မင်္ဂလာရှိသော မနက်ခင်းပါ ဒီနေ့အတွက် မနက်စာကို တောင်ကြီးမြီးရှည်လေး လုပ်စားဖြစ်ပါတယ် ။ မြီးရှည်လို့ပြောလိုက်ရင် မန်းလေးမြီးရှည်ကို ပြေးမြင်ကြမယ်ထင်ပါတယ် ။ အိမ်ကဦးလေး ပြောနေကျ စကားတစ်ခွန်းရှိပါသေးတယ် ။ တောင်ကြီးမြီးရှည်ဆိုရင် ပါဝင်ပစ္စည်းဖြစ်တဲ့ ကြက်သားပြုတ်နဲ့ အသုံးပြုတဲ့ အသုံးပြုတဲ့ ဆော့စ် က အရေးအကြီးဆုံးပါပဲတဲ့ ။ ဟုတ်ပါတယ် ဒီ ပါဝင်ပစ္စည်းနှစ်ခုမကောင်းရင် တောင်ကြီး မြီးရှည် စစ်စစ်မရနိုင်ပါဘူး ။
အသုံးပြုတဲ့ခေါက်ဆွဲကလဲ တရုတ်မြီးရှည်ကိုပဲ အသုံးပြုရပါတယ် ။ နန်းကြီးသုပ်တွေမှာ အသုံးပြုတဲ့ မြီးရှည်ဟာ ကြာကြာပြုတ်ရတာရယ် ပြုတ်တဲ့ချိန် အနံ့ထွက်တဲ့ အတွက် သုံးလို့တော့ ရပေမဲ့ မသုံးကြတာများပါတယ် ။ မြီးရှည်ကို ရေနွေးပူပူထဲ ခေတ္တခန ပြုတ်ပြီးပါက ဆယ်ယူကာ ဇကာဖြစ်စေ အဆင်ပြေရာအိုးခွက်ထဲဖြစ်စေ ထားထားရပါတယ် ။
အိမ်မှာတော့ ပန်းကန်လုံးတွေက တန်းစီထားပီး ပြုတ်ပြီးသားမြီးရှည်ကို ညီတူညီမျှအရင်ခွဲရပါတယ် ။ အိမ်မာလူကများတော့ မလောက်မငှဖြစ်မှာ စိုးတဲ့အတွက်ပါ ။ မြီးရှည်ကို ပန်းကန်လုံးထဲ အစီအရီ ထည့်ပြီးရင်တော့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ ထည့်ရမာပါ ။
အရင်ဆုံး ကြက်သွန်နီဆီချက် နဲ့ ပဲငံပြာရည်ကို ထည့်ပါတယ် ။ ရှမ်းခေါက်ဆွဲ ရေစိမ်ခေါက်ဆွဲ မှာထည့်တဲ့ ကြက်သားခရမ်းချဉ်သီးအနှစ်ကို လုံးဝအသုံးပြုလို့မရပါ ။ ဒီတစ်ခုတော့ သတိပြုရပါမယ်နော် ။ မြီးရှည်မှာတော့ သေချာလေးနူးအောင်ပေါင်းထားတဲ့ကြက်သားကို အသားနွှာပြီး ပြင်ဆင်ထားရပါတယ် ။ သေချာနွှာထားတဲ့ ကြက်သားမွက ထည့်ရမယ့် ပါဝင်ပစ္စည်း နံပါတ်သုံးပါ ။
နောက်တစ်ခုကတော့ ဆော့စ်ပါ ။ ဆော့စ်ကို tomato sauce တို့ chili sauce တို့ သုံးလို့မရပါဘူးရှင့် ။ မြန်မာ ငရုတ်ဆီ ကိုသာ အသုံးပြုမာပါ ။ အိမ်မာတော့ ကျေးနှစ်ကောင် ငရုတ်စီကို သုံးပါတယ် ။
ငရုတ်စီ ထဲ့ပြီးရင် မြေပဲထောင်း၊ ပါးပါးလေးလှီးထားတဲ့ ဂျင်း၊ နံနံပင်၊ ကြက်သွန်မြိတ် ၊ ဆား ၊ ချိုမှုန့် စတဲ့ ပါဝင်ပစ္စည်းတွေကို ထဲ့ပါတယ် ။ အစပ်ကြိုက်ရင် ငရုတ်သီးဆီချက် အနည်းငယ် ထဲ့ပြီး နောက်ဆုံး ငရုတ်ကောင်းလေး ဖြူးလိုက်ရင် စားကောင်းတဲ့ တောင်ကြီးမြီးရှည် လေးရပါပြီ ။
သေချာလေးရောသမအောင် မွှေပြီး အခါးရည်ပူပူလေးတစ်ခွက်နဲ့ ဇိမ်ကျကျ စားပါ ။ အိမ်မာတော့ ဝက်ခေါက်ကြော်၊ ငရုတ်သီးချဉ်၊ တရုတ် ကြက်သွန်ချဉ်နဲ့ တွဲစားပါတယ် ။
အိမ်မှာ ခေါက်ဆွဲတွေလုပ်စားရင် အမြဲတမ်း ဝက်ခေါက်ကြော်ကို လူအရေအတွက်နဲ့ ဝယ်ပါတယ် ။ တစ်ယောက်ကိုတစ်ထုတ်နှုန်း နဲ့ စားမဲ့ မနက်မှာ ဈေးသွားပြီး ဝယ်ပါတယ် ။ ဝက်ခေါက်ကြော်ထုတ်လေးတွေက ဆီဂျီးနံ့ နံလွယ်ပြီးကြာကြာအထားမခံလို့ပါ ။ စျေးနဲ့အိမ်နဲ့လဲ နီးတဲ့အတွက် သွားရလာရ အချိန်မကြာလို့ပါ ။
တောင်ကြီးမြီးရှည်လေးကို စားဖူးကြမယ်လို့ မျှော်လင့်ပါတယ် ။ တောင်ကြီးကို လာလည်ဖြစ်ခဲ့ရင် နာမည်ကြီး တောင်ခြေမြီးရှည်နဲ့ဖက်ထုပ်ကြော် ဆိုင်မာ တောင်ကြီးမြီးရှည်ကို မြည်းစမ်း ကြည့်နိုင်ပါတယ် ။ တောင်ကြီးရောက်ဖြစ်ရင် မဖြစ်မနေ မနက်စာလေးအနေနဲ့ စားသွားဖို့ အကြံပြုလိုက်ပါတယ်နော် ။ ဝက်သားစားတဲ့ သူတွေအတွက် တောင်ခြေမြီးရှည်ဆိုင်လေးကို ညွှန်းပေးလိုက်ပါတယ်ရှင့် ။
သာယာတဲ့နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေ ။
အစား ပို့တွေကတော့ရှယ်ပဲ ဗိုက်ဆာအောင်ခဏခဏ လုပ် 😁😁
ဟယ်ဟယ် စားပါဦး !PIZZA
မြီးရှည် ကြိုက်တယ်
!LUV
ဟုတ် မြီးရှည်က စားလို့ကောင်းတယ်ရှင့် !PIZZA
မြီးရှည်ထက် မန္တလေး နန်းကြီးသုပ်ကို ပိုကြိုက်တယ်ကွယ်။
နန်းကြီးသုပ်လဲ ကြိုက်တယ်ရှင့် !PIZZA
တောင်ကြီးရောက်ပေမယ့် မစားဖြစ်ခဲ့ဘူး။ ခုပုံထဲကမြှီးရှည်ကတော့ စားချင်စရာပါ။
နောက်တစ်ခါလာလည်ရင် ဝင်စားပါဦးရှင့် !PIZZA
နန်းကြီးသုပ် လိုပဲကော... တောင်ကြီး ကိုတော့ တခေါက်လောက် ရောက်အောင် သွားအုံးမှပါ။ !PIZZA. !LOL
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 8 times per day.
Level up by buying more $LOLZ so you can share more jokes per day!
ဟုတ် ရောက်အောင်လာခဲ့ပါရှင့်
PIZZA Holders sent $PIZZA tips in this post's comments:
viviankay00 tipped ong.aye.myat.mon (x1)
viviankay00 tipped htwegyi (x1)
donjaun tipped viviankay00 (x1)
kachinhenry tipped viviankay00 (x1)
viviankay00 tipped tin.aung.soe (x1)
@viviankay00(3/5) tipped @nweoomon (x1)
Learn more at https://hive.pizza.
အော်... သွားရည်ကျရပြန်ပြီ
!PIZZA
အားနာနာနဲ့ ထပ်တင်ဦးမယ် ဆရာရေ 😁😁
Wow „ ခုတောင်မန်းလေးမြီးရှည်စားနေ
မန်းလေးမြီးရှည်လဲ ကြိုက်တယ်ရှင့် ကော်ရှည်လေးနဲ့ စားတောင် စားချင်လာပြီ 😁
Dear @viviankay00,
The current HiveBuzz proposal will expire in a few days.
Do you mind supporting our proposal for 2022 so our team can continue its work next year?
You can do it on Peakd, ecency, or using HiveSigner.
https://peakd.com/me/proposals/199
Thank you. We wish you a Happy New Year!