My Cleanplanet activities for Super Sunday. (3-3-2024)

in CLEAN PLANET2 months ago

I am every Sunday
Garbage from around the house
Collected.
Today (3-3-2024) is Sunday
Eighteenth garbage collection
is.

ကျွန်တော်သည် တနင်္ဂနွေနေ့တိုင်း
အိမ်အနီးပတ်ဝန်းကျင်မှ အမှိုက်များကို
ကောက်ယူပါသည်။
ယနေ့ (3-3-2024) တနင်္ဂနွေနေ့သည်
ဆယ့်‌‌ရှစ်ကြိမ်မြောက် အမှိုက်ကောက်ယူခြင်း
ဖြစ်သည်။

မတ်လထဲသို့ရောက်ရှိလာသည်။ နွေရာသီ၏
အစနိဒါန်းလ ဟုဆိုပေမည်။ အပူကို အစ
ပျိုးချေသည်။ နွေဦးရာသီဟုလည်း
ခေါ်ဆိုကြသည်။ နွေဦး သည်က အမည်လှသည်။
သို့သော် အမည်နှင့်လိုက်အောင် မြန်မာပြည်သူ
တို့၏ အသည်းနှလုံးများကို ပူလောင်စေခဲ့သည်။

ရာသီပူမှာ တိုက်ခတ်သည့် လေသည်ပင် လေပူများ
ဖြစ်သွားတတ်သည်။ နွေရာသီမှာ အေးမြခြင်း
အတွက် အရိပ်လိုသည်။ ကျွန်တော့်ခြံရှေ့မှာ
သစ်ပင်များ စိုက်ထားသည်။ သုံးနှစ်အတွင်း
စိုက်ပျိုးထားသော အပင်များက ယခုနှစ်နွေ
အတွက် အပူဒဏ်ကို အနည်းငယ် ကာကွယ်
ပေးသည်။

နွေနေပူကို ကာကွယ်ရန် အိမ်ရှေ့ရှိ အပင်များက
လူတရပ်ကျော်ခန့်ရှိပေသည်။ ထိုကြောင့် လမ်းသွား
လမ်းလာများက ထိုသစ်ပင်လေးများအောက်သို့
အပူဒဏ်ကာကွယ်ရန် ခဏအနားယူကြသည်။
အနားယူရင် အချိုရည်၊ ကွမ်းနှင့် မုန့်အချို့စားသုံး
ကြသည်။ သူတို့စားသုံးပြီး၍ အိတ်အခွံများကို
စွန့်ပစ်သွားကြသည်။

ထိုစွန့်ပစ်သွားသည့် အိတ်အခွံ၊ ဗူးအခွံများကို ကျွန်တော်ကောက်ယူသည်။ ယနေ့ တနင်္ဂနွေနေ့အတွက် ထိုသစ်ပင်များဖြစ်သည့် သပြေဘူတ၊ တမာပင်၊ ဗာဒံပင်နှင့် ပိတောက်ပင်များအောက်မှ အမှိုက်များကို ကောက်ယူ၍ အမှိုက်ပုံးမှာ သွားရောက်ပစ်ခဲ့ပါ‌သည်။

@htwegyi
March 3, 2024

Sort:  

!PIZZA
!HUG

Dear @htwegyi, you just got hugged.
I sent 1.0 HUG on behalf of @walarhein.
(1/3)

PIZZA!

$PIZZA slices delivered:
@walarhein(2/10) tipped @htwegyi

တကယ် ကောင်းတယ်ဗျို့။
ချီးကျူးပါတယ်ဗျ။
!pizza

မနေတတ်တော့ဘူးဗျ 😀

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻


You must be killin' it out here!
@hiq.smartbot just slapped you with 1.000 PIMP, @htwegyi.
You earned 1.000 PIMP for the strong hand.
They're getting a workout and slapped 1/1 possible people today.

pimp_logo


Read about some PIMP Shit or Look for the PIMP District

နေပူထဲ အပူရှပ်အုံးမယ်နော်