My Son's Preschool Graduation Ceremony

in HIVE-MYANMAR4 months ago

ဒီမနက် သားကြီး ဝဠာဟိန်း မူကြိုကျောင်းဆင်းပွဲ၌ ကျောင်းသားမိဘများကိုယ်စား တက်ရောက်စကားပြောခဲ့တာကို မျှဝေပေးလိုက်ပါတယ်။

ကြွရောက်လာကြ‌သော World Vision အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖဦးဆောင်နာယကများ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ဧည့်သည်တော်များကို မင်္ဂလာပါ ဟု နှုတ်ခွန်းဆက်လိုက်ပါတယ်။

ကျွန်တော်ကတော့ Golden Future မူကြို၏ ကျောင်းသားမိဘတဦး ဖြစ်သော မြင်းသည်ရွာမှာ နေထိုင်သည့် ဆရာဦးတင်အောင်စိုး ပါ။
မနေ့က ဆရာမ ဒေါ်ခိုင်ဇင်ဦး မှ ကျောင်းသားမိဘများ ကိုယ်စား စကားပြောပေးရန် တောင်းဆိုထားသောကြောင့် ယခု ဒီမှာ တက်ရောက်ကာ စကားပြောရခြင်း ဖြစ်ပါတယ်။

ကျောင်းသားမိဘများ ကိုယ်စား ဆိုပေမယ့် အခြားသော ကျောင်းသားမိဘတွေနှင့် ဆွေးနွေးတိုင်ပင်ထားတာလည်း မရှိတော့ ကျေးဇူးတင်စကားပဲ ပြောရပါမယ်။
ကျောင်းနေအရွယ် ရောက်တော့မည့် ကလေးမိဘ တဦး အ‌နေဖြင့် မိမိ၏ သားသမီး ကို ဘယ်ကျောင်းသို့ ထားရမလဲ စဉ်းစားရခက်ခဲ့ပါတယ်။
လွန်ခဲ့သောနှစ်က သားကို မူကြိုထားချင်သောအခါ ရေဂမိုး မြင်းသည်ကျေးရွာတို့၌ မည်မည်ရရ မူကြိုကျောင်းလည်း မရှိတော့ အခက်တွေ့နေခဲ့ပါတယ်။
တံတားဦးမြို့၌ ရှိသော မူကြိုကျောင်းများကို ထားရန် စိတ်ကူးသောအခါ၌လည်း အပို့အကြိုလုပ်ရန် ဝန်တာလေးနေခဲ့မိပါတယ်။
ထိုသို့သော အနေအထားမျိုးမှာ World Vision မှ အထောက်အပံ့ပြု၍ ရေကမိုးကျေးရွာ၌ မူကြိုကျောင်းဖွင့်မည်ဆိုသောအကြောင်းကို သိရသောအခါ ဝမ်းသာခဲ့ရပါတယ်။
ဒါနဲ့ပဲ သားကို ဒီ ရွှေရောင်အနာဂတ် မူကြိုကို ထားပေးခဲ့နိုင်ပါတယ်။

ဒါကြောင့် World Vision အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖဦးဆောင်နာယကများ နှင့် ဆရာမများကို ကျေးဇူးအထူးတင်ရှိကြောင်း လေးနက်စွာ ပြောကြားလိုက်ပါတယ်။

ပညာရေးမှာ အခြေခံမူလတန်းသည် အရေးကြီးဆုံးဟု ခံယူထားပါတယ်။
ငယ်ရွယ်စဉ်မှာ အခြေခံကောင်းကောင်းပါခဲ့မှသာ အတန်းကြီးလာသော် ပညာ‌ကို ကောင်းမွန်စွာ သင်ယူ ကျွမ်းကျင်နိုင်ပါလိမ့်မည်။
တကယ်တော့ မူကြိုပညာရေးသည် ကလေးငယ်များကို စာဖက် စာရေး တတ်ဖို့ထက် ကျောင်းနေပျော်သည့်အလေ့အကျင့်ရအောင် လုပ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။
မူကြိုကျောင်းမှာ ကလေးငယ်ကို မိဘ မပါဘဲနဲ့ သူ၏တာဝန်ကို သူယူတတ်အောင်၊ ကလေးအချင်းချင်း ပေါင်းသင်းဆက်ဆံရေးတတ်အောင်၊ အခြေခံသိမြင်ရမည့် အကြောင်းအရာတွေကို ပြောဆိုတတ်အောင်သာလျှင် အဓိက သွန်သင်ပြတတ်ဖို့ အရေးကြီးပါတယ်။
အခြေခံသိမြင်ရမည့်အကြောင်းအရာများအတွက် သင်ထောက်ကူပစ္စည်းများ အသုံးပြုကာ သင်ပေးနိုင်လျှင် ကလေးငယ်များသည် ကျောင်းနေပျော်၍ စာတွေ နားလည်လာပါလိမ့်မည်။

ဒီမှာ ပြောချင်တာက သင်ထောက်ကူပစ္စည်းများသည် ဈေးနှုန်းမြင့်မားကြပါတယ်။
အချို့ကတော့ ခိုင်မာမှုရှိကြပြီး တစ်နှစ်စာ အများသုံး အသုံးပြုလို့ရပါမယ်။
အချို့ကတော့ ပျက်စီးတတ်သောအရာတွေ ရှိတတ်တာကြောင့် ကလေးငယ် ၂၀ ကျော် အတွက် လုံလောက်ဖို့မှာ ငွေကုန်ကြေးကျများနိုင်ပါတယ်။
သို့ဖြစ်၍ ဆရာမတို့အနေဖြင့် သင်ထောက်ကူပစ္စည်းမျိုးစုံကို ဝယ်ယူထားပေးဖို့ မလွယ်ကူပါဘူး။
ဒီတော့ လာမည့်နှစ်အတွက် မူကြိုထားကြမည့် ကျောင်းသားမိဘများ အ‌နေ ဖြင့်လည်း ကိုယ့်သားသမီး အတွက် သဘောထားကာ သင်ထောက်ကူရန်ပုံငွေတစ်ရပ် ထူထောင်စေချင်ပါတယ် ဟု ပြောကြားရင်း ကျွန်တော်၏ စကားကို အဆုံးသတ်လိုက်ပါရစေ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

သားကြီး၏ ကျောင်းဆင်းပွဲ အမှတ်တရပုံများကို ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

Sort:  

Congratulations 👏
!LUV
!HUG

@walarhein, @golden.future(2/10) sent you LUV. | tools | discord | community | HiveWiki | <>< daily

"Every day may not be good, but there is something good in every day."

If you'd like to suggest a quote to be included in the LUVshares reply, go here.
Made with LUV by crrdlx

အိတ်ခ်ျအိုင်ကျူ‌ဗုတ်က လာပေးတဲ့အခါပေး။
မပေးတဲ့အခါလည်းမပေးဘူးဗျို့။
!LOLZ
!MEME

What do you call a witch's garage?
A broom closet.

Credit: reddit
@walarhein, I sent you an $LOLZ on behalf of htwegyi

(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ

သူတို့သဘောပေါ့

သားကြီး ပညာတတ်ကြီး ဖြစ်ပီး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝ ရရှိပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...
!LUV. !MEME. !HUG

@walarhein, @chanmin(3/4) sent you LUV. | tools | discord | community | HiveWiki | <>< daily

"The greatest strength is a loving spirit."

If you'd like to suggest a quote to be included in the LUVshares reply, go here.
Made with LUV by crrdlx

ကျေးဇူးပါ