ဖုန်းStorage အလိုအလျောက်ပြည့်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

in Ecency7 months ago

ကျနော်တို့ရဲ့ ဖုန်းတွေမှာ Photo, Video, Musicတွေ အများကြီး ထည့်ထားတာမဟုတ်ဘဲနဲ့ ဖုန်းရဲ့ Memoryက ပြည့်နေတာမျိုးတော့ လူတိုင်းကြုံဖူးကြမှာပါ၊
Appတွေလဲ အများကြီးသုံးတာမဟုတ်ဘဲနဲ့ကို ဖုန်းရဲ့ Memoryက အလိုလိုပြည့်နေတာပါ
သူမကိုသတိရတဲ့ ကျနော့်စိတ်တွေလိုပေါ့ဗျာ 😂😂
ထိန်းချုပ်လို့မရဘဲ အမြဲတမ်းတိုးတိုးလာတယ်တို့ ဘာတို့ပေါ့။
ဟုတ်ပါတယ်
သင်လဲ ဖုန်းထဲမှာ Dataတွေအများကြီးမထည့်ထားဘဲနဲ့ Storageက ဘာလို့ပြည့်နေတာလဲဆိုတော့
အကြောင်းပြက ဒီလိုပါဗျ
ကျနော်တို့ အသုံးပြုနေတဲ့ Appတွေမှာ လိုအပ်တဲ့ Data တွေကြောင့်လဲ ဖုန်းရဲ့ Storageက ပြည့်တတ်ပါတယ်
ဥပမာပြောရရင် PUBGတို့ Mobile Legendတို့လိုဂိမ်းတွေမှာ Dataတွေအများကြီး Downloadလုပ်ရလို့ ပြည့်တဲ့သဘောဗျ။
အသုံးပြုတဲ့appအရေတွက်ကလဲ နည်းတယ် ဓာတ်ပုံ ဗွီဒီယို သီချင်းတွေကလဲ နည်းတယ်ဆိုရင်တော့ Appတွေရဲ့ Cache Data တွေကြောင့်ပါ
Cache Dataဆိုတာ ဘာလဲ?
Cache Dataဆိုတာက ကျနော်တို့ မကြာခဏအသုံးပြုကြတဲ့ Appတွေကို လျင်မြန်စွာ ဝင်ရောက်သုံးစွဲလို့ရအောင်လို့ ယာယီသိမ်းဆည်းပေးထားတဲ့ ယာယီဖိုင် ပုံစံမျိုးပါပဲ၊ အသေးစိတ်ပြောရမယ်ဆိုရင်တော့
ကျနော်တို့က Appတွေထဲကိုဝင်မယ် Internetဖွင့်ကြည့်မယ် အဲလိုအခါ‌တွေမှာ ကျနော်တို့ဝင်သုံးစွဲအချိန်ကျရင် အချက်လက်တွေကို မြန်ဆန်စွာပြသနိုင်အောင်လို့ ယာယီသိမ်းဆည်းထားတဲ့ အချက်လက်တွေပါ၊
Cacheဖိုင်ထဲမှာဆိုရင် ပုံတွေ ဝက်ဘ်ဆိုဒ်အချက်လက်တွေနဲ့ တခြားသော ဖိုင်အမျိုးစားများလဲ ပါဝင်ပါတယ်၊ Cacheဖိုင်တွေကြောင့် ဆော့ဝဲတွေထဲဝင်တာ အသုံးပြုရတာတွေ မြန်ဆန်ပေါ့ပါးနေတယ်ဆိုပေမဲ့
အချိန်တွေကြာလာတာနဲ့အမျှ Cache ဖိုင်တွေက စုပုံလာပြီးတော့ ဖုန်းရဲ့Storageမှာ နေရာယူတာတွေ များလာပါတယ်၊ အဲအခါကျတော့ ကျနော်တို့တွေက Appတွေရဲ့ Cache ဖိုင်တွေကို အလျင်သင့်တိုင်း ရှင်းလင်းပေးသင့်ပါတယ် အဲခါကျမှသာ ကျနော်တို့ဖုန်းရဲ့ Storageမှာ နေရာလွတ်တွေရလာပြီးတော့ ဖုန်းStorageပြည့်တာတွေကို ကာကွယ်ပေးနိုင်ပြီး ကျနော်တို့ရဲ့ဖုန်းတွေကို သွက်လက်ပေါ့ပါးစေမှာပါ။
တခြားနည်းလမ်းတွေလဲရှိပါသေးတယ်
ဖုန်းထဲက မလိုအပ်တဲ့ Appတွေကို ဖျက်ပစ်တာ
ဓာတ်ပုံတွေ ဗွီဒီယိုတွေကို ဖျက်ပေးတာ။
ဖိုင်ဆိုဒ်ကြီးတဲ့ ဖိုင်တွေကို ဖျက်ပေးတာ။ (မဖျက်ချင်ရင် မန်မိုရီကဒ်(ဒါမှမဟုတ်) Cloudတစ်ခုခုထဲ ရွှေ့ပြောင်းတာ လုပ်လို့ရပါတယ်)
ဖုန်းကို ခဏခဏ စက်ရှင်းပေးတာမျိုးနဲ့လဲ ဖုန်းမန်မိုရိ ခဏခဏပြည့်တဲ့ ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်မှာပါဗျ။
စာနဲ့ မရှင်းတဲ့သူတွေအတွက် ကျနော် Videoဖိုင်နဲ့လဲ သေချာရှင်းပြ လုပ်ပြထားပေးပါမယ်ဗျ

Mini Boss Mobile- Aye Tharyar

09774505997