Change Password And Recovery Account For Your Hive Account Safety

Hello Everyone...

I want to share about Recovery Account And Password key Changing for your account safety in HIVE.

I knowed about this from the post of @engrave yesterday.

You can learn clearly about Changing Recovery Account for your HIVE Account from below link;

https://hive.blog/witness-update/@engrave/review-your-recovery-account-if-you-dont-want-to-lose-your-assets

I changed my Password , all key and Recovery Account yesterday.

I also warn you to change your Password and Recovery Account to be good security.

Special thanks @engrave

မင်္ဂလာပါ

မနေ့က Recovery Account Change ဖို့ လိုအပ်ကြောင်း
ရေးတင်ထားတဲ့ Post တစ်ခုကို ဖတ်ရပြီး မိမိ၏ Account
လုံခြုံစိတ်ချရစေရန် Password and Recovery Account ကို ပြောင်းလဲခဲ့ပါတယ်။

Steemit မှ Hive သို့ ပြောင်းလာခဲ့ကြသည် ဖြစ်ရာ
ယခင် Steemit key များဖြင့် အသုံးပြုနေလျှင် Steemit
၏ ဗဟိုချုပ်ကိုမှု စနစ်ကြောင့် မိမိတို့ ပိုင်ဆိုင်မှုတွေဟာ
Justin အပေါ် မူတည်နေတာမျိုး ဖြစ်နိုင်သလို
မိမိ၏ ပေါ့ဆမှုကြောင့်လည်း ခိုးယူခံရနိုင်ခြေများ ရှိတတ်ပါတယ်။
သို့ဖြစ်၍ Hive platform ပေါ်ဝယ် လျှောက်လှမ်းနေသူများ
အဖို့ Key အသစ်များ သို့မဟုတ် Recovery Account
အသစ် ပြောင်းထားနိုင်မှ ပိုမိုစိတ်ချရမှာပါ။
ထို့ကြောင့် ကျွန်တော်ကတော့ Key and Recovery Account ပြောင်းလဲလိုက်ပါပြီ။

ပြောင်းလဲသင့်ကြောင်းနှင့်ပြောင်းလဲပုံကို အောက်ပါလင့်ကို
ဖတ်ရှုလေ့လာနိုင်ပါတယ်။
https://hive.blog/witness-update/@engrave/review-your-recovery-account-if-you-dont-want-to-lose-your-assets

Password Change တာနဲ့ ပတ်သက်လို့တော့
မိတ်ဆွေတို့ သိပြီးသား ဖြစ်မှာမို့ မပြောပြတော့ပါဘူး။

Recovery account change ပုံလေးကိုတော့
မျှဝေပေးလိုက်ပါမယ်။

ပထမဦးစွာ Peakd ထဲသို့ ဝင်ပြီး မိမိတို့၏ Profile မှ
Action menu ... အစက်လေး သုံးစက်ကို နှိပ်လိုက်ပါ။
ထို့နောက် Key & Permission ကိုနှိပ်ပါ။
၎င်းမှ Private Owner Key ကို ယူပါ။

Screenshot_2020_0406_154551.jpg

ထို့နောက် Key & Permission ထဲအောက်မှ
Recovery Account ကို နှိပ်ပါ။
ထိုအခါ မိတ်ဆွေတို့၏ Recovery Account မှာ @steem
ဖြစ်နေနိုင်ပါသည်။
ပြောင်းလဲမည် ဆိုပါက Change Recovery Account
ကို နှိပ်ပါ။

Screenshot_2020_0406_154739.png

New Recovery Account ပေါ်လာပါလိမ့်မည်။
၎င်း၏ New Recovery Account နေရာ အပေါ်တန်း၌
မိမိတို့ ထည့်ထားလိုသော သို့မဟုတ် ယုံကြည်စိတ်ချရသူ၏
Account name ကို ရိုက်ထည့်ပါ။
အောက်တန်း၌ ခုဏက ကူးယူထားသော Private Owner Key
ကို ထည့်ပါ။
ပြီးနောက် Confirm နှိပ်ပါ။

ဒါဆိုရင် မိမိတို့၏ Recovery Account name အသစ်
ပြောင်းလဲသွားပါလိမ့်မည်။ ၎င်းအမည်အား မှတ်သားထားရန်
လိုပါလိမ့်မည်။

မရှင်းလင်းတာများ ရှိပါက Comment Or Chat နိုင်ပါသည်။

မိတ်ဆွေများ Hive platform ပေါ်မှာ အဆင်ပြေ လုံခြုံကြပါစေ။

@golden.future
Myanmar HIVE Community

Sort:  

အမှန်က Recovery အကောင့်တခုအပိုထားခိုင်းတဲ့ အဆင့်ပဲလို့ထင်ပါတယ်။ အကောင့်ကို ဘယ်လို Recovery လုပ်ရမယ် ဖေါ်ပြမထားတော့ မလုပ်တတ်သူတွေအတွက် Key တွေ ပျောက်သွားနိုင်တယ်။တကယ်ဆိုရင် Steemit က Justin ရဲ့ လက်ထဲ ရောက်သွားပြီဆိုတာနဲ့ သူလုပ်ချင်သလို တွေ အကုန် လျှောက်လုပ်တော့ ကိုယ်တွေရဲ့ Steemit အကောင့်က စိတ်မချရတော့ဘူး။ Steemit က နေ ဒါရိုက် Key နဲ့ ဝင်ရတဲ့ Hive ကလည်း စိတ်မချရတော့ဘူး ဖြစ်ကုန်တာ။ အမှန်က esteem ကနေ အကောင့် အသစ် ဖွင့်ယူတာက ပို စိတ်ချရမယ်။ ဒါပေမယ့် ကိုယ့် Data အဟောင်းတွေကတော့ ပျောက်သွားမှာပေါ့။ ဘာပဲ ဖြစ်ဖြစ် အခုဟာက Data အဟောင်းတွေရှိနေသေးတော့....

အဓိကတော့ မိမိ Password and key တွေကို social မှာ မှားမချမိဖို့ပါပဲ။

အဲ့တော့ ကျွန်တော်တို့ recovery လုပ်ထားရမလားဗျ။

လုပ်တတ် လုပ်ထားနိုင်ရင် ပိုစိတ်ချရတာပေါ့ဗျာ