My Cleanplanet activities for Super Sunday. (17-3-2024)

in CLEAN PLANETlast month

I am every Sunday
Garbage from around the house
Collected.
Today (17-3-2024) is Sunday
Twentieth garbage collection
is.

ကျွန်တော်သည် တနင်္ဂနွေနေ့တိုင်း
အိမ်အနီးပတ်ဝန်းကျင်မှ အမှိုက်များကို
ကောက်ယူပါသည်။
ယနေ့ (17-3-2024) တနင်္ဂနွေနေ့သည်
အကြိမ်နှစ်ဆယ်မြောက် အမှိုက်ကောက်ယူခြင်း
ဖြစ်သည်။

အကြိမ်နှစ်ဆယ်ဆိုသည်ကား သီတင်းပတ်
နှစ်ဆယ်ပတ်ပင် ရှိခဲ့ပေသည်။ တနေ့တခါ
မဟုတ်သော်လည်း တပတ်တခါသည်ပင်
အချိန်ကြာလာသည့်အခါ အပတ်ရေ များပြားလာသည်။

ကျွန်တော်ကောက်ယူခဲ့သည့် အမှိုက်များမှာ
တခါသုံးပလပ်စတစ်အိတ်များက ပို၍များသည်။
ယခုအပတ်မှာလည်း ထိုတခါသုံးပလပ်စတစ်
အိတ်များပင် ကောက်ယူရပြန်သည်။

ယခုအခါ နွေရာသီရောက်ပေတော့မည်။
နွေလေရူး အဝှေ့မှာ ရွက်ဝါတို့ တလွင့်လွင့်
တဖြုတ်ဖြုတ်ကြွေကာ လေတိုက်ရာသို့ လွင့်
ပါသွားသည်။ ထိုကဲ့သို့ပင် တခါသုံးပလပ်စတစ်အိတ်
များသည်လည်း သစ်ရွက်တို့နှင့် အပြိုင်
လေနှင်ရာ ရွက်လွှင့်ကြပေအုံးမည်။

တခါသုံးပလပ်စတစ်အိတ်များ လေမှာလွင့်သည်ကို
တွေးကြည့်၊ မြင်‌ယောင်ကြည့်သည်ပင်
စိတ်ပျက်ဖွယ်ဖြစ်သည်။ အဲ့ သို့ပေသိ
ကလေး အတွေးနှင့် မြင်ကြည့်ပါမူ
ပလပ်စတစ်အိတ်များ လေထဲ ဝဲနေသည်ကို
မြင်ရတာ ပျော်စရာကောင်းပေမည်။

ကလေးအချို့သည် ပလပ်စတစ်အိတ်များကို
ကြိုးဖြင့်ချည်၍ စွန်လွှတ်သလို လွှတ်ကြသည်။
ကလေးတို့ဘဝ ထိုအရာကလည်း ပျော်စရာ
ကောင်းနေပေမည်။ ကိုယ်တွေသာ ထို
တခါသုံးပလပ်စတစ်အိတ်များဖြင့် အလုပ်ရှုပ်နေသည်။
ကိုယ့်ကရှုပ်သော်လည်း ကလေး
အချို့အတွက်တော့ ပျော်စရာဖြစ်နေ
ပေသည်။

@htwegyi
March 17, 2024

Sort:  

!LUV
!HUG

Dear @htwegyi, you just got hugged.
I sent 1.0 HUG on behalf of @golden.future.
(1/3)

htwegyi, golden.future sent you LUV. 🙂 (1/10) tools | trade | connect | daily

Made with LUV by crrdlx.

!pizza

!luv

htwegyi, walarhein sent you LUV. 🙂 (2/10) tools | trade | connect | daily

Made with LUV by crrdlx.

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !WEED from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

@htwegyi!

@hiq.smartbot passed you the virtual joint!
If you do not want to receive these comments, please reply with !STOP