Hello everyone, have a nice day.
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
It has been 100 years since Mandalay University opened. In 100 years, it has produced many graduates. This can be called history. The history of Mandalay University. The 100th anniversary celebration was also held in a grand manner. While going to Mandalay on business, I accidentally entered the 100th anniversary celebration of Mandalay University. It was already past 12 noon when I arrived, so the sun was scorching hot. So there were only a few people. I saw people of all ages who had graduated from Mandalay University looking fresh and lively. Some had gray hair, some had broken teeth, and some were still young, but what they all had in common was their vitality. They also performed with singing and dancing instruments, and there were quizzes. They held teacher competitions according to major subjects, and there were also shops selling goods. The scene was fun and exciting. People of all ages seemed to be returning to their student lives. Yes, I also studied at Mandalay University.
မန္တလေးတက္ကသိုလ်ဖွင့်လှစ်ခဲ့တာ နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီ။ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ဘွဲ့ရလူငယ်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့မှာပါ။ ဒါက သမိုင်းတစ်ခုလို့ခေါ်ရမယ်ထင်တယ်။ မန္တလေးတက္ကသိုလ်ရဲ့ သမိုင်းပေါ့။ နှစ် ၁၀၀ ပြည့်အခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာနဲ့ကျင်းပခဲ့ပါတယ်။ မန္တလေးမြို့ကို အလုပ်ကိစ္စနဲ့သွားရင်း အမှတ်မထင် မန္တက္ကသိုလ်ရဲ့ နှစ် ၁၀၀ ပြည့်အခမ်းအနားကို ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော်ရောက်သွားတဲ့အချိန်က နေ့လည် ၁၂ နာရီကျော်ပြီဖြစ်တဲ့အတွက် နေပူချိန်ပြင်းနေပါတယ်။ ဒါကြောင့် လူအနည်းငယ်လောက်ပဲရှိပါတယ်။ မန္တလေးတက္ကသိုလ်မှာ ပညာသင်ကြားပြီး ဘွဲ့ရသွားကြတဲ့ အသက်အရွယ်စုံ လူတွေကို လန်းဆန်းတက်ကြွနေတာကို မြင်ခဲ့ရပါတယ်။ အချို့က ဆံပင်တွေဖြူ တချို့က သွားကျိုး တချို့လည်း ငယ်ရွယ်သေးတဲ့အရွယ် စသဖြင့်ကွဲပြားနေပေမယ့် သူတို့အားလုံးတူညီနေတာကတော့ တက်ကြွလန်းဆန်းနေမှုပါပဲ။ အဆို အက အတီးတွေနဲ့လည်း ဖျော်ဖြေကြသလို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွေလည်းပါတယ်။ မေဂျာဘာသာရပ်အလိုက် ဆရာကန်တော့ပွဲတွေပြုလုပ်ကြသလို ဈေးဆိုင်တွေလည်းရောင်းနေကြတယ်။ မြင်ကွင်းကပျော်စရာ ကြည်နူးစရာပါပဲ။ အသက်အရွယ်စုံ လူအားလုံးက ကျောင်းသားဘဝကို ပြန်ရောက်နေသလိုထင်ရတယ်။ ဟုတ်ကဲ့ ကျွန်တော်လည်း မန္တလေးတက္ကသိုလ်တက်ရောက် ပညာသင်ကြားခဲ့ပါတယ်ဗျာ။
The photo below is the contestant photo for this week's Around The World Challenge #22/6.
အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #22/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -