရွာရင် ဟိုမှာ အတော် ကရိကထ များမှာ

ကောင်းတယ်ဗျာ။
တခါတလေတော့လည်း စိတ်ထွက်ပေါက်ရတာပေါ့...

!PIZZA

Connect

Trade


@thannaingsoe! I sent you a slice of $PIZZA on behalf of @myanmarkoko.

Learn more about $PIZZA Token at hive.pizza (5/20)

Congratulations @thannaingsoe! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You received more than 100 upvotes.
Your next target is to reach 200 upvotes.
You made more than 50 comments.
Your next target is to reach 100 comments.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Feedback from the June 1st Hive Power Up Day

အရေးတော်ပုံအောင်တဲ့နေ့ ရာမညမြေ အလည်လာချင်သေး။